What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အာရုံကို ဖမ်းစားမယ့် အရောင်တွေရဲ့ ဖက်ရှင်

အရမ်းလည်း မပူ သိပ်လည်း မအေးတဲ့ ကာလလေးမို့ ဒီလို အချိန် လေးမှာ

အမြင်အာရုံကို လန်းဆန်းတက်ြွကမှုပေးနိုင်ဖို့ ရွေးချယ် ဝတ်ဆင်သင့် တဲ့ အရောင်အတွဲအစပ်လေးတွေကို ဒီ တစ်ပတ်မှာ တွဲစပ် ဖော်ပြပေးချင်ပါ တယ်။

အပြာဖျော့ဖျော့နဲ့ ပန်းနုရောင်

==================
အားမရှိသလို အသွင်အပြင်မျိုး ပေါက်စေမှာ စိုးရိမ်မိနေမလား။ ဒီအရောင်နှစ်မျိုးကို တွဲတာက အမြင် အေးစေပြီး အာရုံကို လန်းဆန်းတဲ့ခံစား မှု ပေးစွမ်းနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီအတွဲအစပ်လေးကို ကတ်ရှ်မီးယား ဆွယ်တာပါးလေးတွေ၊ bomber jacket တွေနဲ့ မာဖလာပါးလေးတွေကို အတွဲပြုရင်း ဖန်တီးယူနိုင်ပါတယ်။ ဖိနပ် အဖြူရောင်၊ ပန်းရောင်တွေ ဒါမှမဟုတ် လက်ကိုင်အိတ်ကို အဲဒီအရောင်တွေ တွဲ ဖက် ရွေးချယ်လို့လည်း ရပါသေးတယ်။

15337526 1500449823315741 2224274054398978476 n

စိမ်းစိမ်းနဲ့ ဝါဝါ
=========
မြက်ပင်လေးတွေ စိမ်းပြီ လေအေး အေးတွေ ဝှေ့တတ်ချိန်မို့ အစိမ်းနဲ့ အဝါ အပေါင်းအဖက်က ဘယ်လို အသား ရောင်မျိုးနဲ့မဆို လိုက်ဖက်နေမှာပါ။ smart ဖြစ်တဲ့ ဘလောက်စ်အဝါ ဒါမှ မဟုတ် ကုတ်အဝါလေးတစ်ထည်ကို အရောင်ဖျော့ဖျော့ စကတ်ဖြစ်ဖြစ်၊ ဘောင်းဘီဖြစ်ဖြစ်နဲ့ တွဲပါ။ ပြီးတော့ အစိမ်းနဲ့ အဝါ ခပ်များများ Accessory တွေကို ဝတ်ချလိုက်ပါ။ ဖိနပ်အစိမ်းလေး ဆိုလည်း ရတယ်နော်။

15326169 1500449896649067 8077626124676698657 o

အသားရောင်နဲ့ ကြက်သွေးရောင်
======================
ကြက်သွေးရောင် ဘောင်းဘီတွေ၊ ဂျက်ကတ်တွေ အခု ခေတ်စားတယ် မဟုတ်လား။ အဲဒါတွေကို ဘုသ်လေးနဲ့ တွဲရင်း အသားရောင်လေးကို ကိုယ့်ဖက် ရှင်မှာ ပေါင်းထည့်တတ်မယ်ဆိုရင် ခေတ်မီမီနဲ့ မိုက်တဲ့ ပုံစံလေးကို ရပြီလေ။ ဘယ်လောက်မှ မပင်ပန်းပါဘူး။

15350636 1500449903315733 2211856535020474818 n

လိမ္မော်နဲ့ အနက်
==========
ရဲရင့်ပြီး ခပ်မိုက်မိုက် အတွဲအစပ်လို့ ဆိုရမယ့် လိမ္မော်နဲ့ အနက်အတွက်ကို တော့ မရိုင်းသွားစေမယ့် ပုံစံလေးတွေ ရွေးတတ်ဖို့ လိုပါတယ်။ လိမ္မော်ရောင် ဘောင်းဘီရှည်တွေ ဝတ်ဖို့ကို မရှက်ပါနဲ့။ ခြေထောက်နားထိ ပွဆင်းသွားတဲ့ လိမ္မော်ရောင် ဘောင်းဘီရှည်နဲ့ crop topအနက်လေးကို တွဲတာမျိုး၊ံhigh wqaist ဘောင်းဘီနဲ့ လက်ပြတ် ကိုယ် ကျပ် အနက်ရောင်လေးကို တွဲတာမျိုး တွေက ပွင့်လင်းပြီး တက်ြွကတဲ့ပုံစံတစ် ခုကို ရစေပါတယ်။ ဒါပေမယ့် လက်ကိုင် အိတ်ကိုတော့ standard ရှိပြီး ကြောင်ထွက်မသွားစေရအောင် ပြန် ထိန်းဖို့အတွက် ထည့်ပေါင်းလိုက်ပါဦး။

15420908 1500449916649065 4128076891381707666 n

ဇီးရောင်နဲ့ အဖြူ 
===========
အဖြူကတော့ ဘာနဲ့ တွဲတွဲ အဆင် ပြေပြီးသားပဲ။ ဒီရာသီမှာတော့ ဇီးရောင် နှုတ်ခမ်းနီတောက်တောက်လေးဆိုးပြီး အဖြူရောင် ရှပ်၊ ဘလောက်စ်တွေနဲ့ ဒေါက်မြင့်ဖိနပ်လေး တွဲလိုက်ရုံနဲ့ သွက် လက်တဲ့ ပုံစံတစ်ခုကို ရပါပြီ။ အဖြူ ရောင် ဆွယ်တာ၊ ဇီးရောင် ဘောင်းဘီ ရှည်နဲ့ ရွှေရောင်နဲ့ ငွေရောင် accessory တွေကိုသာ အတွဲအဖက်လေး အဆင်တပြေ လုပ်တတ်မယ်ဆိုရင် တော့ ပွဲတက်ဖက်ရှင်အနေနဲ့ ဆွဲဆောင်မှု ရိုးရိုးလေးတစ်ခုကို ပိုင်ဆိုင်ပြီပေါ့။

15337496 1500449963315727 899582716978835614 n

အနီနဲ့ ဂျင်းန်ပြာပြာ
============
ဒါကတော့ တွဲနေကျလေးတွေပါပဲ။ ဒီအချိန်မှာတော့boyfriend ဂျင်းန်ပန် လေးတွေနဲ့ ဒေါက်ချွန်ချွန်တွေကို ဘလေဇာ ကုတ်အနီလေးတွေနဲ့ တွဲချင် တွဲပါ။ ဒါမှမဟုတ် crop topအနီရဲရဲ နဲ့ ဂျင်းန်လေးပေါ့။ ဂျင်းန်ပြာပြာကို အပွ လေးတွေ၊ ခါးကြိုးချည်လေးတွေပဲ ရွေး ပြီး ဝတ်မယ်ဆိုရင် ဒီလို အရောင်အတွဲ လေးနဲ့ သွက်လက်နေမယ့် ပုံစံလေးကို ရမှာပါ။

15241930 1500449976649059 5687923232068060222 n

source: now

Read 1138 times
Rate this item
(0 votes)