What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ယုံကြည်မှုရှိရှိ နဲ့ ဖက်ရှင်ကျနိုင်စေဖို့

သင့်တော်မှန်ကန်တဲ့ Shapewear နဲ့ Underwear တွေက သင့်ခန္ဓာကိုယ် အချိုးအစားကို ပိုပြီးကြည့်ကောင်းလာစေနိုင်ရုံသာမကဘဲ သင့်ကိုပိုပြီး သက်တောင့်သက်သာရှိစေနိုင်သလို  ယုံကြည်မှုလည်းပိုရှိလာစေပါတယ်။

ဒါကြောင့် Shapewear နဲ့ Underwear အမျိုးအစားများစွာရှိတဲ့အထဲက  ကိုယ်ဝတ်ဆင်မယ့် အဝတ်အစားပုံစံနဲ့  သင့်တော်မှုရှိအောင် ဝတ်ဆင်ဖို့နိုင်ဖို့က အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ သင်ဝတ်ဆင်မယ့် ဖက်ရှင်အမျိုးအစားအတွက် မှန်ကန်တဲ့ Shapewear နဲ့ Underwear ကိုဘယ်လိုရွေးချယ်သင့်ပါသလဲ။ ဘယ်လို အဝတ်အစားမျိုးကိုမဆို ဖက်ရှင်ကျကျ၊ ယုံကြည်မှုရှိရှိ နဲ့ ချို့ယွင်းချက်မရှိ ဝတ်ဆင်လိုတဲ့ မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ Shapewear နဲ့ Underwear အမျိုးအစားများကို ဖော်ပြပေး လိုက်ပါတယ်။ 

Boy Short ၊ Granny Panty 
စကတ်အကား၊ ထီးစကတ် နဲ့ ဂါဝန်အတို ဒါမှမဟုတ် ဂါဝန်အကားလေးတွေ ဝတ်တော့မယ်ဆိုရင် Boy Shorts အမျိုးအစား အတွင်းခံကို ရွေးချယ်သင့်ပါတယ်။ အမျိုးသားတွေဝတ်တဲ့ ဘောင်းဘီတိုကို ပုံစံယူထားတဲ့ Boy Shorts အတွင်းခံတွေက ဝတ်ဆင်ထားတဲ့အခါ သက်တောင့်သက်သာရှိစေတဲ့ ဒီဇိုင်းကြောင့် အချိန်မရွေးဝတ်ဆင်ထားနိုင်တာက သူ့ရဲ့အားသာချက်ဖြစ်ပါတယ်။ အထူးသဖြင့်လုံခြုံပြီး စိတ်ချရတဲ့ ဒီဇိုင်းကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေပါ တယ်။ Granny Panty အမျိုးအစား အတွင်းခံကလည်း Boy Shorts အတွင်းခံလိုပဲ လုံခြုံမှုရှိပါတယ်။ ဒီလိုဝတ်စုံတွေဝတ်ဆင်တဲ့အခါ ရှောင် ရမှာကတော့ G-string အမျိုးအစားအတွင်းခံများပဲဖြစ်ပါတယ်။

2017 12 December Page 065 1

High Waist ၊ French-cut 
Office Wears လို့ပြောရမယ့် စတိုင်ဘောင်းဘီတွေ၊ အေစကတ်တွေကိုတော့ High Waist ခါးတင်အတွင်းခံ၊ ဒါမှမဟုတ် French-cut အတွင်း ခံတွေနဲ့ တွဲဖက်ဝတ်ဆင်ပေးရမှာပါ (ဝတ်ဆင်မယ့် ဘောင်းဘီ ဒါမှမဟုတ် စကတ်က ခါးတင်အမျိုးအစားဖြစ်ရင် ဒီလိုအတွင်းခံအမျိုးအစားနဲ့ ပိုသင့်တော်ပါတယ်။) ဒီလိုခါးအထိမြင့်ထားတဲ့ အတွင်းခံတွေက ခါးနဲ့ဝမ်းဗိုက်နေရာကို ထိန်းပေးတာကြောင့် ချပ်ရပ်တဲ့ ခန္ဓာကိုယ်ပုံစံမျိုးဖြစ်စေကာ ကျော့ရှင်းပြီး စမတ်ကျတဲ့ အသွင်အပြင်ရစေဖို့ အ 
ထောက်အကူပေးနိုင်ပါတယ်။ Low Rise Thong နဲ့ VPL(Visible Panty Lines) Underwear လို့ခေါ်တဲ့ အရာထင်စေနိုင်တဲ့ အတွင်းခံမျိုးကိုတော့ ရှောင်ရမှာဖြစ်ပါတယ်။ 

