What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ပဲ ဖြစ်ဖြစ်၊ စတိုင်ကျကျဝတ်စုံလေး နဲ့ပဲ ဖြစ်ဖြစ် ပွဲတိုးပြီး လိုက်ဖက်မဲ့ trendiest တံဆိပ်အိတ်လေး

မြန်မာယဉ်ကျေးမှု ရှေးမြန်မာမူဟန် နှင့် လှပအောင် သေသပ်စွာချုပ်လုပ်ထားတဲအိတ်လေးတွေကို ထုတ်လုပ်ရောင်းချတဲ့trendiest ဆိုင်မှ Shoulder Bag လေးတွေဟာCotton အထူသားနဲ့ ချုပ်လုပ်ထားတာ ဖြစ်လို့ အကြမ်းခံမှုကတော့ ပြောစရာမလိုအောင် ကြံခိုင်တယ်။Cotton အထူးသားရဲ့ အောက်မှာ မိုးကာပါတဲ့အတွက် တော်ရုံရေစိုတာလောက်စိတ်ပူစရာမရှိတဲ့ trendiest အိတ်လေးတွေအကြောင်းမေးမြန်းထားပါတယ်။

-Trendiest စတင်ထုတ်လုပ်ဖြစ်ပုံ။

ကျွန်တော်တို့အဖွဲ့က 2015 ကနေ 2016 နှစ်ကုန်ပိုင်းအထိ နာမည်ကြီး အင်္ကျီတွေနဲ့ ဂျင်းဘောင်ဘီတွေ ထုတ်လုပ်တဲ့ကုမ္ပဏီ GAP နှင့်အတူ

မကွေး

ထားဝယ်

မအူပင်

မြောင်

ပြင်ဦးလွင်

မန္တလေး တို့မှာ

အမျိုးသမီး စွမ်းဆောင်ရည်ဖွံ့ဖြိုးမှု Personal Advancement Career Enhancement (P.A.C.E) သင်တန်းတွေမှာ project trainer အဖြစ်ပါဝင်ပြီး အမျိုးသမီးတွေကို သင်တန်းပို့ချခဲ့ပါတယ်။

သင်တန်းကာလတစ်လျှောက်လုံး ကျွန်တော်တို့အဖွဲ့ ကြိုးစားပြီး ဝေမျှပေးခဲ့သလို နယ်ခံ အန်တီ/အမ များရဲ့ ဘဝကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။

-နယ်ဘက်ကအမျိုးသမီးတွေနဲ့ လုပ်ကိုင်ဖြစ်တာက။

ဒီမှာ ကျွန်တော်တို့အဖွဲ့ တစ်ခုသတိထားမိခဲ့တာကနယ်ဘက်က အမျိုးသမီးတွေရဲ့ ပြဿနာနယ်တွေမှာဆိုမြို့ပေါ်နဲ့မတူပဲ အမျိုးသမီးတွေဟာ

- အလုပ်ကြမ်းတွေနဲ့ ပင်ပန်းရတယ်

- အလုပ်ကိုင်အခွင့်လမ်းရှားပါးတယ်

- ဝင်ငွေနည်းမှုတွေနဲ့ ကြုံတွေ့ရပါတယ်။ဒါတွေနဲ့အတူ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေမှာ ဖြစ်နေကျအတိုင်း အိမ်မှုကိစ္စနဲ့ပဲ အချိန်ကုန်ပြီး ဝင်ငွေမရှာနိုင်တဲ့ အခါမှာတော့ အိမ်တွင်းပြဿနာတွေ ပေါ်ပေါက်လာတာပါအဲ့အချိန်ထဲက ကျွန်တော်တို့အဖွဲ့တွေ ပူးပေါင်း စိတ်ကူးယဉ်ကြည့်တာက အိုးမကွာအိမ်မကွာ လုပ်လို့ရမဲ့အလုပ်လေးတွေ သူတို့အတွက် ဖန်တီးပေးနိုင်ရင် ကောင်းမှာပဲ ဆိုတာပါပဲ။ ရွာတွေ နယ်တွေ ဆိုတော့ အိမ်မှု ကိစ္စကလည်းမလုပ်ရင် မရဘူးလေ။

 19238177 163529050855192 5760985173506619502 o

-အိတ်ချုပ်သင်တန်းတတ်ချင်သူတွေကိုရော ဘယ်လိုစီစဉ်ပေးပါလဲ။

ဒီလိုနဲ့ Project ပြီးသွားတော့ GAP ရဲ့ Country Director အစ်မက သင်တန်းတက်ခဲ့တဲ့အမျိုးသမီးတွေကို အိတ်ချုပ်သင်တန်း ထပ်ပြီးပေးခဲ့ပါတယ်။

