What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လွတ်လပ်ပေါ့ပါးစေမယ့် မေမေတို့အတွက် ဖက်ရှင်

မေမေတို့ရဲ့ ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ တီရှပ်လေးတွေနဲ့ ဂျင်းဘောင်းဘီလေးတွေကတော့

ဘယ်ခေတ်မှာမဆို စတိုင်ကျပြီး လွတ်လပ်ပေါ့ပါးတဲ့ ပုံစံကို ပေါ်လွင်စေပါတယ်။အမျိုးသမီးတွေရဲ့ အလှအပလို့ဆိုရာမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းကလည်း အဓိကကျပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဆိုတာက ကိုယ်ဝတ်ထားတဲ့ အဝတ်အစားနဲ့ ကိုယ်နဲ့ လိုက်ဖက်ညီတယ်လို့ တွေးမိနေစေဖို့တော့ လိုတာပေါ့။ မေမေတို့အနေနဲ့ ကလေးတစ်ဖက် အိမ်ထောင်မှုကိစ္စတွေနဲ့ အလုပ်ရှုပ်ရတဲ့အထဲ အချိန်ကုန်ခံ စက်ချုပ်ဆိုင်သွား ဈေးကြီးပေးချုပ်ထားတဲ့ အဝတ်အစားတွေလည်း ရှိမှာပါ။မေမေတစ်ယောက်ရဲ့ ဘဝနေမှုပုံစံက တခြားအမျိုးသမီးတွေလို မဟုတ်တော့ ဒီလို အဝတ်အစားတွေနဲ့ အမြဲလိုက်ဖက်ညီနေမှာတော့ မဟုတ်ပါဘူး။ နာမည်ကြီး တံဆိပ်ဆိုတိုင်းလဲ ကိုယ်နဲ့ အချိုးအစားကျချင်မှ ကျတာပါ။ ဒါပေမယ့် ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ တီရှပ်လေးတွေနဲ့ ဂျင်းဘောင်းဘီလေးတွေကတော့ ဘယ်ခေတ်မှာမဆို လွတ်လပ်ပေါ့ပါးစတိုင်ကျစေပါတယ်။ အလုပ်တာဝန်တွေ ရှုပ်ယှက်ခတ်နေတဲ့ မေမေတို့အတွက် အဝတ်အစားပေါ် အချိန်ပေးစဉ်းစားစရာမလိုတဲ့အပြင်၊ ငွေလည်း ခြွေတာပြီးသားဖြစ်၊ ပေါ့ပါးပြီး ပြည့်စုံစေတဲ့ ဖက်ရှင်လည်း ဖြစ်လို့ မေမေတို့ရဲ့ မိသားစုနဲ့နေတဲ့ တစ်နေ့တာတွေအတွက် တီရှပ်နဲ့ ဂျင်းဖက်ရှင်က သေချာပေါက် သက်သောင့်သက်သာနဲ့ အဆင်ပြေစေနိုင်ပါတယ်။နှစ်ပေါင်းများစွာကြာပေနေပေမယ့် လက်ရှိနိုင်ငံတကာက နာမည်ကြီး ဒီဇိုင်နာတွေက ဒိုင်ယာနာရဲ့ဖက်ရှင်ကို စံနမူနာ ထားနေရတုန်းပါ။

546e4464024277bb31eabbea ss07 princess diana royal sweaters vf 1500647839 683x1024

အခုဒီပုံမှာဆိုရင် သားအငယ်လေးဟယ်ရီကို နောက်ကျောပိုးထားတဲ့ မင်းသမီးက မစ်ကီမောက်တီရှပ်လက်ရှည်အဖြူလေးနဲ့ ဂျင်းအပြာလေးကို တွဲဖက်ဝတ်ဆင်ထားတာဟာ သိပ်ကို ပေါ့ပါးလွန်းလှပါတယ်။ တော်ဝင်မျိုးနွယ်ဖြစ်တဲ့သူမက ခမ်းနားလှတဲ့ အဝတ်အစားတွေကို အမြဲဝတ်ဆင်ရပေမယ့် တစ်ခါတစ်လေမှာတော့ သားနှစ်ယောက်ရဲ့မိခင်အဖြစ်အနေနဲ့ လိုက်ဖက်လှတဲ့ ပါ့ပေါ့ပါးပါး သက်သောင့်သက်သာဝတ်ဆင်တတ်ပါတယ်။

0e4a45dd8d9194742ce322feb5b0e77c 3

မေမေတို့လည်း သားသားမီးမီးလေးတို့နဲ့ ဈေးဝယ်ထွက်တာပဲဖြစ်ဖြစ်၊ ကစားကွင်းလိုက်ပို့တာပဲဖြစ်ဖြစ်၊ ညစာထွက်စားတာ၊ မိတ်ဆွေတွေအိမ်ကို အလည်သွားတာ စတဲ့ မိသားစုနဲ့နေတဲ့ အချိန်တွေမှာ ဒီလိုဖက်ရှင်လေးကို ဝတ်ဆင်ထားမယ်ဆိုရင် ကြည့်ရသူတွေရဲ့အမြင်မှာ ကိုယ်က နုပျိုပြီး စတိုင်ကျစေတယ်။ နောက်ပြီး သားသားလေးကို ပွေ့ချီတာ၊ ကျောပိုးတာလုပ်ရင်လည်း အဝတ်ကျပ်ကျပ်တွေလို မဟုတ်ပဲ အဆင်ပြေစေတယ်။ ဒီလိုဆိုရင် မေမေတို့ဟာ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုရှိစေမှာဖြစ်လို့  ဖက်ရှင်ကျကျ လှနေတော့မှာ သေချာပါတယ်။

Read 1011 times
Rate this item
(0 votes)