2017 12 December Page 065 2

G-string ၊ Shapewear
Leggings ဒါမှမဟုတ် Yoga Pants တွေကိုတော့ အတွင်းခံအရာထင်မနေအောင် G-string အမျိုးအစားအတွင်းခံနဲ့ ဝတ်ဆင်လေ့ရှိပါတယ်။ အကယ်၍ပိုပြီး ချပ်ချပ်ရပ်ရပ်လည်းဖြစ်ချင်တယ်၊ လုံလုံခြုံခြုံနဲ့ ယုံကြည်မှုရှိရှိလည်းဝတ်ချင်တယ်ဆိုရင်တော့ Shapewear နဲ့ တွဲဖက်ဝတ်ဆင်တာက အကောင်းဆုံးပါပဲ။ ဒီလိုအသားမှာကပ်နေမယ့် ဘောင်းဘီအမျိုးအစားတွေကို သာမန်အတွင်းခံများနဲ့ တွဲဖက်ဝတ်ဆင်တဲ့အခါ သိသာတဲ့ အတွင်းခံအရာတွေ ပေါ်နေတတ်တာကြောင့် မသင့်တော် ဘူးလို့ ဆိုရမှာပါ။

2017 12 December Page 066 1

Hipsters
ဂျင်းဘောင်းဘီအပြင် ဘယ်လိုဘောင်းဘီအမျိုးအစားနဲ့မဆို တွဲဖက်ဝတ်ဆင်လို့ အဆင်ပြေတဲ့ အတွင်းခံကတော့  Hipsters အမျိုးအစားအတွင်းခံများပဲဖြစ်ပါတယ်။ Low-rise (ချက်ပြုတ် အမျိုးအစား)ဖြစ်ပေမယ့် တင်ဘေးဘက်အခြမ်းကို  အကာအကွယ်ပေးနိုင်တဲ့ အတွင်းခံအမျိုးအစားဖြစ်ပြီး ဘောင်းဘီတစ်မျိုးတည်းသာမကဘဲ နေ့စဉ်ဝတ်ဆင်လေ့ရှိတဲ့ အဝတ်အစားပုံစံအမျိုးမျိုးအတွက်ပါ သင့်တော်တာကြောင့် မိန်းကလေးတိုင်းရှိထားသင့်တဲ့ အတွင်းခံအမျိုးအစားလည်းဖြစ်ပါတယ်။ 

2017 12 December Page 066 2

Shapewear
ခန္ဓာကိုယ်နဲ့အတိ ဖြစ်နေပြီး ကောက်ကြောင်းပေါ်စေတဲ့ ဂါဝန်အကျပ်များ၊ အသားမှာ ကပ်နေမယ့် ပိုးသား ဒါမှမဟုတ် ပိတ်စအပျော့များနဲ့ ချုပ်ထားတဲ့ ဝတ်စုံများ၊ ဆွဲသားဂါဝန်များ စတဲ့ ဝတ်စုံများကို ဝတ်ဆင်မယ်ဆိုရင်တော့ သင့်ရဲ့အတွင်းခံကို သာမန်ထပ်ပိုပြီး အာရုံစိုက်ပေးဖို့ လိုအပ်လာပါပြီ။ များသောအားဖြင့် ဒီလိုဝတ်စုံများက ခန္ဓာကိုယ်ကို ပုံစံချပေးမယ့် Shapewear များနဲ့ တွဲဖက်ပြီးဝတ်ဆင်ပေးဖို့ လိုကို လိုအပ်ပါတယ်။ ဒါမှသာ ဝတ်ဆင်ထားတဲ့သူရဲ့ အသွင်အပြင်ကို ပြီးပြည့်စုံစေမှာဖြစ်ပြီး ယုံကြည်မှုလည်း ပိုရှိစေမှာဖြစ်ပါတယ်။ Shapewear လို့ဆိုတဲ့အခါ အတွင်းခံနဲ့ ဘော်လီများလိုပဲ သူ့မှာလည်း ကွဲပြားတဲ့ပုံစံနဲ့ ဘာအတွက်ဝတ်ဆင်သင့်သလဲဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ဒါကြောင့်ကိုယ်ဝတ်ဆင်မယ့် ဝတ်စုံရဲ့ ဒီဇိုင်း၊ ပိတ်စအနေအထား၊ အတိုအရှည်ပေါ်မူတည်ပြီး သင့်တော်တဲ့ Shapewear အမျိုးအစားကို မှန်ကန်အောင် ရွေးချယ်တွဲဖက်တတ်ဖို့လည်း လိုအပ်ပါတယ်။

