What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မတူညီတဲ့နေရာတိုင်းအတွက် LITTLE BLACK DRESS

အဝတ်ဗီရိုမှာ ပင်တိုင်ရှိနေတတ်ပြီး နေရာအချိန်အခါမရွေး စွယ်စုံသုံးလို့ရတဲ့ ဝတ်စုံတွေကို ပြောပါဆိုရင်တော့ အနက်ရောင်လို့ ပြောရမှာပါ ပဲ။

အနက်ရောင် ဝတ်စုံတွေလောက် ဂန္တဝင်ဆန်တဲ့၊ ဆွဲအားပြင်းတဲ့ ဝတ်စုံတွေ မရှိသလောက်ပါပဲ။ Little Black Dress (LBD) လို့ ခေါ်ကြတဲ့ အနက်ရောင်ဝတ်စုံကို ဖက်ရှင်အတွက် မရှိမဖြစ်လိုအပ် တဲ့အရာအဖြစ် ၁၉၂၀ ပြည့်လွန်နှစ်များမှာ Coco Chanel က မိတ်ဆက်ခဲ့ပြီး သိပ်ကိုအောင်မြင်ခဲ့ ပါတယ်။ LBD တွေဟာ သင့်တော်မှန်ကန်တဲ့ အဆင်တန်ဆာနဲ့ လိုက်ဖက်တဲ့ အဝတ်အထည်ကို ထပ်ဖြည့်တာ ဒါမှမဟုတ် ဖယ်ရှားလိုက်တာတွေ ပြုလုပ်လိုက်ရုံနဲ့ ရုံးတက်တဲ့ဝတ်စုံကနေ ပါတီတက် တဲ့ ဝတ်စုံအဖြစ်၊ ထသွားလာသွားကနေ ပွဲနေပွဲထိုင်အဖြစ် ကွဲပြားတဲ့ပုံစံအမျိုးမျိုးနဲ့ကိုရရှိနိုင်ပြီး လည်ပတ်နေတဲ့ ရာသီစက်ဝန်းနဲ့အတူ လိုက်ပါပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် အချိန်ကန့်သတ် မှုကနေ လွန်မြောက်တဲ့ အနက်ရောင်ဝတ်စုံတွေကို ဝတ်ဆင်ပြီး လူအများကြားမှာ ပေါ်လွင်ထင်ရှားနိုင် စေမယ့် ဖက်ရှင်ဆိုင်ရာ အကြံပြုချက်တွေကို ပြန်ဆို ဝေမျှလိုက်ပါတယ်။

အနက်ရောင်ဖက်ရှင် အကြောင်းပြောတဲ့အ ခါတိုင်း အမြဲတမ်း မပါမဖြစ်ကတော့ ဖက်ရှင်အကြောင်း အတွင်းကျကျ လေ့လာထားကြတဲ့ ဖက်ရှင်အယ်ဒီတာတွေ၊ ဖက်ရှင်ကျကျ ဆင်မြန်းရတာကို နှစ်သက်တဲ့ ဝယ်သူတွေနဲ့ မော်ဒယ်တွေ ဟာ ခေါင်းအစ ခြေအဆုံး အနက်ရောင် ဆင်မြန်းခြင်းကို ထောက်ခံအားပေးကြတယ်ဆိုတာပါပဲ။ ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင်တော့ all black လို့ ခေါ်ကြတဲ့ အထက်အောက်အပြင် အဆင်တန်ဆာတွေပါ အနက်ရောင် ဆင်မြန်းခြင်းဟာ သိပ်ကိုကြော့ရှင်းပါတယ်။ ဒါ့အပြင် ဆုံးစမရှိတဲ့ အဆင်တန်ဆာ အစိတ်အပိုင်းတွေနဲ့ ဒီထက်ပိုတာတွေကိုလည်း ဖန်တီးနိုင်ပါသေးတယ်။ အချိန်အခါ အနေအထားပေါ်မှာ မူတည်ပြီး အနက်ရောင်ဝတ်စုံဟာ စတိုင်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ပြီးတော့ အနက်ကို အပေါ်ပိုင်းအတွက်ပဲဖြစ်စေ၊ အောက်ပိုင်းအတွက်ပဲဖြစ်စေ ကိုယ်နှစ်သက်သလို နည်း လမ်းအမျိုးမျိုးနဲ့ ဆင်မြန်းလို့ရပါတယ်။


