What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Fashion လောကကြီးကို ဂယက်ရိုက် သွားစေတဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Calvin Klein ရဲ့ ဆုံးဖြတ်ချက်များ

Fashion လောကကြီးရဲ့ ထူးထူးခြားခြားဖြစ်စဉ်တစ်ခုကတော့ ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့

Calvin Klein က Andy Warhol ဖောင်ဒေးရှင်းနဲ့ လေးနှစ်တာ သဘောတူညီမှုကိုတစ်ခုကို ပြုလုပ်လိုက်တဲ့ အကြောင်းရာတစ်ခုပေါ့။

Andy Warhol ဖောင်ဒေးရှင်းက ဘာတွေလုပ်သလဲဆိုတော့ Warhol ရဲ့ အနုပညာဖန်တီးမှုတွေကို Fashion Company တွေကို လိုင်စင်တွေပေးပြီး သူတို့ရဲ့ Collection တွေနဲ့ ဒီဇိုင်းတွေမှာ အသုံးပြုခွင့်ပေးတယ်။

၂၀၂၀ အထိ Calvin Klein ဟာ Warhol ရဲ့ အနုပညာဖန်တီးမှု အားလုံးကို အပြည့်အဝ သုံးစွဲခွင့်ရတော့မှာပါ။ Warhol ရဲ့ တစ်ခါမှ ပုံနှိပ်ထုတ်မဝေဖူးတဲ့ ဖန်တီးမှုတွေပါအပါအဝင် သုံးပြုလို့ရသမျှအကုန်လုံးကို ဒီဇိုင်းလုပ်ခွင့်ရခဲ့တာလေ။

Contemporary visual art အတွက်လိုအပ်သော ငွေကြေးထောက်ပံ့မှုတွေကို ပေးတဲ့ ဖောင်ဒေးရှင်းရဲ့ မတည်ငွေထဲကို Calvin Klein ဟာ ငွေကြေးထည့်ဝင်မှုတွေပါ ပြုလုပ်သွားမှာပါ။

သူ့ရဲ့ ကိုယ်ပိုင် menswear brand အတွက်  Sterling Ruby ၊ Peter Saville နှင့် the Robert Mapplethorpe Estate တို့လို အနုပညာရှင်တွေနဲ့ လက်တွဲ အလုပ်လုပ်လေ့ရှိသူ အနုပညာဖန်တီးမှုတွေကို ရှုးသွပ်စွဲလမ်းလွန်းတဲ့ Calvin Klein ရဲ့ Chief Creative Officer Raf Simons ရောက်ရှိလာချိန်မှာတော့ အကျိုးတူပူးပေါင်းမှုတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့တာပဲ။

CK underwear ကို မော်ဒယ်တွေနဲ့ သရုပ်ဖော်ထားတဲ့ Simons ရဲ့ ပထမဆုံး Calvin Klein campaign ကို Warhol ရဲ့ လက်ရာတွေဖြစ်တဲ့  Skull (1976) ၊ Elvis 11 Times (Studio Type) (1963) ၊ Ambulance Disaster (1963–64) and Statue of Liberty (1962) တို့ကို ပြသထားတဲ့ Warhol ဖောင်ဒေးရှင်းမှာ အပိုင်းလိုက် ဓာတ်ပုံ ရိုက်ခဲ့တယ်။

CK ရဲ့ Spring 2018 runway မှာလည်း Warhol ရဲ့ လက်ရာတွေကို ထည့်သွင်း ဒီဇိုင်းဖော်ခဲ့ပါတယ်။ အဲဒီ အချိန်မှာတော့ Sandra Brant နှင့် Dennis Hopper တို့ပါတဲ့ ၁၉၆၃ နှင့် ၁၉၈၂ ကြားကရိုက်ခဲ့ ဓာတ်ပုံစီးရီးတစ်ခုကို အသုံးပြုခဲ့တယ်။

