What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆန္းျပားတဲ့ အမ်ဳိသမီး၀တ္ ဂ်င္းေဘာင္းဘီ

ကမၻာႀကီး ပူေႏြးလာျခင္း(Global warming) နဲ႔အတူ ေႏြရာသီအတြက္ အမ်ဳိးသမီး၀တ္ ဂ်င္းေဘာင္းဘီေတြကုိ ေလ၀င္ေလထြက္ေကာင္းေအာင္ ဒီဇုိင္းထုတ္ၾကတာလားလုိ႔ ေမးစရာ ျဖစ္ေနတဲ့ အမ်ဳိးသမီး၀တ္ ဂ်င္းေဘာင္းဘီ ဒီဇုိင္းဆန္းေတြ အခုလပုိင္းမွာ အလွ်ုိလွ်ဳိ ေပၚထြက္လာေနၿပီး ထုတ္လုပ္တဲ့ ဖက္ရွင္လုပ္ငန္းေတြက ကမၻာထိပ္တန္း ဖက္ရွင္လုပ္ငန္းေတြ ျဖစ္ေၾကာင္း ေတြ႕ရပါတယ္။ ေအးရာေအးေၾကာင္း ႀကံဆေပးထားလုိ႔ ေလေျပေလညင္း တုိက္ခတ္တာကုိ ခံစားသိရွိႏုိင္ေစပါတယ္။

59a5ac7224000032004ba4d2

ၿဗိတိန္ႏုိင္ငံမွ ထိပ္တန္းဖက္ရွင္ထည္လုပ္ငန္း ေအ့စ္အုိစ္ (ASOS)က ဆန္းျပားတဲ့ အမ်ဳိးသမီး၀တ္ဂ်င္းေဘာင္းဘီကုိ တစ္ထည္လွ်င္ အေမရိကန္ေဒၚလာ ၆၀ လက္လီေစ်းျဖင့္ ေရာင္းခ်ခဲ့ရ လူေျပာမ်ားခဲ့ပါတယ္။ ထူးျခားခ်က္ကေတာ့ တင္းပါးဆုံအေပၚဘက္မွာ ျဖတ္ထုတ္ေပးထားတာ ျဖစ္ပါတယ္။ ေရွ႕တည့္တည့္က ၾကည့္ရင္ ျမင္ေနက် ဂ်င္းေဘာင္းဘီ ျဖစ္ၿပီး ေနာက္ေက်ာဘက္ကၾကည့္ရင္ေတာ့ wow  လုိ႔ မန္႔ရမယ့္ ဂ်င္းေဘာင္းဘီရွည္ ျဖစ္ပါတယ္။ ေဗြေဆာ္ဦး ထုတ္လုပ္တဲ့ ေနာက္ပြင့္ ဂ်င္းေဘာင္းဘီေတြကုိ အမည္းေရာင္ တစ္မ်ဳိးတည္းျဖင့္သာ စတင္ခ့ဲတယ္လုိ႔ သိရပါတယ္။ေအ့စ္အုိရဲ႕ ေနာက္ပြင့္ ဂ်င္းေဘာင္းဘီေတြရဲ႕ ေနာက္ပြင့္အလယ္ေနရာမွာ ဂ်င္းႀကိဳးျပားစတစ္စထည့္ေပးထားၿပီး တင္ပါးဆုံႏွစ္ခုရဲ႕ ခြၾကားေနရာတည့္တည့္မွာ ရွိေနေစပါတယ္။ အဲဒီဒီဇုိင္းဟာ ပုိက္ျပင္ဆရာေတြ ကုန္းကုန္းကြကြျဖင့္ အလုပ္လုပ္တဲ့အခါမွာ တင္ပါးေပၚတာမ်ဳိးကုိ ဖန္တီးေပးထားတာလုိ႔ ဆုိပါတယ္။

