What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်တော်တဲ့ BRA အမျိုးအစားကို ရှာဖွေနေတယ် ဆိုရင်

သင့်ရဲ့ နေ့စဉ်ဖက်ရှင်တိုင်းမှာ အတွင်းခံအ၀တ်အစားတွေက အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ နေ့စဉ် လူနေမှုပတ်ဝန်းကျင်မှာ အတွင်းခံတွေက လှပမှုအတွက်

သီးသန့်မဟုတ်ဘဲ သင့်ရဲ့တင့်တယ် သပ်ရပ်မှုရှိတဲ့ အသွင်အပြင်ကို တိတ်တဆိတ် အထောက်အပံ့ပေးနေတဲ့ အရာများလို့ဆိုရင် မမှားပါဘူး။ သင့်ရဲ့ စတိုင်လ်နဲ့ လိုက်ဖက်မှုရှိတဲ့ မှန်ကန်တဲ့ Bra အမျိုးအစားကို ဘယ်လိုရွေးချယ်သင့်သလဲ။ ကွဲပြားတဲ့ Brassiere အမျိုးအစားတိုင်းမှာ မတူညီတဲ့ လုပ်ဆောင်ချက်တွေ ရှိနေပါတယ်။ အောက်မှာဖော်ပြပေးထားတဲ့ Bra အမျိုး အစားများနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက  သင်နဲ့ သင့်တော်တဲ့ Bra အမျိုးအစားကို ရှာဖွေ ရာမှာ အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ မျှော် လင့်ပါတယ်။

Demi-cup

8021077 fpx

    လည်ပင်းပေါက်ကျယ်တဲ့ အင်္ကျီတွေကို ၀တ်ဆင်မယ်ဆိုရင် Demi-cup ဒါမှ မဟုတ် Half-cup Bra အမျိုးအစားက အသင့်တော်ဆုံး အမျိုးအစားဖြစ်ပါတယ်။ တစ်ခါတစ်ရံ ပွဲလမ်းသွားတဲ့အခါ အခြေအနေအရ သင်ရွေးချယ်လိုက်တဲ့ ဖက်ရှင် က လည်ပင်းနဲ့ ပခုံးအလှကို အသားပေးထား မယ်ဆိုရင် တွဲဖက်ဝတ်ဆင်မယ့် အတွင်းခံအင်္ကျီက အရေးကြီးတဲ့ အရာဖြစ်လာပါတယ်။ Demi-braအမျိုးအစားက Half-cup ကို အသုံးပြုထားတာ ကြောင့်  ဟိုဆွဲချ ဒီဆွဲချ လုပ်ဖို့မလိုပဲ သင့်ကိုယ် သင် ယုံကြည်မှုရှိစေမှာ ဖြစ်ပါတယ်။ နေ့စဉ်ဝတ်ဖို့ ရွေးချယ်သင့်တဲ့ အမျိုးအစားတော့မဟုတ်ပါဘူး။

 ကိုယ့်ရဲ့ အတိုင်းအတာကို အတိအကျသိ ထားပါ။ (ခါးဆိုဒ်၊ Cup ဆိုဒ်)

Full-cup Bra

1 239

 Full-cup Bra အမျိုးအစားက ရင်သားပြည့်ဖြိုးတဲ့ အမျိုးသမီးတွေအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပုံစံခွက်အပြည့်ပါတာကြောင့် လိုအပ်တဲ့ အထိန်းအကွပ်အပြင် သင့်ရဲ့ ရင်သားတွေကိုပါ ပုံစံတကျရှိနေစေဖို့ အထောက်အကူပြုနိုင်ပါလိမ့်မယ်။

 အမှတ်တံဆိပ်တွေကို ပြောင်းလဲ ၀ယ်ယူပါ။ (Sport Bra အမျိုးအစားအတွက် Sport Wear တွေ ထုတ်လုပ်တဲ့ အမှတ်တံဆိပ်တစ်ခုက အကောင်းဆုံးဖြစ်နေနိုင်သော်လည်း ဒီအမှတ်တံဆိပ် က T-Shirt Bra ထုတ်လုပ်ချင်မှ ထုတ်လုပ်မှာ ဖြစ်
သလို ရှိခဲ့ရင်လည်း  အကောင်းဆုံးဖြစ်ဖို့ ရာနှုန်း ပြည့် သေချာမှု မရှိနိုင်ပါဘူး။)

