ခု မိုးက ရွာနေသေးပေမယ့် ဆောင်းလေအေးတွေ လည်း မနက်ပိုင်း တိုက်ခတ်လာတာကို အားလုံးခံစားမိကြမှာပါ။ ဟုတ်ပါတယ်။ ရှိုးထုတ်လို့အလွန်ကောင်းတဲ့ ဆောင်းတွင်းရောက်ပါပြီရှင့်။ ဒီဆောင်းတွင်းအတွက် ခရီးသွားမယ့် သူတွေအတွက်လည်း အလွန့်အလွန် အဆင်ပြေ၊ တစ်ခါတစ်လေ ပဲများဖို့ စိတ်ကူးထားတဲ့ သူတွေအတွက်လည်း ဖက်ရှင်ကျစေမယ့် sweater ဖက်ရှင်အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။
မြန်မာပြည်ရဲ့ ဆောင်းရာသီဥတုက သိပ်မအေးတာကြောင့် ခရီးသွားကြမယ့် ပျိုမေတွေ နဲ့ ရုံးရဲ့ အေးတဲ့ အခန်းမှာအလုပ်လုပ်သူတွေအတွက်ကတော့ ပိုအဆင်ပြေစေပါတယ်။
ဇွတ်အတင်း အားထုတ်ကြိုးပမ်း ဝတ်စားထားရတဲ့ ပုံမျိုးမပေါက်ပဲ ဆွယ်တာ တစ်ထည်ကောက်စွပ်လိုက်ရုံနဲ့ အမိုက်စား ဖက်ရှင်မျိုး ရနိုင်ဖို့ ဘယ်အချက်ကလေးတွေ သိထားရမလဲ ကြည့်ရအောင်။
# ဆွယ်တာလည်ပင်းပြဲပြဲလေးဆို shoulder off ပုံမျိုးဝတ်ပါ။ နှစ်ဖက်စလုံး ပခုံးချပြီး မဝတ်ပဲ တစ်ဖက်ကိုပဲ ပခုံးချဝတ်ပါ။
# ဘောင်းဘီရှည်ဆို အလိုက်ဖက်ဆုံးက skinny jean ပါပဲ။ သူ့ရှေ့ကြယ်သီးထဲ sweater ကို ကပိုကရိုထည့်ဝတ်တာကလည်း အထာကျတာပါပဲ။ စကတ်ကတော့ ကိုယ့်ရွေးချယ်မှုပါ။
# အေးတဲ့နေရာမျိုးကိုခရီးသွားတဲ့အခါ sweater နဲ့ leather တွဲဝတ်နိုင်ပါတယ်။ ဆွယ်တာပေါ် လည်သာ biker jacker ထပ်ဝတ်တာမျိုး ဒါမှမဟုတ် ပွဲတက်ဖက်ရှင်အထိ ခပ်မိုက်မိုက် ဆင်မြန်းချင်တယ်ဆိုရင် ဆွယ်တာကို အောက်က လည်သာဘောင်းဘီ/ စကတ်စတာတွေနဲ့ တွဲဝတ်ပစ်လိုက်ပါ။
# အဝတ်နည်းပေမယ့် ဆွယ်တာပေါ်က overall jean ထပ်ဝတ်တာကလည်း စတိုင်ကျတာပါပဲ။
# အနွေးထည်ပုံစံမျိုး ဝတ်ချင်တယ်ဆိုရင် အောက်က ရှပ်အကျီကို ကော်လာထုတ်ပြီး ရှပ်အကျီအပေါ်က ဝတ်နိုင်ပါသေးတယ်။ ဒီဖက်ရှင်က ရုံးတက်ရတဲ့ပျိုမေတွေအတွက်ပါ ရိုးမလိုနဲ့ ဆန်းတဲ့ပုံစံလေးပါနော်။
# ဆွယ်တာက ပေါင်မရောက်တရောက်ထိ ရှည်တယ်ဆိုရင် သူ့ကို အောက်က fish net ဒါမှမဟုတ် အမိုက်စား stocking တွေနဲ့ တွဲဝတ်နိုင်သေးတယ်နော်။
# ဖိနပ်ကိုတော့ ankle bootလေးတွေ ရွေးချယ်စေချင်ပါတယ်။ မဟုတ်ရင်လည်း sneaker တွေနဲ့ တွဲစီးပါ။ pencil heel လို ဒေါက်မြင့်ဖိနပ်တွေနဲ့တော့ မလိုက်ဖက်ပါဘူး။
ကဲ ဒီလောက်ဆို ဆွယ်တာတွေကို ပုံစံအမျိုးမျိုး ဝတ်နိုင်တယ်ဆိုတာ သိပြီပေါ့နော်။ အားလုံးပဲ အေးချမ်းတဲ့ရာသီလေးမှာ ဆွယ်တာဖက်ရှင်လေးနဲ့ အထာကျလှပနိုင်ကြပါစေရှင်။
source:i am fashion