မိုးရာသီအတွက်ရော ထသွားထလာ အတွက်ပါ အလွယ်ဆုံးဖက်ရှင်ကို ပြောပြပါရစေ။
ချစ်တို့ဆီမှာ tee လေးတွေ၊ တီရှပ်လေးတွေ၊ ဂျင်းဘောင်းဘီတွေ ရှိတယ်ဟုတ်။
ဒါတွေကို ကွင်းထိုးဖိနပ်လေးနဲ့ အလွယ်ဆုံးတွဲဖက် ဝတ်ဆင်ကြည့်လိုက်ပါ။
အထာကျပြီး အဆင်ပြေသွားမှာ သေချာတယ်။
ဖိနပ်တစ်ရံရှိရင်ကို ဘောင်းဘီရှည်ကို အောက်နားခေါက်ဝတ်မလား။ အတိုနဲ့တွဲမလား။
ဟောအပေါ်ကရော tee လေးတွေဝတ်မလား၊ မိန်းကလေးဆန်ဆန် ဘလောက်စ်လေးတွေ၊ crop top၊ ဒါမှမဟုတ် Off shoulder တွေနဲ့ တွဲဝတ်ဦးမလား ကွင်းထိုးဖိနပ်လေးတွေက အဆင်ပြေတယ်ဆိုတာကိုယုံ။
မယုံရင်တော့ အောက်က အတွဲအစပ်လေးတွေကို ကြည့်လိုက်ပါတော့လို့။