    သူငယ်ချင်းတွေနဲ့ brunch (နံနက်နှင့် နေ့လယ် နှစ်နပ်ပေါင်း) သွားစားဖို့၊ ရုံးမှာ အ စည်းအဝေးတက်ဖို့၊ ကောင်မလေးတွေစုပြီး ညဘက် အပြင်ထွက်ဖို့ ဒါမှမဟုတ် စိတ်လှုပ်ရှားဖွယ်ရာ တွေ့ဆုံမှုကို သွားရောက်ဖို့အတွက် အနက်ရောင်
ဝတ်စုံကို ဝတ်သွားမယ်ဆိုရင် နေရာတစ်ခုချင်းစီအလိုက် သင့်တော်မှန်ကန်တဲ့ ဝတ်စုံကို ရွေးချယ်နိုင်ဖို့ လိုအပ်တယ်ဆိုပေမယ့်  ကွဲပြားခြားနားတဲ့ အချိန်နဲ့နေရာတွေအတွက် တူညီတဲ့ဝတ်စုံကိုပဲ ရွေးချယ်လို့ ရပါတယ်။
    ကြိုးတစ်ချောင်း အင်္ကျီ၊ လက်တို ဒါမှမဟုတ် လက်ရှည်အင်္ကျီ၊ ဒူးအထက်ထိရှည်ပြီး ခန္ဓာကိုယ်နဲ့ အတိအကျ ချုပ်ထားတဲ့ Sheath dress,အပေါ်မှာကျပ်ပြီး အောက်မှာ ဝဲဝဲပွပွလေးဖြစ်နေ တဲ့ ဂါဝန်တိုလေးတွေ ဒါမှမဟုတ် ရှင်မီးအင်္ကျီ
လို့ခေါ်ကြတဲ့ Shift dress စသဖြင့် LBD တွေအားလုံးဟာ ကွဲပြားကြပါတယ်။ LBD ကို ချုပ်ထားတဲ့ အထည်သား၊ ဒီဇိုင်နာ၊ အသေးစိတ် တန်ဆာဆင်မှုတွေနဲ့ ဈေးနှုန်းပေါ် မူတည်ပြီး တချို့သော ဝတ်စုံတွေဟာ ပိုပြီး စတိုင်ကျတတ်ပြီး အခြားသော ဝတ်စုံတွေထက် အရည်အသွေးကလည်း ပို ကောင်းတတ်ပါတယ်။

  နေ့ခင်းမှာ တက်ရောက်ရတဲ့ ပါတီတွေ၊ နေ့စာစားပွဲနဲ့ ပွဲတွေအတွက် ဝတ်ဆင်မယ့် LBD တွေဟာ ပိုပြီးပုံကျပန်းကျဖြစ်သင့်တဲ့အပြင် ထသွားထလာ ဝတ်စုံတွေထက် အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို အသုံးပြုထားသော ပွဲလယ်တင့်တဲ့ ဝတ်စုံမျိုး ဖြစ်သင့်ပါတယ်။ ညနေခင်းမှာ တက် ရောက်ရမယ့် ဝတ်စုံတွေအတွက်ကတော့ များသောအားဖြင့် သက်သောင့်သက်သာရှိရှိ၊ ဆွဲဆောင်မှုရှိရှိနဲ့ ချစ်စဖွယ်ဖြစ်ဖို့သာ စဉ်းစားရပါမယ်။ နွေရာသီအတွက် ဝတ်စုံတွေ ကတော့ ဆောင်းရာသီဝတ်စုံ တွေထက် ပိုပြီးပေါ့ပါးတဲ့ အထည်သားတွေ ဖြစ်သင့်ပြီး ရုံးဝတ်စုံဆိုရင်တော့ တည်ငြိမ်၊ ရိုးရှင်းပြီး ကျစ်လျစ်ကျော့မော့တဲ့ ဝတ်စုံကို ဝတ်ဆင်ပါလို့ အကြံပြုချင်ပါတယ်။

 

