What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တကၠဆီေပၚမွာ ဖက္ရွင္ေၾကာ္ျငာ

Zaw+Uni 

တကၠဆီေပၚမွာ ဖက္ရွင္ေၾကာ္ျငာ

ၾသစတီးယားႏုိင္ငံမွာ ေမြးဖြားခဲ့တဲ့ ဖက္ရွင္လုပ္ငန္းရွင္ ဒီဇုိင္းသမား ဟဲလ္မတ္လန္းက

သူ႔ brand ကုိ အေမရိကန္ႏုိင္ငံ နယူးေယာက္ၿမိဳ႕မွာ ၁၉၉၈ ခုႏွစ္တုန္းက ေၾကာ္ျငာခဲ့တယ္။ နယူးေယာက္က ႏုိင္ငံတကာ ဖက္ရွင္လုပ္ငန္းရဲ႕ အေရးပါတဲံ အထင္ကရၿမိဳ႕ေတာ္တစ္ခု ျဖစ္တာမုိ႔ ယခုလုိ လာေၾကာ္ျငာခဲ့တာ ျဖစ္ပါတယ္။ သူေၾကာ္ျငာပုံက ဆန္းတယ္။ ၿမိဳ႕ေတာ္မွာ ေျပးဆြဲေနတဲ့ တကၠဆီေတြရဲ႕ ေခါင္းမုိးေပၚမွာ တင္တဲ့ ေၾကာ္ျငာဆုိင္းဘုတ္ငယ္ေတြမွာ သူ႔ brand ကုိ ေၾကာ္ျငာခဲ့တာ ျဖစ္ပါတယ္။ ဖက္ရွင္လုပ္ငန္းေတြဟာ တခမ္းတနား ေၾကာ္ျငာၿပီး ဂုဏ္ျမင့္ေအာင္ ျမႇင့္တင္ၾကတယ္။ ဟဲလ္မတ္လန္းက အခုလုိ ေၾကာ္ျငာလုိက္တာမုိ႔ တကၠဆီေတြမွာ ပထမဆုံး ဖက္ရွင္ေၾကာ္ျငာ သုံးစြဲတဲ့ ဖက္ရွင္ဒီဇုိင္းနာလုိ႔ မွတ္တမ္းတင္ခံရပါတယ္။
အခု တစ္ေက်ာ့ျပန္၀င္တယ္။ ဟဲလ္မတ္လန္းက တကၠဆီေၾကာ္ျငာကုိ ျပန္သုံးတယ္။ နယူးေယာက္ၿမိဳ႕ေတာ္ တကၠဆီအမုိးေပၚမွာ တင္တဲ့ ေၾကာ္ျငာဆုိင္းဘုတ္ငယ္ေတြနဲ႔ brand ကုိ ယခင္တစ္ႀကိမ္ကလုိပဲ ျပန္ေၾကာ္ျငာတယ္။ တကၠဆီ ၂၇၅ စီးျဖင့္ ေၾကာ္ျငာတယ္။
တစ္ၿပိဳင္တည္းမွာပဲ အေပၚပုိင္းအ၀တ္အစား သုံးမ်ဳိးကုိ စတင္ျဖန္႔ခ်ိတယ္။ ကန္ေဒၚလာ ၂၁၀ ျဖင့္ လက္လီေရာင္းတဲ့ ဆြယ္တာႏွစ္မ်ဳိးနဲ႔ ကန္ေဒၚလာ ၁၂၅ ျဖင့္ လက္လီေရာင္းတဲ့ တီရွပ္တုိ႔ ျဖစ္ပါတယ္။ ဆြယ္တာက အမည္းအေမွာင္ျဖင့္ တစ္မ်ဳိး၊ အ၀ါေတာက္ေတာက္ျဖင့္တစ္မ်ဳိးေရာင္းခ်ပါတယ္။
ေမာ္ဒယ္အမ်ဳိးသမီးေတြနဲ႔ ဓာတ္ပုံစီစဥ္တာမွာ အေပၚပုိင္းမွာ သူ႔ရဲ႕ ဖက္ရွင္ထည္ကုိ ၀တ္ဆင္ရၿပီး ေအာက္ပုိင္းမွာေတာ့ အတြင္းခံကုိသာ ၀တ္ေစပါတယ္။ သူျပခ်င္တာ သူ႔ဖက္ရွင္ထည္ ျဖစ္တာမုိ႔ တျခားဖက္ရွင္ထည္ ေအာက္ပုိင္းမွာ ေပး၀တ္ရင္ အာ႐ုံလြဲကုန္မွာစုိးလုိ႔ျဖစ္မယ္လုိ႔ သုံးသပ္ၾကပါတယ္။
ဒါေပမဲ့ ....

