အားကစားဝတ်စုံ bra တွေဟာ ကျန်းမာရေးကောင်းမွန်ရန်နဲ့ ကိုယ်လက်လှုပ်ရှားမှု ကြံ့ခိုင်အောင် ပြုလုပ်တဲ့ အမျိုးသမီးများအတွက် အများဆုံး အရေးပါလှတဲ့ အပိုင်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ လူအများစုဟာ ပုံမှန်အားဖြင့် အောက်ပိုင်းဆင်ယင်မှုတွေကိုပဲ အာရုံစိုက်ကျပြီး အပေါ်ပိုင်းဝတ်စုံတွေကို လျစ်လျူရှုလေ့ ရှိကျတယ်။ အားကစားလုပ်တဲ့အခါ သက်တောင့်သက်သာမရှိတဲ့ bra တွေကို ဝတ်ဆင်တာဟာ အရေးကြီးပြီး ဆိုးရွားလှတဲ့ အချက်ပါပဲ။
အကယ်၍ သင်ဟာသာမန်bra တွေကို ဝတ်ဆင်ခဲ့ရင်တောင်မှ များစွာသော sport bra အမျိုးစားကွဲတွေရှိပြီး အဲ့ဒီအမျိုးစား အကြောင်းရာတွေကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် bra တွေကို ဘယ်လိုမှန်ကန်အောင် ရွေးချယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
Sport Bra တွေကို ဘယ်လိုရွေးချယ်ကျမလဲ?
1.ပထမဦးဆုံးအနေနဲ့ သင့်ရဲ့ bra size ကိုသိရမယ်။ ပုံမှန်အားဖြင့် သင့်ရဲ့ size ကိုတစ်သမတ်ထဲ ထားဖို့ လိုအပ်ပါတယ်။
2.သင့်ရဲ့ရင်သားက ဘေးထွက်ပြီး သေးငယ်လွန်းရင် သို့မဟုတ် ကြီးလွန်းခဲ့လျှင် သင်ပိုပြီးသတိထားသင့်ပါတယ်။
3.Bra shop တွေမှာ ဘယ်လိုဒီဇိုင်းအသစ်တွေ ထွက်လဲဆိုတာ ရှာဖွေလေ့လာပါ။
4.bra ကြိုးထူထူ ကိုရွေးချယ်ပါ။သင်ခန္ဓာကိုယ် နဲ့ ရင်သားအတွက် လိုအပ်တဲ့ အထောက်အကူ တစ်ခုဖြစ်ပါတယ်။
5.bra ကြိုးထူထူ တွေကို နေသားကျအောင်ဝတ်ဆင်ကြည့်ပါ။ ဘာကြောင့်လဲဆိုရင် သူက သင့်ရဲ့ size အတက်အကျကို ကူညီပေးပါလိမ့်မယ်။
6.သင့်ရဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို မူတည်ပြီး မှန်ကန်တဲ့ bra size ကိုဝတ်ဆင်ပါ။
7.တကယ်လို့ sport bra brand တွေကို ရွေးချယ်ဖို့ အတွက် ဈေးဝယ်ထွက်တာဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။
သင့်ကို အပြည့်ဝ အထောက်အကူပေးမယ့် ထိပ်တန်း Sport Bra Brand များ
1. Under Armour Knit High Running Sports Bra

ဒီ brand ရဲ့အားသာချက်ကတော့ သင့်ရဲ့ ခန္ဓာကိုယ်မှာ နာတာတို့၊ ပွန်းတာရှတာတို့လဲ မရှိပါဘူး။ဒါဟာ သင့်ကို သက်တောင့်သက်သာရှိပြီး အပြည့်ဝအထောက်အကူပေးမှာအမှန်ပါပဲ။
2.High Impact Sports Bra

high impact ကတော့ ကိုယ်ကာယ သင်တန်းတွေနဲ့ အခြား ကိုယ်လက်လှုပ်ရှားမှု နေရာတွေမှာ ဝတ်ဆင်နိုင်ပါတယ်။သင့်ရဲ့လှုပ်ရှားမှု ဖိအားများကို ကိုင်တွယ်နိုင်ဖို့ လိုအပ်ပါတယ်။ သင်ပုံမှန် ဝတ်နေကျ အားကစား bra ထက် ပို၍ တောင့်တင်းခိုင်မာပြီး ပေါ့ပါးတဲ့ bra တစ်ခု သင့်အတွက် လိုအပ်ပါတယ်။ Under Armour ဟာ sport brand တွေထဲမှာ ထိပ်ဆုံးမှာ ရပ်တည်နေပြီးတော့ High Impact လည်းတစ်ခု အပါဝင်ဖြစ်ပါတယ်။
3.Wire Free Maximum Control Sports Bra For Big Breasts

အကယ်၍ သင့်ရင်သားဟာ bra ထက်ကြီးမယ် ဆိုရင်တော့ သင်နဲ့ကိုက်ညီပြီး သက်တောင့်သက်သာရှိမယ့် အရာကို ရှာဖို့ဆိုတာကခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ ဒီbra ကတော့ လေဝင်လေထွက် ကောင်းပြီး ကျုံ့နိုင်ဆန့်နိုင်တဲ့ bra ဖြစ်တာကြောင့် အသုံးဝင်မှာ အသေချာပါပဲ။
4.Jockey Performance Pushup Seamless Sports Bra