အဂၤလိပ္ဘာသာစကားမွာေတာ့ ပုိက္ျပင္သူရဲ႕ တင္ပါးဆုံ (plumber’s butt) လုိ႔ ေခၚေ၀ၚသုံးႏႈန္းပါတယ္။ အဲဒါကုိ ဖက္ရွင္အျဖစ္ ႀကံဆသုံးစြဲလုိက္တဲ့အခါမွာ ေလ၀င္ေလထြက္ ေကာင္းသြားတဲ့အျပင္ ၀တ္ဆင္သူ အမ်ဳိးသမီးရဲ႕ တင္ပါးဆုံအလွကုိ ျပသ၀င့္ၾကြားလုိ႔ ရေနေစတဲ့ ဒီဇုိင္းဆန္း ျဖစ္ပါတယ္။ 

ctyp 6542453plumbers butt2

အေနာက္တုိင္းမွာ အခုလပုိင္းအတြင္း ဂ်င္းေဘာင္းဘီ အဆန္းေတြ ဆန္းသစ္တီထြင္ၿပီး ထုတ္လုပ္ေရာင္းခ်တာမွာ ေနာက္တစ္မ်ဳိး မ႐ုိးရေအာင္ တုိးသြားတာလုိ႔ ဖက္ရွင္ေလာက ေ၀ဖန္သူေတြက ဆုိၾကပါတယ္။ ပုိက္ျပင္ဆရာ တင္ပါးေပၚတာဟာ အရွက္ရစရာျဖစ္ၿပီး မလုိလားစရာ ျဖစ္ေနတာကုိ လုိလားစရာအျဖစ္ ေျပာင္းျပန္လွန္ပစ္လုိက္တာလုိ႔ ေထာက္ခံသူေတြက ဆုိပါတယ္။ တင္ပါးေပၚတာကုိ ဖက္ရွင္ျဖစ္ေအာင္ လုပ္ေပးထားတာ ျဖစ္ေပမဲ့ ကြာျခားခ်က္ေတာ့ ရွိေနပါတယ္။ေအ့စ္အုိစ္က ေဘာင္းဘီေနာက္ဘက္မွာ အသားလွီးထုတ္ၿပီး အေပါက္ေဖာက္ေပးထားတာ မွန္ေပမဲ့ ေဘာင္းဘီရဲ႕ ခါးပတ္ေနရာကုိ သာမန္ဂ်င္းေဘာင္းဘီေတြထက္ ပုိျမင့္ေအာင္ ျမႇင့္ေပးထားပါတယ္။ ဒီေတာ့ အေပါက္ေတြရဲ႕ေနရာဟာ တင္ပါးဆုံနဲ႔ ေနရာလြဲသြားေစပါတယ္။ ေနာက္ပြင့္ ‘open back’ လုိ႔ အမည္တြင္ၿပီး လျခမ္းပုံ အေပါက္ေဖာက္ထားပါတယ္။ ဒါေပမဲ့ ေဆာင့္ေၾကာင့္ထုိင္မယ္ဆုိရင္ေတာ့ လျပည့္လုိ ေပၚေနမယ္လုိ႔ ေ၀ဖန္ခံရပါတယ္။

ေဘာင္းဘီဒီဇုိင္းကုိ အျပည့္အစုံေျပာရရင္ ေနာက္ပြင့္ ခါးျမင့္ အေျဖာင့္ေျခ ဂ်င္း “high waisted straight leg jeans with open back” ျဖစ္ပါတယ္။

43A7D84D00000578 4831016 All exposed Last April French brand Vetements launched these zip m 102 1503952833920

