What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Guide for Marketing your fashion product

ZAW+UNI

အၿပိဳင္အဆုိင္ေတြၾကားမွာ ဖက္ရွင္ထည္ကုိ ေရာင္းရဖုိ႔ လုပ္ကုိင္တဲ့အခါ ပစ္မွတ္ထားရမယ့္ ၀ယ္ယူသူေတြကုိ

ကုိယ့္ရဲ႕ ၀ယ္လက္ျဖစ္ေအာင္ လုပ္ႏုိင္ဖုိ႔ အေရးႀကီးတယ္။


ဖက္ရွင္ထည္ေတြကုိ ကုိယ္ပုိင္အမွတ္တံဆိပ္ျဖင့္ ေရာင္းခ်ခ်င္တယ္ဆုိရင္ ေရွ႕ကုိ မလွမ္းခင္ ေနာက္တစ္လွမ္းဆုတ္ၿပီး ကုိယ္ေရာင္းခ်မယ့္ ဖက္ရွင္ထည္ေတြကုိ ဆန္းစစ္သုံးသပ္ရမယ္။ ဒီဇုိင္းေတြ ဆန္းျပားလွပေန႐ုံျဖင့္ မၿပီးဘူး။ ေရာင္းခ်တဲ့အခါ အျမတ္ရဖုိ႔လည္း လုိတယ္။ ကုိယ့္ရဲ႕ အမွတ္တံဆိပ္အသစ္က ေပါက္သြားဖုိ႔လည္း လုိတယ္။ ဒီအတြက္ ခရီးရွည္တစ္ခု သြားဖုိ႔ကုိ ျပင္ဆင္ထားရမယ္။

ကုိယ့္ရဲ႕ ဖက္ရွည္ထည္မွာ ကုိယ္ပုိင္မူဟန္အျဖစ္ ေျပာလုိ႔ရတာ ဘာရွိသလဲ။ ‘‘ဖက္ရွင္ေရစီးေၾကာင္းေတြက မ်ားတယ္။ ဒါေပမဲ့ ကၽြန္မတုိ႔က ျမန္မာႏုိင္ငံ ရာသီဥတု ယဥ္ေက်းမႈနဲ႔ကုိက္တဲ့ ႐ုိးရာမပ်က္ ဖက္ရွင္ဒီဇုိင္းေတြကုိပဲ ဂ႐ုတစုိက္နဲ႔ ထုတ္လုပ္ေရာင္းခ်ပါတယ္’’
‘‘ဟုိမွာ ဘာေတြ ေခတ္စားေနသလဲ။ အဲဒီဟာက ဒီမွာ ၀တ္ရင္အဆင္ေျပလား။ ေျပတယ္ဆုိရင္ ကၽြန္မတုိ႔ ဆုိင္မွာ တင္ေရာင္းပါတယ္။ ေခတ္မီတဲ့အျပင္ သ႐ုပ္မပ်က္ဘူးေပါ့’’
‘‘ဒါက ဖြားစု၀တ္တဲ့ ဟာမ်ဳိးေလ။ ကၽြန္မတုိ႔က ဖြားစု ၀တ္တာေတြကုိ အၿမဲၾကည့္ေနတာ။ ၿပီးရင္ ဘယ္မွာ ေဈးသက္သက္သာသာနဲ႔ ရႏုိင္မလဲ။ လုိက္ရွာၿပီး မွာယူတယ္။ ဆုိင္မွာ တင္တယ္’’

အဲဒီလုိ ေျပာစရာ လက္သုံးစကား ရွိေအာင္လုပ္ပါ။ ဇြဲေကာင္းေကာင္းနဲ႔ အဲဒီလက္သုံးစကားကုိ ဆက္လက္က်င့္သုံးပါ။ အခုေရၾကည္တြင္းတူး အခုေရၾကည္ ရခ်င္မွရမယ္။ အခ်ိန္တန္ရင္ ႏြားပိန္ကန္ပါလိမ့္မယ္။

ေဈးကြက္တင္တဲ့အခါ ေရႊစက္၀ုိင္းမ်ားဆုိတာ Golden Circle ရွိတယ္။ အျပင္ဆုံးစက္၀ုိင္းက what ဘာလဲ ဆုိတာျဖစ္ပါတယ္။ ငါတုိ႔ လုပ္ေနတာ ဘာလဲဆုိတာ ေကာင္းေကာင္းသိေအာင္ ေဖာ္ထုတ္သတ္မွတ္ေပးထားရမယ္။