သင်ရဲ့ ကိုယ်အလေးချိန် ကျဆင်းလာတဲ့အခါမှာ သင့်ရင်သားအရွယ်အစားတွေလဲ ကျဆင်းလာတယ်ဆိုတာ သတိထားမိမှာပါ။ ဒါဟာ သိသာထင်ရှားတဲ့အတွက် မိန်းကလေးတိုင်း မနှစ်သက်ကျပါဘူး။ ဘယ်လို bra အမျိုးစားက သင့်ရဲ့ရင်သားကို တွန်းတင်ပေးနိုင်မလဲဆိုတာ လိုအပ်ပါတယ်။ Jockey brand ကသက်တောင့်သက်သာရှိပြီး ပို၍ ခုခံမှုကောင်းတာကြောင့် သင့်ကို အထောက်အကူ ပေးမယ့် brand ပါပဲ။
5.Nike Motion Adapt Cardio Sports Bra

တကယ်လို့ သင်ဦးဆောင်ပြီးလုပ်ရတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေမှာဆိုလျှင် sport bra ဒါမှမဟုတ် underwear များအတွက် စိုးရိမ်ပူပန်နေမယ်ဆိုရင် ဒါကိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီbra ကတော့ သင့်ရဲ့ရင်သားကိုပင့်တင်ပြီးတော့ သက်တောင့်သက်သာရရှိစေပြီး လှုပ်ရှားမှုတိုင်းမှာလည်း အကျိုးသက်ရောက်မှု ရှိစေမှာပါ။ပျော့ပျောင်းလှတဲ့ အံကွက်နဲ့ပြုလုပ်ထားပြီး ချွေးစုပ်ယူမှုအားလည်း ကောင်းပါတယ်။ကိုယ်လက်ကြံ့ခိုင် လှုပ်ရှားမှု တွေကို ပိုပြီးလုပ်နေရရင်တော့ ဒီbra ဟာသင့်အတွက် ပြီးပြည့်စုံအောင် ပေးစွမ်းပေးမှာပါ။
6. New Balance Sports Bra For Gym

အားကစားသင်တန်းတွေမှာဆိုရင် မြင့်မားတဲ့ ကိုယ်ကာယလှုပ်ရှား တက်ကြွမှုတွေကို အမြဲတမ်းပြုလုပ်ကျပါတယ်။ဒါကြောင့် သင်အမြဲတမ်း ရွေးချယ်ရမယ့် bra ဟာဆိုရင် ကြိုးထူပြီးပျော့ပျောင်းလှတဲ့ အံကွက်တွေနဲ့ ပြုလုပ်ထားတဲ့ bra ကိုပဲရွေးချယ်ပါ။
7.Cross Straps Bra For Kickboxing

လက်ဝှေ့ကစားတဲ့ လှုပ်ရှားမှုတွေမှာ ရင်သားတွေကို အပြင်မထွက်အောင် တစ်နေရာထဲမှာပဲ ရှိနေသင့်တဲ့ bra မျိုးလိုအပ်ပါတယ်။ ပြီးတော့ သင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ နူးညံ့ပျော့ပြောင်းမှုလဲ လိုအပ်ပါတယ်။ ကြိုးထူပြီး ကြက်ခြေခတ်ပုံစံဒီဇိုင်းနှင့်အတူ ကျုံ့နိုင်ဆန့်နိုင်တဲ့ bra မျိုးဟာ သင့်အတွက် ပိုပြီး အထောက်အကူပေးမှာပါ။
8. HIgh Impact Sports Bra For Plus Size Women

plus size အရွယ်စား အမျိုးသမီးများအနေဖြင့် သူတို့နဲ့သက်တောင့်သက်သာ ရှိပြီး အဆင်ပြေ ကိုက်ညီမယ့် bra အမျိုးအစားကို ရွေးချယ်ရာမှာ နည်းနည်းခက်ခဲလှပါတယ်။ ဒါပေမဲ့ plus size သို့မဟုတ် ရင်သားကြီးတဲ့ အမျိုးသမီးများကို လျင်မြန်အောင်ပြောင်းလဲပေးဖို့အတွက် တိကျသေချာအောင် ဖြည့်တင်းပေးမယ့် brand တွေလဲ ရှိနေပါပြီ။
9.Lululemon Yoga Sports Bra

yoga လေ့ကျင့်တဲ့အခါ သင့်အတွက် အပြည့်ဝလွှမ်းခြုံပေးနိုင်တဲ့ bra တစ်ခုလိုအပ်ပါတယ်။ Yoga လေ့ကျင့်မှုမှာ များစွာသော လှုပ်ရှားမှုတွေရှိတာကြောင့် လေဝင်လေထွက် ကောင်းပြီးတော့ မှန်ကန်တဲ့ bra ကို ရွေးချယ်တတ်ဖို့လဲ လိုအပ်ပါတယ်။ သင့်ရဲ့ရင်သားကို သဘာဝပုံသဏ္ဍန်အတိုင်း ပုံမပျက်စေရန် မိန်းကလေးတိုင်း ထိန်းသိမ်းသင့်ပါတယ်။အကယ်၍ သင်ဟာနေ့စဉ်နှင့်အမျှ ယောဂလေ့ကျင့်ခန်းတွေကို ပြုလုပ်နေရတယ်ဆိုရင် sport bra brand တွေထဲမှာ သေချာရွေးချယ်ကြည့်သင့်ပါတယ်။
အခုပြောပြပေးလိုက်တဲ့ sport bra တွေဟာ သင်နေ့စဉ် ပြုလုပ်လေ့ရှိတဲ့ ကိုယ်ကာယလေ့ကျင့်မှုတွေအတွက် ဘယ်လိုရွေးချယ်ရမလဲဆိုတာ သင့်အတွက် အသုံးဝင်မယ်လို့ထင်ပါတယ်။
TDA

Yangon လမ်းညွှန်မှ Myanmar Textile and Garment Directory စာအုပ်ထွက်ရှိနေသည့်အပြင် တစ်ခြားစာအုပ်များလည်း ထွက်ရှိနေပါပြီနော်။