ခါးပတ္ေနရာ ေအာက္ဖက္နားမွာ အေပါက္ေတြ ေဖာက္ထားတဲ့ အမ်ဳိးသမီး၀တ္ ဂ်င္းေဘာင္းဘီ ဆန္းဆန္းျပားျပားေတြ တစ္ေခတ္ထတာမွာ ျပင္သစ္မွ Vetements က အေမရိကန္မွ Levis နဲ႔အတူ ပူးေပါင္းၿပီး တင္ပါးဆုံကုိ ျပသဖုိ႔ ဇစ္ထည့္ေပးထားတဲ့ ဂ်င္းေဘာင္းဘီကို ထုတ္လုပ္ခဲ့ပါတယ္။ ဇစ္ပြင့္လ်က္သားျဖင့္ ၀တ္ဆင္မယ္ဆုိရင္ ျမင္ရသူေတြအဖုိ႔ စိတ္ကူးၾကည့္စရာ သိပ္မက်န္ဘူးလုိ႔ သုံးသပ္ၾကပါတယ္။ေဈးကေတာ့ မေသးဘူး။ တစ္ထည္ကုိ အေမရိကန္ေဒၚလာ ၁,၇၀၀ ျဖစ္ပါတယ္။ ၀တ္ဆင္သူက ဆႏၵရွိရင္ လွပ္ျပလုိ႔ရၿပီး ဆႏၵမရွိရင္ ဇစ္ဆြဲပိတ္ထားလုိ႔ ရပါတယ္။ ေအ့စ္အုိစ္ရဲ႕ ေနာက္ပြင့္ဂ်င္းမွာေတာ့ အဲဒီလုိ ေရြးခ်ယ္ခြင့္ မရွိပါဘူး။ ဒါေပမဲ့ ဇစ္ဖြင့္ျပထားသလုိေတာ့ အျမင္မ႐ုိင္းဘူး။ ဇစ္ေပါက္ပါတဲ့ ဂ်င္းေဘာင္းဘီရဲ႕ ဇစ္ဖြင့္ျပထားလုိ႔ တင္ပါးဆုံတစ္ျခမ္းေပးေနတဲ့ပုံဟာ လူမႈကြန္ရက္ Instagram မွာ ပြဲဆူသြားခဲ့ပါတယ္။ ေလွာင္ေျပာင္ေျပာဆုိေရးသားတဲ့ ကြန္မင့္ေတြ ေပၚထြက္ခဲ့ပါတယ္။

43A7D62300000578 0 image a 72 1503950314983

ေနာက္ထပ္ အေပါက္ေဖာက္ပုံတစ္မ်ဳိးကေတာ့ေနာက္ပြင့္ ေဘးပြင့္ဒီဇုိင္းျဖစ္ၿပီး ေရွ႕ဘက္ေဘာင္းဘီအိတ္ေထာင္ေတြေနရာမွာအိတ္ေထာင္ မပါေတာ့ဘဲ အေပါက္ဖြင့္ေပးထားတာ ျဖစ္ပါတယ္။ 

kylie jenner butt cheeks main oPt

ေလေပါက္ေဖာက္တာကုိ ယခင္က ဂ်င္း၀တ္ဆင္သူေတြ သုံးစြဲခဲ့ဖူးၾကပါတယ္။

 အသုံးမ်ားတဲ့နည္းကေတာ့ ဂ်င္းသား စုတ္ၿပဲေနသလုိမ်ဳိး အေပါက္ေဖာက္ၾကတာ ျဖစ္ပါတယ္။

Kylie Jenner တင္ပါးဆုံ ေအာက္နားမွာ အၿပဲေပါက္ ဖန္တီးၿပီး ၀တ္ဆင္ခဲ့တာမွာအဲဒီ မေတာ္တေရာ္ပုံ လူမႈကြန္ရက္ Instagram မွာ တက္လာၿပီးအုတ္အုတ္က်က္က်က္ ျဖစ္သြားခဲ့ပါတယ္။ 

594172222200002d00c6e0ce594179a61d00002900cc2f82

ေနာက္ထပ္ အုတ္ေအာ္ေသာင္းတင္း ျဖစ္ခဲ့တဲ့ ဂ်င္းေဘာင္းဘီရွည္ကေတာ့ ေဘာင္းဘီ အတုိအျဖစ္လည္း အလြယ္တကူ ေျပာင္းလုိ႔ရေအာင္ ေဘာင္းဘီ အထက္ပုိင္းနဲ႔ ေအာက္ပုိင္းတုိ႔ကုိ တြဲေပးထားတဲ့ detachable jean ျဖစ္ပါတယ္။ အျဖဴေရာင္အဆင္းရွိတဲ့ detachable jean ကုိ အသက္ ၂၂ ႏွစ္ရွိသူ ေမာ္ဒယ္ Gigi Hadid က နယူေယာက္ၿမိဳ႕မွာ ၀တ္ဆင္ခဲ့ပါတယ္။ Y Project မွ ႀကံစည္ထုတ္လုပ္တဲ့ ဂ်င္းေဘာင္းဘီ ျဖစ္ၿပီး ေဈးႏႈန္းက ကန္ေဒၚလာ ၃၃၂ ျဖစ္ပါတယ္။ ေဘာင္းဘီေအာက္ေျခမွာ ႀကိဳးမွ်င္ျဖင့္ အလွခ်ည္ၿပီး အလွတိုးေအာင္ ဖန္တီးေပးထားပါတယ္။. လက္ထဲကုိင္ထားတဲ့ လက္ေပြ႕အိတ္ငယ္ကေတာ့ Stalvey မွ ထုတ္လုပ္ေရာင္းခ်တဲ့ အိတ္ျဖစ္ၿပီး ေဈးႏႈန္းက အေမရိကန္ေဒၚလာ ၄,၈၀၀ ျဖစ္ပါတယ္။ တကယ့္ ကင္းလိပ္ေလွ်ာအေရခြံျဖင့္ အုပ္ကာေပးၿပီး အလွဆင္ေပးထားတဲ့ လက္ဆြဲအိတ္ငယ္ ျဖစ္ပါတယ္။