Push-up Bra

2 229

လူကြိုက်အများဆုံး Bra အမျိုးအစားဆိုရင် တော့ Push-up Bra အမျိုးအစားလို့ ဆိုရမှာပါ။ ဒီအမျိုးအစားမှာ ရင်သားတွေကို ပင့်တင်ပေးနိုင်ဖို့ အတွင်းခံအင်္ကျီရဲ့ ခါးစည်း နဲ့ Cup ရဲ့ အောက်ခြေ ကို သေသေချာချာ ပုံသွင်းပြုလုပ်ထား ပါတယ်။ လူကြိုက်များတဲ့ အမျိုးအစားဖြစ်တာကြောင့် Push-up Bra ကို အင်္ကျီအမျိုးအစား အားလုံးနဲ့ လိုက်ဖက်မှုရှိအောင် ပုံစံအမျိုးမျိုးနဲ့ ချုပ်လုပ် လေ့ရှိပါတယ်။ ပညာရှင်တွေကတော့ ဒီ Bra အမျိုး အစားက ရင်သားတွေကို တင်းကြပ်နေစေ ပြီး ပင့် တင်ထားတဲ့ အနေအထားဖြစ်နေတာကြောင့် နေ့စဉ်နီးပါး (သို့) အချိန်အကြာကြီး မ၀တ်ဖို့ အကြံ ပြုထားပါတယ်။

 သင့်တော်တဲ့ အခါသမယနဲ့ မှန်ကန်တဲ့ Bra အမျိုးအစားဖြစ်စေဖို့ သတိပြုပါ။ (အချိန်တိုင်း၊ နေရာတိုင်းနဲ့ လိုက်ဖက်တဲ့ အ၀တ်အစား မရှိနိုင်သလိုပဲ အ၀တ်အစားအားလုံးနဲ့ တွဲဝတ်လို့ရမယ့် အတွင်းခံ အမျိုးအစားလည်း မရှိနိုင်ပါဘူး။ ပြောင်း
လဲဝတ်ဆင်ရမယ့် ဖက်ရှင်အတွက် လိုက်ဖက်သင့် တော်မှုရှိတဲ့ Bra အမျိုးအစားကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။)

 T-shirt Bra

4 140

T-shirt Bra အမျိုးအစားကတော့ နေ့စဉ်ဝတ်ဆင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အတွင်းခံအင်္ကျီ အမျိုးအစားဖြစ်ပါတယ်။ နေ့စဉ်ဝတ်ဆင်နိုင်ဖို့ လို့ဆိုထားတာတဲ့အညီ သက်တောင့်သက်သာဖြစ် စေဖို့ အဓိကရည်ရွယ်ပြီး ပုံစံခွက်နဲ့လည်းရှိသလို ပိတ်သားနဲ့ သီးသန့်ချုပ်ထားတာလည်းရှိနိုင်ပါတယ်။ T-shirt bra မှာ ချုပ်ကြောင်းတွေ မပေါ်အောင် ဒီဇိုင်းထုတ်ထားတာကြောင့် အတွင်းခံအင်္ကျီ အရာပေါ်မှာစိုးရိမ်ရတဲ့ ဒုက္ခက ကင်းဝေးစေပါ လိမ့်မယ်။ သင်ဝတ်မယ့် အင်္ကျီအမျိုးအစားပေါ် မူတည်ပြီး ပုံစံခွက် (သို့) အပျော့ သင့်တော်မယ့် Bra ကို ရွေးချယ်နိုင်ပါတယ်။

