What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မင်္ဂလာပွဲကို မဝတ်သွားသင့်တဲ့ဖက်ရှင် တွေ

အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် မင်္ဂလာပွဲတစ်ခုတက်ရောက်ဖို့ သင့်တင့်လျောက်ပတ်အောင် ဝတ်စားဖို့ ဆိုတာ အတော်ခေါင်းစားရတာပဲ မဟုတ်လား။ ခြံထဲမှာကျင်းပတဲ့ မင်္ဂလာ ပွဲကို ဝတ်ဆင် ရတာနဲ့ ဘုရားရှိခိုးကျောင်း မှာ ကျင်းပတဲ့ မင်္ဂလာပွဲကို ဝတ်သွားရတာ ချင်းမတူနိုင်သလို မင်္ဂလာပွဲဆိုတိုင်းလည်း သူ့နေရာဒေသ ကြည့်ပြီး ဝတ်ဆင် တတ်ရပါသေးတယ်။ ဒီမှာဖော်ပြမှာ ကတော့ ဘယ်လိုမင်္ဂလာပွဲ မျိုးကိုပဲဖြစ်ဖြစ် မဝတ်ဆင်သွားသင့်တဲ့ ဖက်ရှင် အကြောင်း လေးပါ။

White Dress
~~~~~~~~~~
ဒါက သင့် မင်္ဂလာပွဲမဟုတ်တာမို့ သတို့သမီးဆင်မြန်းတဲ့ အဖြူရောင်ကို ဝတ်သွားဖို့ ဘာဖြစ်လို့စဉ်းစားနေရတာလဲ။ အဖြူရောင်ကို လုံးဝမဝတ်ရဘူးလို့ ဆိုလို တာတော့ မဟုတ်ဘူးနော်။ အဖြူရောင် လေးခံတဲ့ အပွင့်လေးတွေ အဆင်လေး တွေ ပါတာမျိုးကို ဝတ်လို့ရပါ တယ်။ အထူးသဖြင့် အဖြူရောင်ဇာလို မျိုး သတို့ သမီးဆန်ဆန် ပုံစံမျိုးကိုတော့ ရှောင် လိုက်ပါလို့ ပြောပါရစေ။

23319084 1878226168871436 1615456319551283990 n

Sweatshirts 
~~~~~~~~~~
ရာသီဥတုက အေးလို့ပဲဖြစ်ဖြစ်၊ ကိုယ်ဝတ်တဲ့ အင်္ကျံက လက်ပြတ်ဖြစ် နေလို့ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့မဆို Sweatshirts တွေကိုတော့ မဝတ် သွားပါနဲ့။ အဲဒီအစား တကယ့် ဂျက်ကတ်၊ ဆွယ်တာ တွေကမှ ကြည့်ကောင်းပါ သေးတယ်။ ဒီလို မဟုတ်လည်း အပေါ်က အပါးလေးတစ်ထည် ထပ်သွားလိုက်ပါ။

23316557 1878226282204758 2407060732526330237 n

Animal Print 
~~~~~~~~~~
မင်္ဂလာပွဲရဲ့ theme က Animal Print မဟုတ်ဘူးဆိုရင် ဒါတွေကိုအိမ်မှာ ပဲ ခေါက်သိမ်းထားခဲ့လိုက်ပါ။ မင်္ဂလာပွဲ ကတော့ သင့် ကို ဘာဝတ်ပါလို့ တောင်းဆို ထားမှာ မဟုတ်ပါဘူး။ သိပ်ပြီး မိန်းမ ဆန်ဖို့လည်း မလိုပါဘူး။ ကျားသစ်ကွက် မီနီဒရက်စ်က မင်္ဂလာပွဲမှာ လူတွေရဲ့အာရုံက သင့်အပေါ် ကျရောက်နိုင်ပါတယ်။

23435154 1878226375538082 8062937510873587902 n

Denim
~~~~~~
ဂျင်းန်ဆိုတာ စတိုင်အမျိုးမျိုးနဲ့ရှိလို့ ပေါ့ပေါ့ပါးပါး မင်္ဂလာပွဲမျိုးအတွက်ဆိုရင် တော့ အပေါက်အပြဲတွေမပါတဲ့ ကိုယ်နဲ့ ကွက်တိကျတဲ့ ဂျင်းန်ကိုတော့ ဝတ်သွား လည်းရပါတယ်။ ကျန်တဲ့ အဝတ်အစား ပိုင်းကိုတော့ ကြည့်ကောင်းအောင် ဝတ်သွားပေါ့။ မင်္ဂလာပွဲကို ဂျင်းန်ရှပ်၊ ဂျင်းန်ဂျက်ကတ် ဝတ်ဖို့ စဉ်းစားမယ် ဆိုရင်တော့ ကျန်တဲ့ ဖက်ရှင်ပိုင်းတွေကို သေချာ ပြင်ဆင်ဖို့လိုပါပြီ။ ဒါဟာ တကယ်ကို ခက်ခဲပါတယ်။ ဒါ ကြောင့်မို့ မင်္ဂလာပွဲအတွက်ဆို ဂျင်းန်ကို ခဏမေ့ထားပစ်လိုက်ပါ။

