What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရင်သား လွတ်လပ်ရေး

ပြီးခဲ့တဲ့ မီလန် ဖက်ရှင် သီတင်းပတ် ၂၀၁၈ ပွဲတော်နဲ့ လန်ဒန် ဖက်ရှင်သီတင်းပတ် ၂၀၁၈ ပွဲတော်တို့မှာ မော်ဒယ်တွေ လျှောက်လမ်းပေါ် ဘရာမပါဘဲ ပွဲထွက်စေခဲ့တဲ့ ဒီဇိုင်နာတွေ ရှိခဲ့ပါတယ်။

ဘာလို့ အခုလို ဘရာမပါ ပွဲလျှောက်တာလဲဆိုတာ မတင်ပြခင် ဘယ်သူတွေ ဘရာမပါဘဲ လျှောက်ခဲ့ကြသလဲဆိုတာ ကောက်နုတ်တင်ပြပါမယ်။

 

ဘရာမပါလို့ ရင်သားပေါ်နေတဲ့ ရှိုးပွဲတစ်ပွဲကတော့ မီလန်မှာ ကျင်းပခဲ့တဲ့ Krizia Show ဖြစ်ပါတယ်။

အပေါ်မှ ခြုံတဲ့ ကုန်အင်္ကျီကို ပခုံးအောက် လျှောချထားပြီး ပိုသီပတ်သီ စတိုင်လ်ဖြင့် ပွဲထုတ်ခဲ့ပါတယ်။

Krizia

 

 

မီလန်ပွဲမှာပဲ မော်ဒယ် Marjan Jonkman က အနက်ရောင် ဖက်ရှင်ဝတ်စုံ ခပ်ပါးပါးကို ဘရာမပါဘဲ လျှောက်လမ်းကို ထွက်ခဲ့ပါတယ်။

Philosophy Di Lorenzo Serafini Show မှာ ဖြစ်ပါတယ်။

Marjan Jonkman 1

 

 


မီလန်ပွဲမှာပဲ Alberta Ferretti Show မှာ အတော်ပါးတဲ့အသားနဲ့ ချုပ်ထားတဲ့ ဖက်ရှင်ဝတ်စုံ အနက်ရောင်ကို

ဝတ်ဆင်ထားတဲ့ မော်ဒယ်က ဘရာမပါဘဲ လျှောက်လမ်းကို ထွက်ခဲ့ပါတယ်။

Alberta Ferretti

လန်ဒန်မှာ ကျင်းပတဲ့ Uniform fashion show မှာ ခပ်ပါးပါး အထည်သားအောက်မှာ

ဘရာမပါတဲ့ ရင်သားကို အတိုင်းသား မြင်ကြရတယ်။

Uniform fashion show

 

အခုလို ဘရာမပါဘဲ ပွဲထွက်စေတာဟာ ရင်သားလွတ်လပ်ရေး ရရှိဖို့ လှုပ်ရှားမှုဖြစ်တဲ့ Free the Nipple စည်းရုံးလှုံ့ဆော်မှုရဲ့ ဂယက်ထတာ ဖြစ်ပါတယ်။

ကျားနဲ့မ တန်းတူ ဖြစ်ရေး၊ လူသားအားလုံး လွတ်လပ်ရေးနဲ့ တန်းတူ လုပ်ပိုင်ခွင့် ရရှိရေးတို့အပေါ် စူးစိုက်ထားပြီး ကမ္ဘာတစ်လွှား ပြောင်းလဲစေရေး လှုပ်ရှားမှုအဖြစ် Free the Nipple စည်းရုံးလှုံ့ဆော်မှုကို ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေ ရင်သား ဟာလာဟင်းလင်း ဖြစ်နေရင် ယဉ်ကျေးမှုတို့အရ ခွင့်မပြုသည့် ရှောင်ရန်အချက် ဖြစ်နေပြီး အမျိုးသားတွေကျတော့ အဲဒီလို တားမြစ်ချက် မရှိတာဟာ မတရားတာလို့ ဆိုပါတယ်။ အဲဒီ တားမြစ်ချက်ကြောင့် အမျိုးသမီးတွေဟာ ကျပ်စည်းခံနေရတယ်။ အတွင်းမှာ အသားထူထူတစ်ထပ်ကို ပူအိုက်တဲ့ အချိန်အခါတွေမှာတောင် ဒုက္ခခံပြီး ၀တ်ဆင်ကြရတယ်လို့ ပြောဆိုမှုများ ရှိပါတယ်။
အဲဒီ မကျေချမ်းမှုဟာ Instragram မှာ ကြီးထွားခဲ့တယ်။ အင်စထရာဂရမ်က အမျိုးသားတွေ ရင်သားဗလာကျင်းနေတဲ့ ပုံတွေတင်ရင် ခွင့်ပြုထားပြီး အမျိုးသမီးတွေ တင်ရင်တော့ ဖယ်ရှားပစ်တယ်။ အဲဒီလို ခွဲခြားဆက်ဆံတာကြောင့် Free the Nipple လှုပ်ရှားမှု အရှိန်တက်နေစေပါတယ်။

Free the Nipple လှုပ်ရှားမှုအတွက်  ဒီဇိုင်းက အဖြူရောင် တီရှပ်ရဲ့ ရင်သားနေရာမှာ

ရင်သားနဲ့ နို့သီးထိပ်တို့ကို အမည်းရောင်ကောက်ကြောင်းခြစ်ပြီး ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

အမြင်မရိုင်းဘဲ ဆိုလိုရင်းကို ပြသတဲ့ ဒီဇိုင်းစိတ်ကူးကို ချီးကျုးမိပါရဲ့။

 

free nipplefreenipple

 

 

 

Read 1431 times
Rate this item
(0 votes)