    သဘာဝကျကျဝတ်ဆင်ပါ။ (အတွင်းခံအင်္ကျီလို့ ဆိုလိုက်တာနဲ့ အတွင်းမှာပဲ ရှိနေသင့်တဲ့ အရာလို့ သတ်မှတ်လို့ရပါပြီ။ သင့်ရဲ့ အတွင်းခံကို မမြင်ရလေကောင်းလေပါပဲ။ ဒါကြောင့် အတွင်းခံရွေးချယ်တဲ့အခါ အမျိုးအစားတင်မက အရောင်ကပါ စကားပြောလာပါပြီ။ လူတစ်ယောက်မှာ အကြိုက်ဆုံးအရောင်တွေ ရှိတတ်တာကြောင့် Bra ၀ယ်တဲ့အခါ ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်ကိုလိုက်ပြီး သိပ်ပြီး မကွဲပြားတဲ့ အရောင်တွေကို ရွေးချယ်ဝယ် ယူသင့်ပါတယ်။)

Strapless Bra

3 193

 Strapless Bra  (သို့) ကြိုးမဲ့ Bra ကို စတိုင်လ်မျိုးစုံနဲ့ ရရှိနိုင်ပါတယ်။ အဓိက ရည်ရွယ်တာက တော့  Bra တစ်ခုရဲ့ Function လည်း မပျက်စေဘဲ၊ ပုခုံးသိုင်းကြိုးတွေလည်းမပါဘဲ ၀တ်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။ ရင်ပြတ်အင်္ကျီတွေ၊ ကြိုးတစ်ချောင်းအင်္ကျီတွေ ၀တ်ဆင်တဲ့အခါ အတွင်းခံကြိုးတွေက အဓိက အာရုံနောက်စရာတွေ ဖြစ်လာတတ်ပြီး ဒီပြဿနာကို Strapless Bra နဲ့ ဖြေရှင်းနိုင်ပါတယ်။ တစ်ချို့ Bra တွေမှာတော့ ကြိုးအရှင်တပ်ပေး ထားပြီး ကြိုးတပ်ပြီး ၀တ်ဆင်နိုင်သလို လိုအပ်တဲ့အခါ ကြိုးဖြုတ်ပြီး ပုံစံတကျ ၀တ်ဆင်နိုင်အောင် ချုပ်လုပ်ပေးထားတာလည်း ရှိပါတယ်။

    ထိန်းသိမ်းမှု ပြုလုပ်ပါ။ (တစ်ခါတရံ အင်္ကျီ ထက်ဈေးကြီးတဲ့ Bra တွေရှိတတ်ပါတယ်။ အဓိကကတော့ Bra တိုင်းမှာ သူ့ရဲ့ သီးသန့်Function တွေရှိတဲ့အတွက် တက်နိုင်ရင် လက်နဲ့လျှော်ပါ။)

Sport Bra

5 117

 Sport Bra အမျိုးအစားကတော့ နာမည်နဲ့ လိုက်အောင် အားကစားလုပ်တဲ့ အခါဝတ်ဆင်နိုင်ဖို့ အဓိကထား ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အားကစားလုပ်တဲ့အခါ သာမန်အချိန်နဲ့ မတူဘဲ ခန္ဓာကိုယ်က အထိန်းအကွပ်ပိုလိုအပ်ပါတယ်။ Sport Bra က လိုအပ်တဲ့ အထိန်းအကွပ်အပြင် ၀တ်ဆင်တဲ့ အခါသက်တောင့်သက်သာဖြစ်စေဖို့၊ လှုပ်ရှားတဲ့ အခါလွယ်ကူစေဖို့နဲ့ အားကစားပြုလုပ် တဲ့အခါ ခန္ဓာကိုယ်က ချွေးထွက်လေ့ရှိတာကြောင့် ချွေးစုပ်နိုင်ဖို့ စတဲ့ Function တွေ ပါဝင်အောင် သီးသန့်ချုပ်လုပ်ထားတဲ့ Bra အစားဖြစ်ပါတယ်။

    သက်တမ်းကုန်ဆုံးချိန်ကို သတိပြုပါ။ (၁၈လလောက် ၀တ်ဆင်ပြီးရင် သက်တမ်းကုန်ဆုံးသွား ပြီလို့ သတ်မှတ်လိုက်ပါ။)

source:myanmar people magazine

Read 1225 times
Rate this item
(0 votes)