helmut lang taxi collection closer look editorial 1

 

 

helmutlangtaxicab

helmut lang taxi collection closer look editorial 2

 

helmut taxi

 

 

Uni

တက္ကဆီပေါ်မှာ ဖက်ရှင်ကြော်ငြာ

သြစတီးယားနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဖက်ရှင်လုပ်ငန်းရှင် ဒီဇိုင်းသမား ဟဲလ်မတ်လန်းက သူ့ brand ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ၁၉၉၈ ခုနှစ်တုန်းက ကြော်ငြာခဲ့တယ်။ နယူးယောက်က နိုင်ငံတကာ ဖက်ရှင်လုပ်ငန်းရဲ့ အရေးပါတဲံ အထင်ကရမြို့တော်တစ်ခု ဖြစ်တာမို့ ယခုလို လာကြော်ငြာခဲ့တာ ဖြစ်ပါတယ်။ သူကြော်ငြာပုံက ဆန်းတယ်။ မြို့တော်မှာ ပြေးဆွဲနေတဲ့ တက္ကဆီတွေရဲ့ ခေါင်းမိုးပေါ်မှာ တင်တဲ့ ကြော်ငြာဆိုင်းဘုတ်ငယ်တွေမှာ သူ့ brand ကို ကြော်ငြာခဲ့တာ ဖြစ်ပါတယ်။ ဖက်ရှင်လုပ်ငန်းတွေဟာ တခမ်းတနား ကြော်ငြာပြီး ဂုဏ်မြင့်အောင် မြှင့်တင်ကြတယ်။ ဟဲလ်မတ်လန်းက အခုလို ကြော်ငြာလိုက်တာမို့ တက္ကဆီတွေမှာ ပထမဆုံး ဖက်ရှင်ကြော်ငြာ သုံးစွဲတဲ့ ဖက်ရှင်ဒီဇိုင်းနာလို့ မှတ်တမ်းတင်ခံရပါတယ်။
အခု တစ်ကျော့ပြန်ဝင်တယ်။ ဟဲလ်မတ်လန်းက တက္ကဆီကြော်ငြာကို ပြန်သုံးတယ်။ နယူးယောက်မြို့တော် တက္ကဆီအမိုးပေါ်မှာ တင်တဲ့ ကြော်ငြာဆိုင်းဘုတ်ငယ်တွေနဲ့ brand ကို ယခင်တစ်ကြိမ်ကလိုပဲ ပြန်ကြော်ငြာတယ်။ တက္ကဆီ ၂၇၅ စီးဖြင့် ကြော်ငြာတယ်။
တစ်ပြိုင်တည်းမှာပဲ အပေါ်ပိုင်းအဝတ်အစား သုံးမျိုးကို စတင်ဖြန့်ချိတယ်။ ကန်ဒေါ်လာ ၂၁၀ ဖြင့် လက်လီရောင်းတဲ့ ဆွယ်တာနှစ်မျိုးနဲ့ ကန်ဒေါ်လာ ၁၂၅ ဖြင့် လက်လီရောင်းတဲ့ တီရှပ်တို့ ဖြစ်ပါတယ်။ ဆွယ်တာက အမည်းအမှောင်ဖြင့် တစ်မျိုး၊ အဝါတောက်တောက်ဖြင့်တစ်မျိုးရောင်းချပါတယ်။
မော်ဒယ်အမျိုးသမီးတွေနဲ့ ဓာတ်ပုံစီစဉ်တာမှာ အပေါ်ပိုင်းမှာ သူ့ရဲ့ ဖက်ရှင်ထည်ကို ဝတ်ဆင်ရပြီး အောက်ပိုင်းမှာတော့ အတွင်းခံကိုသာ ဝတ်စေပါတယ်။ သူပြချင်တာ သူ့ဖက်ရှင်ထည် ဖြစ်တာမို့ တခြားဖက်ရှင်ထည် အောက်ပိုင်းမှာ ပေးဝတ်ရင် အာရုံလွဲကုန်မှာစိုးလို့ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။
ဒါပေမဲ့ ....

 

Read 947 times
Rate this item
(0 votes)
Tagged under