2017 12 December Page 067 1

Mid-Thigh Bodysuit
ခန္ဓာကိုယ် ကောက်ကြောင်းပေါ်စေတဲ့ ဂါဝန်အကျပ်တွေဝတ်ဆင်မယ့်အခါ Mid-Thigh Bodysuit အမျိုးအစား Shpewear က သင့်တော်ပါတယ်။ Bodysuit အမျိုးအစားဖြစ်တာကြောင့် ဗိုက်၊ ကျောပြင်၊ ခါး စတဲ့နေရာတွေအားလုံးကို တစ်ဆက်တည်း ထိန်းပေးထားနိုင်ပြီး သင့် ခန္ဓာကိုယ်နဲ့ ဝတ်စုံကို အပြစ်အနာအဆာမရှိတစ်သားတည်းဖြစ်နေစေမှာပါ။ ပေါင်လည်ထိရှည်တဲ့ ဝတ်စုံဖြစ်တာကြောင့် သင့်ရဲ့ပေါင်တံတွေကိုပါ သေးသွယ်သယောင်ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သင်ဝတ်စုံက အတိုဖြစ်နေမယ်ဆိုရင် ပေါင်ထိမရှည်ဘဲ ပုံမှန် Comfort Leg Bodysuit အမျိုးအစားကိုရွေးချယ်နိုင်ပါတယ်။ 

2017 12 December Page 067 2

Thigh Slimmer
ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် သိပ်စိတ်ပူစရာမလိုဘဲ ခန္ဓာကိုယ် အောက်ပိုင်းကောက်ကြောင်းကို ပိုပြီးဦးစားပေးထားတဲ့ ဝတ်စုံမျိုးတွေအတွက်၊ သင်ကိုယ်တိုင်ကလည်း Bodysuit အမျိုး အစားကို မဝတ်ချင်ဘူးဆိုရင် Thigh Slimmer အမျိုးအစားကို ရွေးချယ်လို့ရပါတယ်။ Thigh Slimmer ဆိုတဲ့အတိုင်း ပေါင်တံတွေကို ပိုပြီးသေးသွယ်ကျစ်လစ်သွားသယောင် ပုံစံချပေးမယ့် Shapewear အမျိုးအစားဖြစ်ပါတယ်။ များသောအားဖြင့် Thigh Slimmer အမျိုးအစားက ခါးအပေါ်ပိုင်းအထိပုံစံချပေးနိုင်တာကြောင့် ခါးနဲ့ ဗိုက် ဧရိယာကိုပါချပ်ချပ်ရပ်ရပ်ဖြစ်စေပါတယ်။ 

2017 12 December Page 068 1

Slip
ပိုးသား ဒါမှမဟုတ် ခပ်ပျော့ပျော့ပိတ်သားနဲ့ချုပ်ထားပြီး အသားမှာကပ်နေမယ့် ဝတ်စုံများကိုတော့ မူလလက်ဟောင်း Shapewear အမျိုးအစားဖြစ်တဲ့ Slips အမျိုးအစားနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ Slip တွေက Shapewear လို့ ဆိုရမှာထက် အတွင်းခံအမျိုးအစားလို့ ဆိုရင်ပိုမှန်ပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက Slip ကို ဘော်လီ နဲ့အတွင်းခံရာတွေ မပေါ်အောင် ဝတ်စုံရဲ့ အောက်မှာခံဝတ်ခဲ့ကြပါတယ်။ ဆွဲဆန့်နိုင်မှုအားကောင်းပြီး ပါးလွှာတဲ့ Spandex ၊ Nylon စတဲ့အသားတွေနဲ့ ချုပ်လုပ်ထားလေ့ရှိပြီး ပိုးသားကဲ့သို့သော ဝတ်စုံများဝတ်ဆင်တဲ့အခါ အသားမှာကပ်မနေဘဲ ချောမွေ့တဲ့ အသွင်အပြင်ဖြစ်အောင် Slip ကိုအတွင်းက ခံဝတ်ပေးရမှာဖြစ်ပါတယ်။

2017 12 December Page 068 2

source:people

Read 1141 times
Rate this item
(0 votes)