What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်အရည်အသွေးနဲ့ ခံစားချက်ကို ဖော်ပြဖို့ ရွေးချယ်ဝတ်ဆင်ရမယ့် အ၀တ်အစားအရောင်များ

သင့်အရည်အသွေးနဲ့ ခံစားချက်ကို ဖော်ပြဖို့ ရွေးချယ်ဝတ်ဆင်ရမယ့် အ၀တ်အစားအရောင်များ Google

          ပျိုမေတို့ဝတ်တဲ့ ဖက်ရှင်အရောင်တွေက အလုပ်နဲ့လုပ်ဆောင်ချက်တွေအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာ သိပါသလား။ အရောင်တွေက ဘယ်လိုသက်ရောက်နေလဲဆိုတာသိရအောင် ဖတ်ကြည့်လိုက်နော်။

(၁) တည်ကြည်လေးနက်ပြီး တခြားသူတွေအပေါ်လွှမ်းမိုးနိုင်မယ့် အရောင်
          ဒီအချက်အတွက် နှစ်ပေါင်းများစွာလက်ခံထားကြတာကတော့ အနက်ရောင်ပါ။ အင်တာဗျူးဖြေတဲ့အခါ၊ အရေးကြီးပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံတဲ့အခါ  အနက်ရောင်ကိုဝတ်သွားတတ်ကြပါတယ်။ အနက်ရောင်က တည်ကြည်လေးနက်ပြီး တခြားသူတွေအပေါ်လွှမ်းမိုးနိုင်ရုံမက ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း နှစ်ဆတိုးစေပါတယ်။ အနက်ရောင် ဘောင်းဘီ ဒါမှမဟုတ် စကတ်ကို အရောင်ငြိမ်တဲ့ဘလောက်စ်အင်္ကျီလေးတွေနဲ့တွဲဝတ်မယ်ဆို အသင့်တော်ဆုံးပါပဲ။

b

 

(၂) ယုံကြည်မှုအပြည့်ရှိပြီး လူတွေရဲ့စိတ်အာရုံကိုဖမ်းစားနိင်မယ့်အရောင်
          အချိန်တိုင်းအတွက် အဟော့ဆုံးနဲ့ ဆွဲဆောင်မှုရှိဆုံးအရောင်ကတော့ အနီရောင်ပါပဲ။ လူစည်ကားတဲ့နေရာ ဒါမှမဟုတ် ပြိုင်ပွဲတစ်ခုကိုသွားတဲ့အခါ လူအများရဲ့အာရုံကိုဖမ်းစားချင်တယ်ဆိုရင်တော့ အနီရောင်ကိုရွေးချယ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဖြစ်နေတဲ့နေ့တွေမှာလည်း အနီရောင်ကိုဝတ်လိုက်မယ်ဆို ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာနိုင်ပါတယ်။ အနီရောင်ဝတ်စုံတွေဝတ်တဲ့အခါ လိုက်ဖက်တဲ့ accessories တွေကိုတွဲဝတ်လိုက်မယ်ဆိုရင် အလှဆုံးဖြစ်သွားပါလိမ့်မယ်။

r

 

(၃) ရိုးသားမှုကိုပေါ်လွင်စေတဲ့ အရောင်
          သင့်ရဲ့ရိုးသားမှု နဲ့ စိတ်ရင်းကို အရှိအတိုင်းပေါ်လွင်ချင်တယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့အရောင်က အဖြူရောင်ပါ။ သင့်ရဲ့ဟန်ဆောင်မှုမရှိဘဲ တခြားသူအပေါ်လွှမ်းမိုးလိုစိတ်မရှိတဲ့ စိတ်ရင်းကိုဖော်ပြဖို့ အဖြူရောင်ကိုဝတ်နိုင်ပါတယ်။

w

 

(၄) နွေးထွေးပြီးဖော်ရွေတဲ့ဟန်ပေါ်စေတဲ့အရောင်
          ပန်းရောင်ကိုမ၀တ်ရင်သာနေမယ် မကြိုက်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ နွေးထွေးပြီး ပေါ့ပါးတဲ့ဟန်၊ ဖော်ရွေတဲ့ဟန်၊ ချစ်စရာကောင်းတဲ့ဟန်ကိုပေါ်စေတာ ပန်းရောင်ပါ။ ပန်းရောင်အမျိုးကွဲအများကြီးထဲကမှာ သင့်အသားအရေနဲ့လိုက်ဖက်တဲ့ပန်းရောင်ကိုရွေးချယ်ဝတ်ဆင်လိုက်ပါ။ လူတိုင်းနဲ့လိုက်ဖက်တာကတော့ pastel pink လေးတွေပါပဲ။ သင်ပန်းရောင်ဝတ်ထားတဲ့နေ့မှာ လူတွေကသင့်ကိုပိုပြုံးပြတာကို သတိထားကြည့်ရင်သိနိုင်ပါတယ်။

p

 

(၅) ငြိမ်သက်ပြီးတခြားသူတွေရဲ့ယုံကြည်မှုကိုရစေနိုင်တဲ့အရောင်
           စိတ်ဖိစီးတဲ့နေ့တွေမှာ စိတ်ညစ်နေတဲ့နေ့တွေမှာ ကောင်းကင်နဲ့ပင်လယ်လိုကိုယ်စားပြုတဲ့ အပြာရောင်လေးတွေကိုဝတ်သင့်တာပါ။ အပြာရောင်က ငြိမ်းချမ်းတဲ့ခံစားချက်ကိုဖြစ်စေပြီး သင့်ကိုလည်းပိုမိုပိန်သွယ်သွားသယောင်ထင်ရစေပါတယ်။ အပြာနုရောင်အင်္ကျီနဲ့ နက်ပြာရောင်ဂျင်းဘောင်းဘီ အတွဲက သင့်စိတ်ခံစားချက်တွေကိုငြိမ်သက် ငြိမ်းချမ်းစေပြီး တခြားသူတွေဆီက ယုံကြည်မှုကိုရစေနိုင်ပါတယ်။

blu

 

Source: Aunty May

Read 1403 times
Rate this item
(0 votes)
Tagged under