What's new

×

Warning

JUser: :_load: Unable to load user with ID: 845


jean jacket ဖက်ရှင်

 jean jacket ဖက်ရှင်အကြောင်းလေး ရေးပေးလိုက်ပါတယ်နော်။

ပျိုမေတော်တော်များများဆီမှာတော့ Jean Jacket လေးတွေ တစ်ထည်မဟုတ် တစ်ထည်ရှိတတ်ကြပါတယ်။ သူက ဆောင်းတွင်းမှ မဟုတ်ပဲ မိုးတွင်းအတွက်လည်း အဆင်ပြေပြေ ၀တ်ဆင်နိုင်တဲ့အပြင် တစ်ထည်၊ နှစ်ထည်လောက်ရှိရင်ကိုပဲ သူ့ကို ဒီဇိုင်းအမျိုးမျိုးရအောင် ပုံစံပြောင်းတွဲစပ်ဝတ်ဆင်နိုင်တယ်လေ။ ခုလည်း ချစ်တို့ဆီမှာရှိတဲ့ jean jacket လေးတွေကို ဘယ်လိုပုံစံအမျိုးမျိုးရအောင် တွဲစပ်နိုင်တယ်ဆိုတာပြောပြပေးချင်တာပါ။

၁။ ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ပါ။
ကိုယ့်ဆီမှာရှိတဲ့ jean jacket က အရမ်းပွပွကြီးမဟုတ်တဲ့ ဒီဇိုင်းမျိုးဆိုရင် ရှေ့ကြယ်သီးတွေ အပြည့်တပ်ပြီး ၀တ်နိုင်ပါတယ်။ ဒါကို ပိုထူးခြားသွားအောင် ဒူးလောက်ရှိတဲ့ စကတ်အကားလေးတွေ၊ အဲ့ဒီ့ထက်ပိုရှည်တဲ့ စကတ်မျိုးတွေအပြင် dress တစ်ခုခုပေါ်မှာလည်း ကြယ်သီးတပ်ပြီး ထပ်ဝတ်နိုင်ပါတယ်။ ဒါလေးက အမြင်ဆန်းပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေးပေါ့။

၂။လည်ပင်းအထောင် ဒါမှမဟုတ် လည်ပင်းအရှုပ်ဒီဇိုင်းပါတဲ့ ဘလောက်စ်အကျီတစ်ထည်ပေါ်မှာ ထပ်ဝတ်ပါ။ 
သူများနဲ့မတူတဲ့ jean jacket ဖက်ရှင်မျိုး လိုချင်တယ်ဆိုရင်တော့ သူနဲ့တွဲဖက်ဝတ်ဆင်မယ့် အကျီ ဒီဇိုင်းကို နည်းနည်းအသားပေး ရွေးရပါလိမ့်မယ်။ ခုပြောပြမယ့် ဒီဇိုင်းကတော့ ခုနောက်ပိုင်း ခေတ်စားတဲ့ လည်ပင်းအရှုပ်၊ ဒါမှမဟုတ် လည်ပင်းကို bow ပုံစံပြန်ချည်ဝတ်ရတဲ့ ဘလောက်စ်ပေါ် jean jacket ကိုထပ်ဝတ်ရမှာပါ။ လည်ပင်းထောင်တဲ့ အကျီမျိုးဆိုရင်လည်း ရပါတယ်။ နောက်ဆုံးစဉ်းစားလို့မရတော့ဘူးဆိုရင်တော့ ဘလောက်အကျီတစ်ထည်ကိုဝတ် အဲ့ဒီအပေါ် jean jacket ထပ်ဝတ်ပြီး လည်ပင်းမှာ ကတ္တီပါသား chocker ခပ်ကြီးကြီးဆင်မြန်းလိုက်ရုံပါပဲ။

၃။ Jean on Jean ဖက်ရှင်ကလည်း အထာကျတာပါပဲ။
ဒီဖက်ရှင်လေးကတော့ ဘယ်တော့မှရိုးမသွားမယ့် ဒီဇိုင်းလေးပေါ့။ jean jacket နဲ့ဘောင်းဘီကိုလည်း jean ဘောင်းဘီပဲရွေးပြီး jean on jean ဖက်ရှင်လေး ဆင်မြန်းကြည့်လိုက်ပါ။ သူများနဲ့မတူ တမူထူးခြားနေပါလိမ့်မယ်။

၎။long coat တွေ၊ hoodie တွေ၊ flannel တွေနဲ့ တွဲဝတ်နိုင်ပါသေးတယ်။
ကိုယ်က သိပ်အေးတဲ့နေရာဒေသကို ခရီးထွက်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် တီရှပ် ဒါမှမဟုတ် ဘလောက်တစ်ခုခုပေါ် jean jacket ကို ၀တ်ပြီး long coat တစ်ထည်ကောက်စွပ်သွားလို့ အဆင်ပြေသလို ခုန အတွဲအစပ်အတိုင်းပဲ တီရှပ်၊ graphic tee တစ်ထည်ထည်ပေါ် flannel လေးထပ်ဝတ်ပြီး အဲ့ဒီအပေါ်ကမှ jean jacket ထပ်ဝတ်ရင်လည်း အဆင်ပြေပါတယ်။ နောက်ဆုံး ပုံစံတစ်ခုကတော့ ခေါင်းစွပ် hoodie ပေါ်က jacket ထပ်ဝတ်ပြီး jean jacket ပေါ်မှာ hoodie ခေါင်းစွပ်လေး ထုတ်ဝတ်တဲ့ ဒီဇိုင်းပါ။

၅။ jean jacket ပေါ်မှာ ကိုယ်ကြိုက်တဲ့ စတစ်ကာတွေ PINS ၊ PATCHE တွေနဲ့ အလှဆင်ဝတ်ပါ။
ကိုယ့်ရဲ့ jean jacket က သိပ်ရှင်းနေလို့ ခပ်မိုက်မိုက်လေး ဖြစ်သွားအောင် ပြင်ဆင်ချင်တယ်ဆိုရင် စတစ်ကာတွေ ကပ်တာ၊ ချုပ်တာတွေအပြင် patch တွေ ကပ်ဝတ်တာမျိုးကလည်း အထာကျတာပါပဲ။ နောက်ဆုံး အလုပ်ရှုပ်မခံချင်ရင် ဒီဇိုင်းမျိုးစုံပါတဲ့ တွယ်ချိတ်ဒီဇိုင်းလေးတွေ ချိတ်ဝတ်လိုက်ပါ။ မိုက်မှမိုက်ပါပဲနော်။

ခုပြောပြသွားတဲ့အချက်တွေကတော့ အခြေခံအားဖြင့်တွဲစပ်နိုင်တဲ့ အချက် (၅) ချက်ပါနော်။ ချစ်တို့ အိုင်ဒီယာရှိရင်ရှိသလို စကတ်၊ ဂါဝန် စတာတွေနဲ့လည်း တွဲစပ်နိုင်ပါသေးတယ်။ အောက်ကပုံလေးတွေ တစ်ချက်ကြည့်လိုက်ပါ။ ပြီးတာနဲ့ ဗီရိုထဲက jean jacket တွေဆွဲထုတ်ပြီးဒီဆောင်းမကုန်ခင်လေး အထာကျအောင် ၀တ်ဆင်လိုက်ပါဦးဗျို့။

Read 962 times
Rate this item
(0 votes)