What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆောင်းရာသီရဲ့ဟော့အဖြစ်ဆုံး အနီရောင်

AW17 (Autumn/ Winter 2017) ရဲ့ Runway တွေနဲ့ လမ်းမထက်က Street Style တွေမှာပါ အနီရောင်တွေနဲ့ ပြည့်နှက်နေပါတယ်။ ရဲရင့်ခြင်းဆိုတဲ့ အသွင်ကို ဆောင်တဲ့ အနီရောင်က သင့်ရဲ့ပျင်းရိဖွယ်ကောင်းတဲ့ဆောင်းရာသီ နေ့ရက်တွေကို တောက်ပစေမှာပါ။ သင့်ရဲ့အကြိုက်ဆုံးအရောင် ဒါမှမဟုတ် အခုမှ စပြီး ဝတ်ဖို့ကြိုးစားမယ့်အရောင် ဆိုရင်တောင် နီညိုရောင်က စလို့ အနီရဲ ရဲအထိ ရဲရဲကြီးသာ ဝတ်ပစ်ပါ။ ဒါဆိုရင် သင်ဟာ အတောက်ပဆုံးဖြစ်နေမှာ အမှန်ပါပဲ။ အနီရောင်နဲ့ပတ်သက်ပြီး ဖက်ရှင်ကျအောင် ဘယ်လိုရွေးချယ် ဝတ်ဆင်ရမယ်ဆိုတာကို ကြည့်လိုက်ပါ ဦး။

-Denim နဲ့တွဲဖက်ပြီး ချစ်စရာ ကောင်းတဲ့အသွင် ဖန်တီးမယ်

ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ Day Trip လေးထွက်မယ်၊ ဒါမှမဟုတ် နီးနီး နားနား ဓာတ်ပုံရိုက်ရင်း မုန့်စားကြမယ် ဆိုရင် သင့်ရဲ့ Denim ဖက်ရှင်မှာ အနီရောင်ထည့်ပြီး ပျော်ရွှင်ဖွယ်အသွင် ဖန်တီးလိုက်ပါ။ Mom's Jeans လား၊ Skinny Jeans လား၊ Short Jeans လား သင်နဲ့အလိုက်ဖက်ဆုံး ဖြစ်တဲ့အရာ တစ်ခုခုနဲ့တွဲဖက်ပေါ့။ အနီရောင် Jumper တစ်ထည်ကို အောက်က Skinny Jeans နဲ့ဝတ်တာဖြစ်ဖြစ်၊ တီရှပ်အနီရောင်လေးကို ဘောင်းဘီတိုနဲ့ တွဲဖက်တာပဲဖြစ်ဖြစ် သမားရိုးကျထဲက သင့်ဖက်ရှင်ဟာ ထင်းနေမှာ သေချာပါ တယ်။

-အနီရောင်အပေါ်ထပ်လေးနဲ့ ဆွဲ ဆောင်မှုရှိတဲ့အသွင် လုပ်မယ်

ဆောင်းတွင်းထဲလည်း ရောက်ပြီ ဆိုတော့ အနီရောင် ဆွယ်တာ၊ ဂျက် ကက်၊ Bomber Jacket စတာတွေက လည်း မရှိမဖြစ်ပါပဲ။ အပေါ်မှာ ပြောပြထားသလို Denim နဲ့တွဲပြီး လူငယ်ဆန်ဆန်အသွင်လည်း ရနိုင်သလို အလုပ်တက်တဲ့အခါ Style Pants တို့၊ စကတ်တို့နဲ့ တွဲဝတ်ခြင်းက လုပ်ငန်းခွင် မှာ စိတ်လှုပ်ရှားဖွယ်အသွင်ကို ရရှိစေမှာ ပါ။ ခါးပတ်အနက်၊ ကျားသစ်ကွက်ပါတဲ့ ဖက်ရှင်ပစ္စည်းတစ်ခုခုနဲ့ တွဲဖက်မယ် ဆိုရင်တော့ သင့်လောက် ဘယ်သူက ဆွဲဆောင်မှုရှိနိုင်ဦးမှာလဲ။

-အနီရောင် Accessories တွေနဲ့ ခပ်လန်းလန်း ရှိုးထုတ်မယ်

Accessories ဆို လူတိုင်းက အရောင်ငြိမ်တွေကို ရွေးချယ်တတ်ကြပါ တယ်။ ဒါပေမယ့် အရောင်ငြိမ်ဝတ်စုံ တွေမှာ တောက်ပတဲ့အနီရောင်ကို အိတ်၊ ဖိနပ်၊ ဦးထုပ်တွေကို အချိုးမျှမျှတတ သုံးပြီး အလန်းဆုံးကောင်မလေးအသွင် ကို ဖန်တီးကြမယ်။ အပေါ်မှာ ပြောပြ ထားတဲ့အတိုင်း အနီရောင်ကို ဝတ်ရမှာ မဝံ့မရဲဖြစ်နေတယ်ဆိုရင်တောင် ဗခခန်သမငန် အနေနဲ့ အနီရောင်ကို ရွေးချယ်သင့်တယ်နော်။ ဒီနှစ်ဆောင်း တွင်းကို ပျင်းပျင်းရိရိကြီး ကုန်ဆုံးမယ့် အစား အနီရောင်လေးနဲ့ ဖြတ်သန်းဖို့ တိုက်တွန်းလိုက်ပါတယ်။

source:now

Read 1113 times
Rate this item
(0 votes)