အဲဒါက ဘယ္လုိ ဖက္ရွင္ထည္ေတြကုိ ေရာင္းေနသလဲ။ ေဈးေတြက ဘယ္ေလာက္လဲ စတာေတြကုိ ဆုိလုိပါတယ္။
ဒုတိယစက္၀ုိင္းက how ဘယ္လုိလဲ ဆုိတာ ျဖစ္ပါတယ္။ ငါတုိ႔ ဘယ္လုိလုပ္ကုိင္ၾကသလဲဆုိတာ ေကာင္းေကာင္းသိေအာင္ ေဖာ္ထုတ္သတ္မွတ္ေပးထားရမယ္။
အဲဒါက လုပ္ကုိင္ေနတာေတြက သီးသန္႔စပါယ္ရွယ္ ျဖစ္ရဲ႕လား။ ၿပိဳင္ဘက္ေတြထဲမွာ ခြဲထြက္ရဲ႕လား ဆုိတာေတြ ျဖစ္ပါတယ္။
အတြင္းဘက္ အက်ဆုံး စက္၀ုိင္းက why ဘာေၾကာင့္လဲဆုိတာ ျဖစ္ပါတယ္။ ငါတုိ႔ လုပ္ကုိင္ေနတာ ဘာေၾကာင့္လဲ။ ပုိက္ဆံရဖုိ႔အတြက္ပဲ လုပ္ေနတာ မျဖစ္ရဘူး။ ရည္ရြယ္ခ်က္ေတြနဲ႔ ရလဒ္ေတြ ရွိရမယ္။ ရည္ရြယ္ခ်က္နဲ႔ ရလဒ္တုိ႔ဟာ ခုတ္ရာတျခား ရွရာတျခား မျဖစ္ရဘူး။ ေစတနာေကာင္းထားၿပီး လုပ္ကုိင္တဲ့ ရည္ရြယ္ခ်က္ ျဖစ္ရမယ္။ ခံယူခ်က္အျဖစ္ ထားရွိလုိ႔ရမယ့္ဟာ ျဖစ္ရမယ္။ ခံယုူခ်က္ရွိမွ ရပ္တည္ခ်က္ဆုိတာ ခုိင္ၿမဲမယ္။ ရပ္တည္ခ်က္ ခုိင္ၿမဲမွ အမွတ္တံဆိပ္ ခုိင္မာမယ္။ ဖက္ရွင္ဆုိင္ တည္ရွိေနရျခင္းရဲ႕ အေၾကာင္းတရားအျဖစ္ သတ္မွတ္လုိ႔ရမယ့္ ရည္ရြယ္ခ်က္ ျဖစ္ရမယ္။ လက္ေတြ႕က်က် ျဖစ္ႏုိင္မယ့္ ရည္ရြယ္ခ်က္ ျဖစ္ရမယ္။