“ Warhol ရဲ့ ပါရမီကတော့ နှစ်လိုဖွယ်ကောင်းလှတဲ့ Campbell’s Soup ဆိုတဲ့ ပန်းချီလက်ရာတွေထက် ပိုပြီးတော့ နက်နဲလှပါတယ်” လို့ Simons ဟာ သတင်းတစ်ခုမှာ ပြောခဲ့ပါတယ်။

“သူဟာ အမေရိကန်တွေရဲ့အတွေအကြုံ တွေနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံကနေ ဖမ်းယူနိုင်ခဲ့တယ်။ တစ်ခါတစ်ရံမှာ စည်းမျဉ်းတွေကို သွေဖယ်ထားတဲ့ အတွေ့အကြုံအဆိုးတွေ တောင်ပါသေးတယ်။

Warhol ရဲ့ အနုပညာတွေဟာ ကိုယ်တွေ နေရာတကာမှာ ရှာတွေ့နိုင်ပါတယ်ဆိုတာထက်တောင် အမှန်တရားတွေကို ပိုပြီး ပြောပြတယ်လေ။”

ဒီတစ်ခေါက်ရဲ့တွေ့ဆုံမှုဟာ Andy Warhol ဖောင်ဒေးရှင်းနဲ့ ပထမဆုံး ကျိုးတူပူးပေါင်းမှုတော့ မဟုတ်ပါ။ Simons ဟာ Christian Dior ရဲ့ womenswear မှာ ဖန်တီးမှု ဒါရိုက်တာဖြစ်ခဲ့စဉ်တုန်းကလည်း သူ ဟာ Dior’s Fall 2013 ready-to-wear collection အတွက် Warhol ရဲ့ ပုံကောက်ကြောင်းတွေကို မူပိုင်ခွင့် လိုင်စင်ကို ရယူနိုင်ခဲ့တယ်။

အဲဒီတုန်းက Style.com ရဲ့ ဝေဖန်ရေးဆရာ Tim Blanks က Dior လျှောက်လမ်းပေါ်က မတူထူးခြားစွာ ပုံဖော်ထားသော ဖိနပ်များနဲ့ ပန်းပွင့် အဆင်တန်ဆာများကို “ (အနည်းဆုံတော့ Warhol ပရိတ်သတ် တွေအတွက်) အတွေးနယ်ချဲ့ မှုတွေများစွာပါဝင်တဲ့ ချည်ထိုးဒီဇိုင်း အပိုင်းအစများ” ရယ်လို့ ဖော်ပြခဲ့ပါတယ်။ Dior နဲ့ ပူးပေါင်းလက်တွဲမှုတွေ လုပ်ခဲ့တဲ့အချိန်တုန်းက Warhol ဟာ Uniqlo နှင့် Comme des Garçons တို့နဲ့လည်း လက်တွဲခဲ့ပါသေးတယ်။

ယနေ့ခေတ် ဖက်ရှင်ကမ္ဘာကြီးရဲ့ အမှန်တရားတစ်ခုက ဘာလဲဆိုတော့ ဟိုးအရင်တုန်းကထက် ဖက်ရှင်နဲ့ အနုပညာကို ပိုပြီး ပေါင်းစပ် ရောယှက် ဖန်တီးလာကြတယ်။

Spring 2018 ရှိုးတွေမှာတော့ တခြားအနုပညာလက်ရာတွေကို မမှီငြမ်းထားဘဲ ဒီဇိုင်းနာတွေဟာ သူတို့ကိုယ်တိုင် အနုပညာရှင်တစ်ယောက်လို ပုံဖော်၍တစ်မျိုး သူတို့နဲ့ ပူးတွဲလုပ်တဲ့ တခြားအနုပညာရှင်များရဲ့ ဖန်တီးမှုများ၊ ဆက်တင်ဒီဇိုင်းများ ဒါမှဟုတ် ထူးထူးခြားခြား ပြုလုပ်ထားသော လက်ရာများကို ဖော်ပြ၍ တစ်ဖုံ တင်ပြမှု အမျိုးမျိုးပါဝင်သော Collection တစ်ခုကို တွေ့မြင်စေရဖို့ကို ကိုယ်တွေကို အတင်းဖိအားပေးနေ သလိုပါပဲ။

ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၇ရက်ကနေ ၁၀ရက်နေ့အထိ ကျင်းပခဲ့တဲ့ Art Basel Miami Beach ကိုလာဖို့ ဖိတ်တဲ့ ဖိတ်စာဟာ ဖန်တီးမှု အနုပညာလောကရဲ့ ဟန်ကတစ်ဝက် ဖက်ရှင်လောက ရဲ့ အသွင်ကတစ်ဝက် ရောယှက် ပုံဖော်ထားတာကို တွေ့ရပါတယ်။

ဒါဟာ ရှိသမျှအရာအားလုံးဟာ အနုပညာတစ်ခုပေါ်မှာ အထူးသီးသန့် အသုံးပြု ကိုးကားတယ် မကိုးကားဘူး ဆိုပြီး ပြောလို့လည်းမရပြန်ဘူး။ Uniqlo မှာလည်း တီရှပ်ပေါ်မှာ ဖန်တီးမှုလက်ရာတွေ ကို သုံးပြုဖို့ လိုင်စင်ရခဲ့တဲ့ SPRZ ဆိုတဲ့ စပယ်ရှယ် အစီစဉ်တစ်ခု ရှိခဲ့တယ်လေ။

Jeff Koons ဟာ Louis Vuitton အကျိုးတူပူးပေါင်းမှုတွေ မလုပ်ခင်တုန်းကတော့ H&M နဲ့အတူ အိတ်တစ်မျိုးကို ထုတ်ခဲ့သေးတယ်။ Etsy ဝက်ဘ်ဆိုက် ပေါ်မှာလည်း ကိုယ်တွေဟာ Vermeer ရဲ့ Girl With a Pearl Earring ဆိုတဲ့ ပန်းချီိပုံ ရိုက်ထားတဲ့ စကတ်တစ်ထည်ကိုတောင် ဝယ်လို့ရတယ်လေ။

အနုပညာရှင်တွေရဲ့ ဖန်တီးတင်ဆက်မှုတွေကို ခေါ်ယူသုံးစွဲလာခြင်း အလေ့အထ နဲ့ သုံးစွဲမှုတွေမြင့်တက်လာမှု တွေဟာ ဖြစ်မြဲ အစဉ်အလာ တစ်ခုလို ဖြစ်လာပါပြီ။ အရောင်တွေ စုံလင်လှတဲ့ ပန်းချီ အနုပညာတွေကို ဖက်ရှင် လောကထဲကို သွတ်သွင်းလာခြင်းတွေဟာ ပျင်းရိစရာ ကောင်းလာပြီလို့ လူတွေဟာ ငြင်းခုံဝေဖန်လာကြပါပြီ။

လူတိုင်းမှာ ဖန်တီးမှုလက်ရာတွေ ရိုက်နှိပ်ထားတဲ့ တီရှပ် တစ်ထည်ကို ပိုင်ဆိုင်လာကြတဲ့အခါမှာ တီရှပ်ရဲ့ တန်ဖိုးက ဘာဖြစ်လာမလဲ။ ဖန်တီးမှုတွေလား။ ဒါမှ တခြားဘယ်အရာတွေများလဲ။

