What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ့်ဘော်ဒီနဲ့ လိုက်ဖက်တဲ့ အဖြူရောင်တီရှပ်တွေ ရွေးချယ်နိုင်ဖို့

ကိုယ့်ဘော်ဒီနဲ့ လိုက်ဖက်တဲ့ အဖြူရောင်တီရှပ်တွေ ရွေးချယ်နိုင်ဖို့ google

အဖြူရောင်တီရှပ်၊ tee လေးတွေ ရွေးမယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ် အချိုးအစားကို လိုက်ပြီး ဘယ်လိုရွေးချယ်ရမယ် ဆိုတာလေး ပြောပြပေးချင်ပါတယ်။

တကယ်လို့များ သင်က ပခုံးကျဉ်းတဲ့သူဆိုရင် ...
မှန်ထဲမှာ တစ်ချက်ကြည့်လိုက်ပါ။ ကိုယ့်ပခုံးက ကျယ်သလား၊ ကျဉ်းသလား ဆိုတာကို သိအောင်လုပ်ပြီး ပခုံးကျဉ်းတဲ့သူဆိုရင်တော့ ကိုယ်ဝတ်မယ့် tee လေးကို လည်ပင်းဝိုင်း အကျဉ်းလေး ရွေးချယ်သင့်ပါတယ်။ လည်ပင်းသိပ်ကျယ်တာ၊ ဟိုက်တာ လုံးဝ မရွေးသင့်ပါဘူးနော်။

dzz53276 white xl
တကယ်လို့များ သင်က ပခုံးကျယ်တဲ့သူဆိုရင် ...
သင့်ပခုံးက တခြားလူတွေထက် ကျယ်တယ်လို့ ခံစားရတယ်ဆိုရင်တော့ ကိုယ်ရွေးမယ့် tee t-shirt ကို လည်ပင်း ခပ်ကျယ်ကျယ်ပုံစံမျိုး ရွေးချယ်နိုင်ပါတယ်။

တကယ်လို့များ သင်ရဲ့ရင်သားနေရာက ပြည့်တယ်၊ ကြီးတယ်ဆိုရင်...
ရင်သားက ပြည့်ပြီး၊ ကြီးတယ်လို့ခံစားရရင် ရွေးချယ်စရာက တစ်မျိုးပါပဲ။ အဲဒါက V-shape လည်ပင်းပေါက်ပါတဲ့ tee မျိုးပါ။

white kensey oversized tee
တကယ်လို့များ သင်က ရင်သားသေးတယ်ဆိုရင် ..
ရင်သားသေးတဲ့သူတွေအတွက် ရင်ဘတ်နေရာက ပန်းပွင့်လေးတွေ၊ ဒါမှမဟုတ် အိတ်ကပ်လေးတွေပါတဲ့ tee ဒီဇိုင်းမျိုးတွေကို ရွေးချယ်စေချင်ပါတယ်။ ရင်ဘတ်နေရာက ဗြောင်ထက် တစ်ခုခုပါရင် ပိုကြည့်ကောင်းပါတယ်။
တကယ်လို့များ သင်က သဲနာရီကိုယ်လုံးမျိုးကို ပိုင်ဆိုင်ထားသူဆိုရင် ..
မိန်းကလေးတွေထဲမှာ သဲနာရီကိုယ်လုံးရှိတဲ့သူတွေကတော့ ဘုရားပေးတဲ့ဆုလာဒ်ကို ပိုင်ဆိုင်ထားသူတွေပေါ့။ ဒီလို ကိုယ်လုံးမျိုးဆိုရင်တော့ သင်ရွေးချယ်မယ့် တီရှပ်၊ tee လေးတွေကို ကိုယ်နဲ့ fitting ကျကျ ကွက်တိအကျပ်လေးတွေ ရွေးချယ်ပါလို့။

dzz87423 white xl
တကယ်လို့များ သင်က ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ကျစ်လျစ်သူဆိုရင်..
အရမ်းလည်း မပိန်၊ အရမ်းလည်း မဝဘဲ ခန္ဓာကိုယ်ကျစ်တဲ့သူတွေဆိုရင်တော့ သိပ်မပွလွန်းတဲ့ tee မျိုးကို ခါးမှာ အထုံးလေးထုံး၊ ဒါမှမဟုတ် ချည်ပြီး ဝတ်သင့်ပါတယ်ရှင်။
ကဲ ဒီအချက်ကလေးတွေက တီရှပ်အဖြူ၊ tee အဖြူလေးတွေ ဝယ်တဲ့အခါမှ မဟုတ်ပါဘူး။ အခြားကာလာနဲ့ တီရှပ်၊ tee လေးတွေ ဝယ်တဲ့အခါမှာလည်း ချစ်တို့အတွက် အဆင်ပြေပါလိမ့်မယ်။ ပုံလေးတွေကို နံပါတ်အစဉ်လိုက် ရွေးချယ်ပေးထားပါတယ်နော်။  

source my yangon

 

Read 1320 times
Rate this item
(0 votes)