23435008 1878226415538078 4438872959561687866 n

Head-to-Toe Black
~~~~~~~~~~~~~~~
ဒါက မင်္ဂလာပွဲနော်။ အသုဘ အခမ်း အနား မဟုတ်ဘူးဆိုတော့ ခေါင်းစ ခြေဆုံး အနက်တွေ ဆင်မြန်းတာကို ရှောင်ကြဉ် ပါ။ အနက်ရောင် မဝတ်ရဘူးလို့ ဆိုလို တာ မဟုတ်ပေမယ့် တခြား ရွေးချယ်စ ရာ ကာလာတွေ အများကြီး ရှိပါတယ်။ ဒီလိုမှမဟုတ်ဘဲ အနက်ပဲဝတ်ဖို့ စိတ်ကူးထားတယ်ဆိုရင် အဆင်ပါတာမျိုး ဒါမှမဟုတ် တခြား Accessories တွေ နဲ့ တွဲလိုက်တာမျိုးနဲ့ ပေါ့ပါ့ပါးပါးဖြစ် အောင် ပြင်ဆင်လိုက်ပါ။

23376475 1878226468871406 6579622940723031939 n

Sexy Style
~~~~~~~~
ကိုယ်ဝတ်မယ့် အဝတ်အစားက ကိုယ်လုံးကို အထင်းသားပေါ်အောင် ကြပ်ထုပ်နေမယ် အရမ်းကလည်း တိုလွန်း နေပြီး လည်ပင်းကလည်း ဟိုက် နေပြီ ဆိုရင် မင်္ဂလာပွဲနဲ့ မသင့်တော်လို့ မဝတ် သင့်ပါဘူး။ ဆက်စီဖြစ်တဲ့ ဟာမျိုးကို ဝတ်မယ်ဆိုရင် ကိုယ်ကြပ်ဖြစ်နေရင် အရမ်းမတိုလွန်း မဟိုက်လွန်းတာမျိုး၊ အတိုဖြစ်နေရင်လည်း ကိုယ်လုံး သိပ်မကြပ်ဘဲ ရင်ဘတ် မဟိုက် တာမျိုး နဲ့ ရင်ဘတ်အရမ်းဟိုက်နေရင်လည်း သိပ်မတို တာမျိုးကိုတော့ ရွေးချယ်နိုင်ပါ တယ်။

23471991 1878226515538068 7232198344864033286 n

Sequins and Shine 
~~~~~~~~~~~~~~~~
သင်က မင်္ဂလာပွဲကို ဧည့်သည်အနေနဲ့ တက်ရောက်မှာလေ။ ဒစ္စကို ပါတီကို သွား မှာမှ မဟုတ်တာဆိုတော့ ဆီးကွင့်ထိုးထား တာတွေ သိပ်တောက်ပြောင်တာတွေကို မရွေးသင့်ပါဘူး။ ဆီးကွင့်ထိုး ပြောင်ပြောင် လက်လက်တွေနဲ့ သူများရဲ့ အာရုံစိုက်ခံရဖို့ မကြိုးစားသင့်ပါဘူး။ နည်းနည်းပါးပါး အလင်းအလက်လေး တွေထည့်ဝတ်တာကတော့ အိုကေပါ။ တစ် ထည်လုံး Bling ဆိုရင်တော့ မစဉ်းစား ပါနဲ့လို့ ပြောချင်ပါတယ်။

23244386 1878226572204729 4878777582075782020 n

source:now

Read 1036 times
Rate this item
(0 votes)