 

Unicode version

ကမ္ဘာကြီး ပူနွေးလာခြင်း(Global warming) နဲ့အတူ နွေရာသီအတွက် အမျိုးသမီးဝတ် ဂျင်းဘောင်းဘီတွေကို လေဝင်လေထွက်ကောင်းအောင် ဒီဇိုင်းထုတ်ကြတာလားလို့ မေးစရာ ဖြစ်နေတဲ့ အမျိုးသမီးဝတ် ဂျင်းဘောင်းဘီ ဒီဇိုင်းဆန်းတွေ အခုလပိုင်းမှာ အလျှိုလျှို ပေါ်ထွက်လာနပြေီး ထုတ်လုပ်တဲ့ ဖက်ရှင်လုပ်ငန်းတွေက ကမ္ဘာ့ထိပ်တန်း ဖက်ရှင်လုပ်ငန်းတွေ ဖြစ်ကြောင်း တွေ့ရပါတယ်။ အေးရာအေးကြောင်း ကြံဆပေးထားလို့ လေပြေလေညင်း တိုက်ခတ်တာကို ခံစားသိရှိနိုင်စေပါတယ်။

ဗြိတိန်နိုင်ငံမှ ထိပ်တန်းဖက်ရှင်ထည်လုပ်ငန်း အေ့စ်အိုစ် (ASOS)က ဆန်းပြားတဲ့ အမျိုးသမီးဝတ်ဂျင်းဘောင်းဘီကို တစ်ထည်လျှင် အမေရိကန်ဒေါ်လာ ၆၀ လက်လီဈေးဖြင့် ရောင်းချခဲ့ရ လူပြောများခဲ့ပါတယ်။ ထူးခြားချက်ကတော့ တင်းပါးဆုံအပေါ်ဘက်မှာ ဖြတ်ထုတ်ပေးထားတာ ဖြစ်ပါတယ်။ ရှေ့တည့်တည့်က ကြည့်ရင် မြင်နေကျ ဂျင်းဘောင်းဘီ ဖြစ်ပြီး နောက်ကျောဘက်ကကြည့်ရင်တော့ wow လို့ မန့်ရမယ့် ဂျင်းဘောင်းဘီရှည် ဖြစ်ပါတယ်။ ဗွေဆော်ဦး ထုတ်လုပ်တဲ့ နောက်ပွင့် ဂျင်းဘောင်းဘီတွေကို အမည်းရောင် တစ်မျိုးတည်းဖြင့်သာ စတင်ခဲ့တယ်လို့ သိရပါတယ်။

အေ့စ်အိုရဲ့ နောက်ပွင့် ဂျင်းဘောင်းဘီတွေရဲ့ နောက်ပွင့်အလယ်နေရာမှာ ဂျင်းကြိုးပြားစတစ်စထည့်ပေးထားပြီး တင်ပါးဆုံနှစ်ခုရဲ့ ခွကြားနေရာတည့်တည့်မှာ ရှိနေစေပါတယ်။ အဲဒီဒီဇိုင်းဟာ ပိုက်ပြင်ဆရာတွေ ကုန်းကုန်းကွကွဖြင့် အလုပ်လုပ်တဲ့အခါမှာ တင်ပါးပေါ်တာမျိုးကို ဖန်တီးပေးထားတာလို့ ဆိုပါတယ်။