    ဝတ်စုံကို သင့်တော်တဲ့ အစိတ်အပိုင်းလေး တွေနဲ့ တွဲစပ်လိုက်ခြင်းဖြင့် LBD ဟာ စတိုင်တစ် မျိုးကနေ အခြားစတိုင်အဖြစ် ကွဲကွဲပြားပြား ပေါ်ထွက်လာနိုင်ပါတယ်။ အားကစားလုပ်ဖို့ သွားမယ့် အနက်ရောင်ဝတ်စုံအတွက် military coat ကို ဆွဲ ယူလိုက်တာနဲ့ military စတိုင်ဖြစ်သွားပြီး biker ဂျာကင်ကို ဝတ်ဆင်ပြီး ခြေမျက်စိထိသာရှည်တဲ့ ဘွတ်ဖိနပ်ကို စီးလိုက်ရင်တော့ ခပ်မိုက်မိုက် ကောင်မလေးစတိုင်ဖြစ်သွားပါပြီ။ ရောမခေတ်စတိုင်ဖိနပ် (Flat gladiator boots) ကတော့ အများနဲ့မတူ ထူးထူးခြားခြား လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ကို ဖြစ်စေမှာပါ။  အားကစားဖိနပ်တွေကတော့ အားကစားသမားဆန်သွားစေပြီး သူနဲ့တွဲဖက်လိုက်ရင် ပိုပြီး ထသွားလာသွား ပုံစံဖြစ်စေပါတယ်။

    ချည်ထည်တွေ အတွက်ဆိုရင်တော့ တချို့သော ချည်ထည်တွေဟာ ဝတ်စုံအတွက် မတူကွဲပြားတဲ့ ပုံစံကို ပေးစွမ်းနိုင်ပြီး ပိုးထည် (သို့) ဇာတွေကတော့ မိန်းမပိုဆန်စေတယ်။ ခေါင်းစွပ်ဆွယ်တာ တွေက  ပိုပြီး ထသွားလာသွား ပုံပေါက်စေ ပါတယ်။ ဘီရိုထဲမှာရှိတဲ့ အဝတ်အထည်တွေကို ရောမွှေပေါင်းစပ်ပြီး တွဲဖက်ရတာကလည်း ပျော်စရာ ကောင်းတာပါပဲ။ ချိန်သားကိုက်ကိုက် ညီညွတ်မျှတ နေဖို့တော့ လိုပါတယ်။
    LBD ကို အထက်အောက် ဝတ်ဆင်ဖို့အ တွက် နည်းလမ်းများစွာရှိပါတယ်။ အပေါ်ထပ် အင်္ကျီ၊ အလွှာအထပ်တွေ၊ လက်ဝတ်ရတနာတွေ၊ ခပ်ကျပ်ကျပ် ဘောင်းဘီ၊ လက်အိပ်၊ လည်စီးပုဝါ၊ ခါးပတ်၊ အမျိုးအစားစုံ ဖိနပ်၊ ဒါတွေအားလုံးဟာ LBD နဲ့ ပေါင်းစပ်ပြီး ဆန်းပြားခမ်းနား တဲ့ ဖက်ရှင်ကို ဖန်းတီးဖို့ သိပ်ကိုကောင်းတဲ့ အရာတွေပါပဲ။ 