အမွတ္တံဆိပ္ကုိ လူသိမ်ားေအာင္ ေဖ့စ္ဘုတ္နဲ႔ အင္စတာဂရမ္တုိ႔မွာ တင္ျပတဲ့အခါ ဘာလဲ၊ ဘယ္လုိလဲ၊ ဘာေၾကာင့္လဲ ဆုိတာေတြကုိ ထင္ဟပ္ျပသေပးမယ့္ ပုံေတြကုိ တင္ရမယ္။ ေၾသာ္ ဒီအမွတ္တံဆိပ္ ဖက္ရွင္ထည္ေတြက ဒီလုိပါလားဆုိတာကုိ သေဘာေပါက္ေအာင္ ပုံေတြကေနတစ္ဆင့္ အသိေပးရမယ္။
ဒါဟာ ဒီဂ်စ္တယ္ မီဒီယာကုိ လက္နက္ကိရိယာအျဖစ္ အခမဲ့ သုံးစြဲတာ ျဖစ္ပါတယ္။ ပုိ႔စ္ေတြကုိ မွန္မွန္တင္ပါ။ အမွတ္တံဆိပ္ကုိ ေၾကာ္ျငာတာအျပင္ ဗဟုသုတ ရစရာေလးေတြကုိပါ လုိက္ရွာၿပီး ကူးယူေဖာ္ျပေပးပါ။ ေဖ့စ္ဘုတ္မွာ ဘုစ္လုပ္သင့္ရင္ လုပ္ပါ။
ေရရွည္လုပ္ကုိင္ရမယ့္ ေၾကာ္ျငာနည္းက တစ္ဆင့္စကား တစ္ဆင့္ၾကားၿပီး ပ်ံ႕ႏွံ႕ေစတာ ျဖစ္ပါတယ္။ ဒီအတြက္ ျဖတ္လမ္းနည္းေတြ ရွိေနေပမဲ့ မသုံးပါနဲ႔။ တကယ္၀ယ္၀တ္ၾကတဲ့သူေတြ စိတ္တုိင္းက်လုိ႔ တျခားသူေတြကုိ ကိုယ့္ရဲ႕ ဖက္ရွည္ထည္ေတြကုိ ၀ယ္၀တ္ဖုိ႔ အႀကံေပးတုိက္တြန္းတဲ့အျဖစ္ကုိ ရေအာင္ စိတ္ရွည္ရွည္ျဖင့္ လုပ္ကုိင္ပါ။ ဆက္ဆံေရး၊ ပ်ဴငွာျခင္း၊ အေရးတယူရွိျခင္း၊ အေျပာအဆုိညက္ျခင္း၊ ပစၥည္းေကာင္းျခင္း၊ ေဈးသင့္တင့္ျခင္း စတာေတြဟာ ကုိယ့္ဖက္ရွင္ထည္ေတြကုိ စကားပ်ံ႕ႏွံ႔ေစမယ့္ အခ်က္ေတြ ျဖစ္ပါတယ္။
မွာလုိက္ရင္ ခ်က္ခ်င္းလာပုိ႔ေပးတယ္ ဆုိတာမ်ဳိးကအစ ဂ႐ုစုိက္ပါ။ ေဈး၀ယ္စဥ္မွာ ႀကံဳေတြ႕ရတဲ့အေတြ႕အႀကံဳေတြက အရမ္းအေရးႀကီးပါတယ္။ ပစၥည္းဘယ္လိုပဲ ေကာင္းေနေန၊ ေဈးေတြက ဘယ္လုိပဲတန္ေနေန အေပါက္ဆုိးတဲ့ဆုိင္၊ ကုိယ့္ကုိ မတူသလုိ မတန္သလုိ အေရးမလုပ္တဲ့ဆုိင္မွာ ဘယ္သူက ၀ယ္ခ်င္မွာလဲ။

Guide for Marketing your fashion product

အပြိုင်အဆိုင်တွကြေားမှာ ဖက်ရှင်ထည်ကို ရောင်းရဖို့ လုပ်ကိုင်တဲ့အခါ ပစ်မှတ်ထားရမယ့် ဝယ်ယူသူတွေကို ကိုယ့်ရဲ့ ဝယ်လက်ဖြစ်အောင် လုပ်နိုင်ဖို့ အရေးကြီးတယ်။
ဖက်ရှင်ထည်တွေကို ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ရောင်းချချင်တယ်ဆိုရင် ရှေ့ကို မလှမ်းခင် နောက်တစ်လှမ်းဆုတ်ပြီး ကိုယ်ရောင်းချမယ့် ဖက်ရှင်ထည်တွေကို ဆန်းစစ်သုံးသပ်ရမယ်။ ဒီဇိုင်းတွေ ဆန်းပြားလှပနေရုံဖြင့် မပြီးဘူး။ ရောင်းချတဲ့အခါ အမြတ်ရဖို့လည်း လိုတယ်။ ကိုယ့်ရဲ့ အမှတ်တံဆိပ်အသစ်က ပေါက်သွားဖို့လည်း လိုတယ်။ ဒီအတွက် ခရီးရှည်တစ်ခု သွားဖို့ကို ပြင်ဆင်ထားရမယ်။

