What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လုံလုံခြုံခြုံလေးနဲ့ စတိုင်ကျအောင် ဝတ်ဆင်နိုင်မယ့် ဖက်ရှင်

ဖက်ရှင်တစ်ခုမှာ မပေါ့တပေါ့ အတိုအပြတ်တွေ ဝတ်မှ ဖက်ရှင်ကျ လှပတာ မဟုတ်ပါဘူး။ လုံခြုံပြီး စတိုင်ကျစေမယ့် ဖက်ရှင်ဒီဇိုင်းတွေလည်း အများကြီး ရှိပါတယ်။

ဒါကြောင့် ပျိုမေတို့အတွက် ဆွဲဆောင်မှုရှိပြီး လုံခြုံပေါ့ပါးစေမယ့် ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဂါဝန်ရှည်

maxi dress min

ဂါဝန်ရှည်လေးတွေဟာ ပေါ့ပါးပြီး ချစ်စရာကောင်းစေပါတယ်။ အဆင်ဒီဇိုင်းမျိုးစုံရှိတဲ့ထဲမှ ကိုယ်နှစ်သက်တဲ့ ပုံစံမျိုးကို ရွေးချယ်ဝတ်ဆင်နိုင်တယ်။

၂။ Jumpsuit

jumpsuit min

အခုနောက်ပိုင်းမှာ jumpsuit တွေ ခေတ်စားလာပြီး မိန်းကလေးတွေတော်တော်များများ ဝတ်ဆင်ကြတယ်။ ဝတ်လိုက်တဲ့အခါ စမတ်ကျပြီး ဆွဲဆောင်မှုရှိစေပါတယ်။

ချစ်စရာကောင်းပြီး အဝတ်ဗီရိုထဲမှာ ဆောင်ထားသင့်တဲ့ ဖက်ရှင်များ

၃။ စကပ်ရှည်

skirt min

skirt1 min

စကပ်ရှည်က ဘယ်တော့ဝတ်ဝတ်ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုပါ။ ဒူးနားအောက်နှင့် ခြေမျက်စိနားလောက်ထိရှိတဲ့ စကပ်တွေလည်းရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆင် ကာလာဒီဇိုင်းကို ရွေးချယ်ဝတ်ဆင်နိုင်တယ်နော်။

၎။ ဂျင်းဘောင်းဘီရှည်

jean min

ဂျင်းဘောင်းဘီကိုတော့ မကြိုက်နှစ်သက်တဲ့ မိန်းကလေးမရှိသလောက်ပါပဲ။ ဝတ်ရတာလည်း လွတ်လပ်ပေါ့ပါးပြီး သက်တောင့်သက်သာရှိတဲ့အပြင် လုံခြုံမှုလည်း ရှိစေတယ်။ ဘာဝတ်ရမလဲ စဉ်းစားရခက်နေရင်တော့ ဂျင်းဘောင်းဘီ နှင့် တီရှပ်ကိုသာ ရွေးချယ်လိုက်ပါ။ ဒါဟာ ဘယ်တော့မှ မရိုးတဲ့ ဖက်ရှင်ပါ။

၅။ Overall Dress

overall dress min

Overall Dress ကို ဝတ်ဆင်လိုက်ရင် သင့်ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းစေမှာ အမှန်ပဲနော်။ ခုနောက်ပိုင်း အွန်လိုင်းရှော့ပင်းတွေ နဲ့ အပြင်တွေမှာလည်း ခေတ်စားလာပါတယ်။ အလွယ်တကူဝယ်ယူလို့ ရနိုင်တဲ့ ဖက်ရှင်ပါ။

၆။ Flare Pant (ခေါင်းလောင်းဘောင်းဘီ)

flare pant min

flare pant လို့ခေါ်တဲ့ ခေါင်းလောင်းဘောင်းဘီတွေဟာ ယနေ့ခေတ်မှာ တကျော့ပြန်လည် ခေတ်စားလာတယ်။ အပေါ်က top လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် အထာကျနေမှာနော်။

၇။ Wrap Dress

wrap dress min

အခုခေတ်စားနေတဲ့ wrap dress ကို ပျိုမေတို့သိလောက်မှာပါ။ အတိုနှင့် အရှည်ပုံစံနှစ်မျိုးရှိပါတယ်။ အရှည်လေးကလုံလုံခြုံခြုံလည်းရှိပြီး လေတိုက်တဲ့အခါ dressလေးက လွင့်လွင့်လေးဖြစ်သွားတော့ ပိုပြီး ချစ်စရာကောင်းသွားပြီပေါ့။

 

Author:TDA

Read 10646 times
Rate this item
(3 votes)