အင်္ဂလိပ်ဘာသာစကားမှာတော့ ပိုက်ပြင်သူရဲ့ တင်ပါးဆုံ (plumber’s butt) လို့ ခေါ်ဝါ်သုံးနှုန်းပါတယ်။ အဲဒါကို ဖက်ရှင်အဖြစ် ကြံဆသုံးစွဲလိုက်တဲ့အခါမှာ လေဝင်လေထွက် ကောင်းသွားတဲ့အပြင် ဝတ်ဆင်သူ အမျိုးသမီးရဲ့ တင်ပါးဆုံအလှကို ပြသဝင့်ကြွားလို့ ရနေစေတဲ့ ဒီဇိုင်းဆန်း ဖြစ်ပါတယ်။

အနောက်တိုင်းမှာ အခုလပိုင်းအတွင်း ဂျင်းဘောင်းဘီ အဆန်းတွေ ဆန်းသစ်တီထွင်ပြီး ထုတ်လုပ်ရောင်းချတာမှာ နောက်တစ်မျိုး မရိုးရအောင် တိုးသွားတာလို့ ဖက်ရှင်လောကေဝဖန်သူတွေက ဆိုကြပါတယ်။ ပိုက်ပြင်ဆရာ တင်ပါးပေါ်တာဟာ အရှက်ရစရာဖြစ်ပြီး မလိုလားစရာ ဖြစ်နေတာကို လိုလားစရာအဖြစ် ပြောင်းပြန်လှန်ပစ်လိုက်တာလို့ ထောက်ခံသူတွေက ဆိုပါတယ်။ တင်ပါးပေါ်တာကို ဖက်ရှင်ဖြစ်အောင် လုပ်ပေးထားတာ ဖြစ်ပေမဲ့ ကွာခြားချက်တော့ ရှိနေပါတယ်။

အေ့စ်အိုစ်က ဘောင်းဘီနောက်ဘက်မှာ အသားလှီးထုတ်ပြီး အပေါက်ဖောက်ပေးထားတာ မှန်ပေမဲ့ ဘောင်းဘီရဲ့ ခါးပတ်နေရာကို သာမန်ဂျင်းဘောင်းဘီတွေထက် ပိုမြင့်အောင် မြှင့်ပေးထားပါတယ်။ ဒီတော့ အပေါက်တွေရဲ့နေရာဟာ တင်ပါးဆုံနဲ့ နေရာလွဲသွားစေပါတယ်။ နောက်ပွင့် ‘open back’ လို့ အမည်တွင်ပြီး လခြမ်းပုံ အပေါက်ဖောက်ထားပါတယ်။ ဒါပေမဲ့ ဆောင့်ကြောင့်ထိုင်မယ်ဆိုရင်တော့ လပြည့်လို ပေါ်နေမယ်လို့ေဝဖန်ခံရပါတယ်။

ဘောင်းဘီဒီဇိုင်းကို အပြည့်အစုံပြောရရင် နောက်ပွင့် ခါးမြင့် အဖြောင့်ခြေ ဂျင်း “high waisted straight leg jeans with open back” ဖြစ်ပါတယ်။

ခါးပတ်နေရာ အောက်ဖက်နားမှာ အပေါက်တွေ ဖောက်ထားတဲ့ အမျိုးသမီးဝတ် ဂျင်းဘောင်းဘီ ဆန်းဆန်းပြားပြားတွေ တစ်ခေတ်ထတာမှာ ပြင်သစ်မှ Vetements က အမေရိကန်မှ Levis နဲ့အတူ ပူးပေါင်းပြီး တင်ပါးဆုံကို ပြသဖို့ ဇစ်ထည့်ပေးထားတဲ့ ဂျင်းဘောင်းဘီကို ထုတ်လုပ်ခဲ့ပါတယ်။ ဇစ်ပွင့်လျက်သားဖြင့် ဝတ်ဆင်မယ်ဆိုရင် မြင်ရသူတွေအဖို့ စိတ်ကူးကြည့်စရာ သိပ်မကျန်ဘူးလို့ သုံးသပ်ကြပါတယ်။