ကိုယ့်ရဲ့ ဖက်ရှည်ထည်မှာ ကိုယ်ပိုင်မူဟန်အဖြစ် ပြောလို့ရတာ ဘာရှိသလဲ။ ‘‘ဖက်ရှင်ရေစီးကြောင်းတွေက များတယ်။ ဒါပေမဲ့ ကျွန်မတို့က မြန်မာနိုင်ငံ ရာသီဥတု ယဉ်ကျေးမှုနဲ့ကိုက်တဲ့ ရိုးရာမပျက် ဖက်ရှင်ဒီဇိုင်းတွေကိုပဲ ဂရုတစိုက်နဲ့ ထုတ်လုပ်ရောင်းချပါတယ်’’
‘‘ဟိုမှာ ဘာတွေ ခေတ်စားနေသလဲ။ အဲဒီဟာက ဒီမှာ ဝတ်ရင်အဆင်ပြေလား။ ပြေတယ်ဆိုရင် ကျွန်မတို့ ဆိုင်မှာ တင်ရောင်းပါတယ်။ ခေတ်မီတဲ့အပြင် သရုပ်မပျက်ဘူးပေါ့’’
‘‘ဒါက ဖွားစုဝတ်တဲ့ ဟာမျိုးလေ။ ကျွန်မတို့က ဖွားစု ဝတ်တာတွေကို အမြဲကြည့်နေတာ။ ပြီးရင် ဘယ်မှာ ဈေးသက်သက်သာသာနဲ့ ရနိုင်မလဲ။ လိုက်ရှာပြီး မှာယူတယ်။ ဆိုင်မှာ တင်တယ်’’

အဲဒီလို ပြောစရာ လက်သုံးစကား ရှိအောင်လုပ်ပါ။ ဇွဲကောင်းကောင်းနဲ့ အဲဒီလက်သုံးစကားကို ဆက်လက်ကျင့်သုံးပါ။ အခုရကြေည်တွင်းတူး အခုရကြေည် ရချင်မှရမယ်။ အချိန်တန်ရင် နွားပိန်ကန်ပါလိမ့်မယ်။

ဈေးကွက်တင်တဲ့အခါ ရွှေစက်ဝိုင်းများဆိုတာ Golden Circle ရှိတယ်။ အပြင်ဆုံးစက်ဝိုင်းက what ဘာလဲ ဆိုတာဖြစ်ပါတယ်။ ငါတို့ လုပ်နေတာ ဘာလဲဆိုတာ ကောင်းကောင်းသိအောင် ဖော်ထုတ်သတ်မှတ်ပေးထားရမယ်။
အဲဒါက ဘယ်လို ဖက်ရှင်ထည်တွေကို ရောင်းနေသလဲ။ ဈေးတွေက ဘယ်လောက်လဲ စတာတွေကို ဆိုလိုပါတယ်။
ဒုတိယစက်ဝိုင်းက how ဘယ်လိုလဲ ဆိုတာ ဖြစ်ပါတယ်။ ငါတို့ ဘယ်လိုလုပ်ကိုင်ကြသလဲဆိုတာ ကောင်းကောင်းသိအောင် ဖော်ထုတ်သတ်မှတ်ပေးထားရမယ်။
အဲဒါက လုပ်ကိုင်နေတာတွေက သီးသန့်စပါယ်ရှယ် ဖြစ်ရဲ့လား။ ပြိုင်ဘက်တွေထဲမှာ ခွဲထွက်ရဲ့လား ဆိုတာတွေ ဖြစ်ပါတယ်။
အတွင်းဘက် အကျဆုံး စက်ဝိုင်းက why ဘာကြောင့်လဲဆိုတာ ဖြစ်ပါတယ်။ ငါတို့ လုပ်ကိုင်နေတာ ဘာကြောင့်လဲ။ ပိုက်ဆံရဖို့အတွက်ပဲ လုပ်နေတာ မဖြစ်ရဘူး။ ရည်ရွယ်ချက်တွေနဲ့ ရလဒ်တွေ ရှိရမယ်။ ရည်ရွယ်ချက်နဲ့ ရလဒ်တို့ဟာ ခုတ်ရာတခြား ရှရာတခြား မဖြစ်ရဘူး။ စေတနာကောင်းထားပြီး လုပ်ကိုင်တဲ့ ရည်ရွယ်ချက် ဖြစ်ရမယ်။ ခံယူချက်အဖြစ် ထားရှိလို့ရမယ့်ဟာ ဖြစ်ရမယ်။ ခံယုူချက်ရှိမှ ရပ်တည်ချက်ဆိုတာ ခိုင်မြဲမယ်။ ရပ်တည်ချက် ခိုင်မြဲမှ အမှတ်တံဆိပ် ခိုင်မာမယ်။ ဖက်ရှင်ဆိုင် တည်ရှိနေရခြင်းရဲ့ အကြောင်းတရားအဖြစ် သတ်မှတ်လို့ရမယ့် ရည်ရွယ်ချက် ဖြစ်ရမယ်။ လက်တွေ့ကျကျ ဖြစ်နိုင်မယ့် ရည်ရွယ်ချက် ဖြစ်ရမယ်။