Clavin Klein ရဲ့ ဆန်းသစ်တဲ့ ကျိုးတူပူးပေါင်းမှု အသစ်ဟာ ပြောင်းလဲခြင်းရဲ့ အစလို့ဆိုရလေမလား။ ဒါမှမဟုတ် စိတ်ကူးကွန့်မြုးထားတဲ့ ပြောင်းလဲမှုများလား။ ဖက်ရှင်လမ်းကြောင်းပေါ်ကို အနုပညာဖန်တီးမှုတွေ စီးဝင်စေသလိုပေါ့။ နှစ်ရှည်စီမံကိန်းတစ်ခုကို စလုပ်ခြင်းဖြင့် CK အနေဖြင့် Warhol ရဲ့ သတင်းကြီးလှတဲ့ အောင်မြင်မှုကနေ အကျိုးအမြတ်များကြီး ရနိုင်ရန်၊ လူတွေစိတ်ဝင်တစားရှာဖွေမှုတွေ ပြုလုပ်ရန်၊ ထူးချွန်ထက်မြက်သူ သို့မဟုတ် သမိုင်းပညာရှင် တစ်ယောက်နဲ့ အလုပ်ရန်နဲ့ ဖန်တီးမှု အနုပညာတွေကို ဖက်ရှင်လောကထဲမှာ ဆန်းသစ်နိုင်ရန် စတဲ့ အခွင့်အလမ်းအများကြီးကို ရယူပြီး ဖက်ရှင်လောကကြီးကို ပုံဖော်သွားတယ်။

ဒီလို အခွင့်အရေးအများကြီးနဲ့ ရှေ့ဆက်မယ့် Calvin Klein ရဲ့ ရည်ရွယ်ရာ လမ်းကြောင်းကို ဆုံးဖြတ်ဖို့ကို အရမ်းကို စောလွန်းပါသေးတယ်လေ။ ဒါပေမယ့် Simons ကတော့ ဒီအလုပ်အတွက်တော့ ကွက်တိအကျဆုံးလူပဲလေ။ သူဟာ လုံးဝမထင်မှတ်ထားတဲ့ တင်ဆက်မှုတွေဖြင့် အနုပညာရှင်တွေနဲ့ ကျိုးတူပူးပေါင်းကာ သူ့ရဲ့ ကိုယ်ပိုင် Brand ကိုထုတ်ခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင် အနုပညာတင်ဆက်မှု Collection တစ်ခုကို ဆက်လက်ရှင်သန် စေခဲ့တယ်။

Warhol အဖွဲ့သားတွေကတော့ သူ့ကို စံပြကိုယ်စားလှယ် တစ်ယောက်လို သဘောထားပုံရတယ်။ ဖောင်ဒေးရှင်းရဲ့လိုင်စင်နဲ့ပတ်သက်ပြီး တာဝန်ယူထားတဲ့ ဒါရိုက်တာ Michael Dayton Hermann သတင်းတစ်ခုမှာ ပြောခဲ့တာကတော့ “Calvin Klein အတွက်လုပ်ခဲ့တဲ့ Raf ရဲ့ စိတ်ကူးစိတ်သန်တွေကတော့ Warhol ရဲ့ ဖန်တီးမှုလက်ရာတွေအားလုံးကို ရှုထောင့်မျိုးစုံကနေ ရဲရဲတင်းတင်း လက်ခံယုံကြည်ခြင်းနဲ့ ဖောင်ဒေးရှင်းရဲ့မတည်ငွေထဲကို ရက်ရက်ရောရော ငွေကြေးထည့်ဝင်မှုတွေဟာ ကျွန်တော်တို့ အတွက်လုံးဝကို ဂုဏ်ယူစရာကောင်းပါတယ်”။

CK ဆိုင်တွေရဲ့ အပြင်အဆင်တွေမှာရော Warhol ရဲ့ ဖန်တီးမှုတွေကို ပုံစံမျိုးစုံနဲ့ ဘယ်လိုတွေ့ရမယ်ဆိုတာ သိရဖို့ဆိုရင်တော့ ကိုယ်တွေရဲ့ မျက်လုံးတွေကို ဘယ်တော့မှ မပိတ်ထားဖို့လိုတယ်နော်။

Source: MODA Magazine

Read 902 times
Rate this item
(1 Vote)