ဈေးကတော့ မသေးဘူး။ တစ်ထည်ကို အမေရိကန်ဒေါ်လာ ၁,၇၀၀ ဖြစ်ပါတယ်။ ဝတ်ဆင်သူက ဆန္ဒရှိရင် လှပ်ပြလို့ရပြီး ဆန္ဒမရှိရင် ဇစ်ဆွဲပိတ်ထားလို့ ရပါတယ်။ အေ့စ်အိုစ်ရဲ့ နောက်ပွင့်ဂျင်းမှာတော့ အဲဒီလို ရွေးချယ်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ဇစ်ဖွင့်ပြထားသလိုတော့ အမြင်မရိုင်းဘူး။ ဇစ်ပေါက်ပါတဲ့ ဂျင်းဘောင်းဘီရဲ့ ဇစ်ဖွင့်ပြထားလို့ တင်ပါးဆုံတစ်ခြမ်းပေးနေတဲ့ပုံဟာ လူမှုကွန်ရက် Instagram မှာ ပွဲဆူသွားခဲ့ပါတယ်။ လှောင်ပြောင်ပြောဆိုရေးသားတဲ့ ကွန်မင့်တွေ ပေါ်ထွက်ခဲ့ပါတယ်။

နောက်ထပ် အပေါက်ဖောက်ပုံတစ်မျိုးကတော့နောက်ပွင့် ဘေးပွင့်ဒီဇိုင်းဖြစ်ပြီး ရှေ့ဘက်ဘောင်းဘီအိတ်ထောင်တွေနေရာမှာအိတ်ထောင် မပါတော့ဘဲ အပေါက်ဖွင့်ပေးထားတာ ဖြစ်ပါတယ်။

လေပေါက်ဖောက်တာကို ယခင်က ဂျင်းဝတ်ဆင်သူတွေ သုံးစွဲခဲ့ဖူးကြပါတယ်။

 အသုံးများတဲ့နည်းကတော့ ဂျင်းသား စုတ်ပြဲနေသလိုမျိုး အပေါက်ဖောက်ကြတာ ဖြစ်ပါတယ်။

Kylie Jenner တင်ပါးဆုံ အောက်နားမှာ အပြဲပေါက် ဖန်တီးပြီး ဝတ်ဆင်ခဲ့တာမှာ

အဲဒီ မတော်တရော်ပုံ လူမှုကွန်ရက် Instagram မှာ တက်လာပြီး

အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့ပါတယ်။

နောက်ထပ် အုတ်အော်သောင်းတင်း ဖြစ်ခဲ့တဲ့ ဂျင်းဘောင်းဘီရှည်ကတော့ ဘောင်းဘီ အတိုအဖြစ်လည်း အလွယ်တကူ ပြောင်းလို့ရအောင် ဘောင်းဘီ အထက်ပိုင်းနဲ့ အောက်ပိုင်းတို့ကို တွဲပေးထားတဲ့ detachable jean ဖြစ်ပါတယ်။ အဖြူရောင်အဆင်းရှိတဲ့ detachable jean ကို အသက် ၂၂ နှစ်ရှိသူ မော်ဒယ် Gigi Hadid က နယူယောက်မြို့မှာ ဝတ်ဆင်ခဲ့ပါတယ်။ Y Project မှ ကြံစည်ထုတ်လုပ်တဲ့ ဂျင်းဘောင်းဘီ ဖြစ်ပြီး ဈေးနှုန်းက ကန်ဒေါ်လာ ၃၃၂ ဖြစ်ပါတယ်။ ဘောင်းဘီအောက်ခြေမှာ ကြိုးမျှင်ဖြင့် အလှချည်ပြီး အလှတိုးအောင် ဖန်တီးပေးထားပါတယ်။. လက်ထဲကိုင်ထားတဲ့ လက်ပွေ့အိတ်ငယ်ကတော့ Stalvey မှ ထုတ်လုပ်ရောင်းချတဲ့ အိတ်ဖြစ်ပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄,၈၀၀ ဖြစ်ပါတယ်။ တကယ့် ကင်းလိပ်လျှောအရေခွံဖြင့် အုပ်ကာပေးပြီး အလှဆင်ပေးထားတဲ့ လက်ဆွဲအိတ်ငယ် ဖြစ်ပါတယ်။

Read 1382 times
Rate this item
(0 votes)