အနက်ရောင် ဝတ်စုံကို လူကြိုက်များတဲ့ အရောင်ပါတဲ့ ဖိနပ်၊ အိတ် ဒါမှမဟုတ် အပေါ်ထပ်နဲ့တွဲပေးတာမျိုး လုပ်လို့ရသလို ပေါ်ပေါ်လွင်လွင်ရှိ တဲ့ နီယွန်အဆင်တန်ဆာတွေ ပေါင်းထည့်ကြည့် လိုက်ပါ။ အမိုက်စား ဒီဇိုင်းကို ရနိုင်ပါတယ်။ တောက်တောက်ပပဖြစ်ပြီး ခန့်ထည်တဲ့အသွင် ပေါ်စေဖို့ဆိုရင် ရွှေရောင်၊ ငွေရောင်တွေကို သုံး ကြည့်ပေးပါ။
    နောက်ပြီး LBD နဲ့ ခပ်ကြီးကြီး လက်ဝတ် ရတနာတွေကို ဝတ်ဆင်တဲ့အခါမှာတော့ အဆင်တန်ဆာတွေက ထင်ရှားသိသာနေဖို့ လိုပါတယ်။ တကယ်လို့ ကိုယ်ကလည်ဆွဲနဲ့ ရင်ထိုး အကြီးကြီးတွေကို ပိုင်ဆိုင်ထားမယ်ဆိုရင် အဆင်တန် ဆာ တွေကို ဦးစားပေးပြီး အနက်ရောင်ဝတ်စုံကတော့ အစိတ်အပိုင်းအဖြစ်သာ ရှိနေသင့်ပါတယ်။ ဒါပေမဲ့ အရာအားလုံးကို ဟန်ချက်ညီညီဖြစ်နေဖို့ လိုတယ်ဆိုတာလည်း သတိရပေးပါ။ အရွယ်အစားကြီးမားတဲ့ လည်ဆွဲကို ဝတ်ဆင်မယ်ဆိုရင် အခြားသော အဆင်တန်ဆာတွေ နည်းနိုင်သမျှ နည်းစေပြီး လည်ဆွဲကိုသာ အာရုံစိုက်ကြပါစေ။ လည်ပင်းဟိုက်တဲ့ အင်္ကျီတွေကိုတော့ ဖြုတ်လို့ တပ်လို့ရပြီး လှလှပပဖြစ်အောင် တန်ဆာဆင်ထားတဲ့ ကော်လာလေးတွေ ထပ်ဖြည့်ပြီး ဝတ်ဆင် တာက ကောင်းပါတယ်။
    LBD ဟာ တန်ဆာဆင်တဲ့အပေါ်မှာ မူတည် ပြီး ရိုးရှင်းတဲ့ ပြောင်းလဲမှုလေးတွေ လုပ်လိုက်ရုံနဲ့ နေ့ခင်းကနေ ညနေ၊ ထသွားလာသွားကနေ ပွဲနေပွဲထိုင်၊ ရိုးရိုးရှင်းရှင်းကနေ ခပ်ဟော့ဟော့ ဖက်ရှင်တွေကို ပြောင်းလဲယူလို့ ရပါတယ်။ အလွှာအ ထပ်မျိုးစုံနဲ့ ရင်ကွဲသိုးမွေးအင်္ကျီလို အပေါ်ထပ်၊ ဂျင်းရှပ်၊ စွပ်ကျယ်၊ ဂျာကင်၊ ဘလေဇာ (သို့) ကုတ် စတာတွေဟာ နေရာအနေအထားမျိုးစုံအတွက် ဖက်ရှင်အမျိုးမျိုး ဖန်တီးအလုပ်ဖြစ်စေပါတယ်။ သဲနာရီပုံစံဖြစ်ဖို့ ခါးပတ် ပတ်လိုက်တာ ဒါမှမ ဟုတ် တစ်ဖက်စွန်းရောက်နေတဲ့ ဖက်ရှင်မျိုးဖြစ်စေဖို့ နေ့ခင်းနေ့လယ်မှာ လက်အိတ်ဝတ်လိုက်တာတွေ လုပ်လို့ရပါတယ်။
    LBD နဲ့ လိုက်ဖက်မှန်ကန်တဲ့ ဖိနပ်ကို ရွေး ချယ်ပေးရပါမယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ သွင်ပြင်ကို အများအာရုံစိုက်စေဖို့အတွက် အဆင်တန်ဆာတွေကို ဖြုတ်ထားခဲ့သင့်ပါတယ်။ အဲ့ဒီအစားဖိနပ်ကိုတော့ ကောင်းကောင်းလေး ရွေးချယ်ဖို့လို
တာပေါ့။ LBD ကို ကောင်းကောင်းမွန်မွန် ဝတ်ဆင်တာပဲဖြစ်ဖြစ် တော်သလိုရော်သလို ဝတ်ဆင်တာပဲဖြစ်ဖြစ် ဖိနပ်ကတော့ အဓိက အစိတ်အပိုင်းအဖြစ် ပါနေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဖိနပ်က ဝတ်စုံနဲ့ ပြဒါးတစ်လမ်း သံတစ် လမ်း ဖြစ် နေတတ်သလို စတိုင်ကျတဲ့ ဖက်ရှင်တစ်ခုလည်း ဖြစ်သွားစေတတ်လို့ပါ။ရာသီအလိုက် LBD တွေကို နည်းလမ်းမျိုးစုံနဲ့ စတိုင်ထုတ်လို့ရပါတယ်။ နွေရာသီကနေ ဆောင်းရာသီအထိ LBD တွေကို စိတ်ကူးဖန်တီး ကြည့်နိုင်ပါတယ်။ 

source:people

Read 1005 times
Rate this item
(0 votes)