အမှတ်တံဆိပ်ကို လူသိများအောင် ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်တို့မှာ တင်ပြတဲ့အခါ ဘာလဲ၊ ဘယ်လိုလဲ၊ ဘာကြောင့်လဲ ဆိုတာတွေကို ထင်ဟပ်ပြသပေးမယ့် ပုံတွေကို တင်ရမယ်။ သြော် ဒီအမှတ်တံဆိပ် ဖက်ရှင်ထည်တွေက ဒီလိုပါလားဆိုတာကို သဘောပေါက်အောင် ပုံတွေကနေတစ်ဆင့် အသိပေးရမယ်။
ဒါဟာ ဒီဂျစ်တယ် မီဒီယာကို လက်နက်ကိရိယာအဖြစ် အခမဲ့ သုံးစွဲတာ ဖြစ်ပါတယ်။ ပို့စ်တွေကို မှန်မှန်တင်ပါ။ အမှတ်တံဆိပ်ကို ကြော်ငြာတာအပြင် ဗဟုသုတ ရစရာလေးတွေကိုပါ လိုက်ရှာပြီး ကူးယူဖော်ပြပေးပါ။ ဖေ့စ်ဘုတ်မှာ ဘုစ်လုပ်သင့်ရင် လုပ်ပါ။
ရေရှည်လုပ်ကိုင်ရမယ့် ကြော်ငြာနည်းက တစ်ဆင့်စကား တစ်ဆင့်ကြားပြီး ပျံ့နှံ့စေတာ ဖြစ်ပါတယ်။ ဒီအတွက် ဖြတ်လမ်းနည်းတွေ ရှိနေပေမဲ့ မသုံးပါနဲ့။ တကယ်ဝယ်ဝတ်ကြတဲ့သူတွေ စိတ်တိုင်းကျလို့ တခြားသူတွေကို ကိုယ့်ရဲ့ ဖက်ရှည်ထည်တွေကို ဝယ်ဝတ်ဖို့ အကြံပေးတိုက်တွန်းတဲ့အဖြစ်ကို ရအောင် စိတ်ရှည်ရှည်ဖြင့် လုပ်ကိုင်ပါ။ ဆက်ဆံရေး၊ ပျူငှါခြင်း၊ အရေးတယူရှိခြင်း၊ အပြောအဆိုညက်ခြင်း၊ ပစ္စည်းကောင်းခြင်း၊ ဈေးသင့်တင့်ခြင်း စတာတွေဟာ ကိုယ့်ဖက်ရှင်ထည်တွေကို စကားပျံ့နှံ့စေမယ့် အချက်တွေ ဖြစ်ပါတယ်။
မှာလိုက်ရင် ချက်ချင်းလာပို့ပေးတယ် ဆိုတာမျိုးကအစ ဂရုစိုက်ပါ။ ဈေးဝယ်စဉ်မှာ ကြုံတွေ့ရတဲ့အတွေ့အကြုံတွေက အရမ်းအရေးကြီးပါတယ်။ ပစ္စည်းဘယ်လိုပဲ ကောင်းနေနေ၊ ဈေးတွေက ဘယ်လိုပဲတန်နေနေ အပေါက်ဆိုးတဲ့ဆိုင်၊ ကိုယ့်ကို မတူသလို မတန်သလို အရေးမလုပ်တဲ့ဆိုင်မှာ ဘယ်သူက ဝယ်ချင်မှာလဲ။

Read 799 times
Rate this item
(0 votes)