အခုအချိန်မှာတော့ ကျွန်တော်တို့ စိတ်ကူးတွေကို  အကောင်ထည် ဖော်ခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ ကိုယ်တိုင် Brand ဖြစ်တဲ့ Trendiest အိတ်ကို Social enterprise အနေနဲ့ ထုတ်ဖို့ပါပဲ။

-မြန်မာယဉ်ကျေးမှုတွေ ဒီဇိုင်းထွင်ဖြစ်တဲ့ အကြောင်းက။

အစ်မက မန္တလေးသူဆိုတော့ မြန်မာ့ယဉ်ကျေးမှုတွေနဲ့ ရင်းနှီးနေပြီးသားလည်း ဖြစ်တယ်။ လူမှုအကျိုးပြုလုပ်ငန်း လုပ်ဆောင်တော့မယ်ဆိုတော့ ကိုယ်ကလည်း မြန်မာလူမျိုးလည်းဖြစ်တဲ့အတွက် မြန်မာ့ရိုးရာဟန်ပန်တွေကို အသားပေးတဲ့ ဒီဇိုင်းလေးတွေ ရွေးချယ်ဖြစ် ခဲ့ပါတယ်။ နောက်ထပ်လာမယ့် ဒီဇိုင်းတွေကလည်း မြန်မာ့ရိုးရာ ပုံစံနဲ့ မြန်မာဆန်ဆန် ထုတ်လုပ်သွားဖို့ စိတ်ကူးရှိပါတယ်။

-အိတ်အပြင်ဘာတွေထုတ်သေးလဲ။

အခုအိတ်အပြင် ဖုန်းကာဗာ နဲ့ ခေါင်းအုံးဖုံး အစွပ်လေးတွေကို ဖန်းတီးနေပါတယ်။ဧရာဝတီတိုင်း မအူပင်မြို့နယ် နှင့် မန္တလေးတိုင်း မတ္တရာမြို့နယ်မှ အမျိုးသမီးများ မှ အဓိကချုပ်လုပ်ပေးနေပြီး မြန်မာတစ်နိုင်ငံငံလုံးကို ဖြန့်ဝေရောင်းချပေးနေပါတယ်။

-ဒီဇိုင်းတွေကိုရော ဘယ်လိုဖန်တီးသွားမလဲ။

အစ်မလုပ်ငန်းက လူမှုအကျိုးပြု Social Enterprise တစ်ခုလည်းဖြစ်တယ်။ အဲဒါက အခြားသူတွေနဲ့ မတူတဲ့ အစ်မလုပ်ငန်းရဲ့ ထူးခြားချက်ပါ။ ကိုယ်စတည် ခဲ့တဲ့ theme တစ်ခုအပေါ် အခြေခံပြီး အရည်အသွေးပြည့်ဝပြီး မြန်မာ့အငွေ့အသက်ပါတဲ့ ဒီဇိုင်းတွေကို ဆက်လက်ဖန်တီးသွားမှာပါ။

-အခြားသောbrandတွေရှိတာတောင်ဒီမြန်မာ့ယဉ်ကျေးမှုလေးတွေပါတဲ့အိတ်ဒီဇိုင်းတွေကိုင်လာကြတယ်။ အဲ့အပေါ်ဘာပြောချင်လဲ။

ဖက်ရှင်ရေစီးကြောင်း က အမျိုးမျိုး ပြောင်းလဲနေတာဆိုတော့ အခုဟာက Traditional ဘက်ကို တစ်ကြော့ပြန်လာတဲ့သဘောပါပဲ။Local brand လေးတွေကို တန်ဖိုးထား သုံးစွဲလာကြတဲ့အတွက် အစ်မအများကြီးဝမ်းသာပါတယ်။

-ဈေးနှုန်းတွေကိုဘယ်လိုသတ်မှတ်ထားလဲ။

Product အလိုက် ဈေးနှုန်းလေးတွေကို အစ်မ Trediest Page မှာ စုံစုံလင်လင် ဖော်ပြပေးထားပါတယ်။

-Trendiest ကို အားပေးတဲ့ customer တွေကိုအမှတ်တရစကားပြောပေးပါဦး။

အချိန်တိုတိုအတွင်းမှာ ပြည်တွင်း Brand တစ်ခုကို ယုံယုံကြည်ကြည် အားပေးခဲ့တဲ့ Customer တွေအားလုံးကို အစ်မအများကြီးကျေးဇူးတင်ပါတယ်။ ဆက်လက်ဖန်တီးသွားမယ့် Product လေးတွေကိုလည်း အားပေးကြပါအုံးလို့ ပြောချင်ပါတယ်ရှင့်။

Read 1341 times
Rate this item
(1 Vote)