What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပေါ့ပါးအထာကျတဲ့ ဖက်ရှင်စိတ်ကူးတွေပဲ ပိုင်ဆိုင်ထားနိုင်အောင်

နေ့စဉ်ဘဝအတွက် ဖက်ရှင်ဆိုတာ လိုအပ်ပါတယ်။

ဒါပေမယ့် အဲဒီဖက်ရှင် အတွက် လိုအပ်တာတွေကို အချိန် အရမ်းပေးပြီး ကြိုးစားရမယ်ဆိုရင်တော့ ဒါက ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လာပါတော့ မယ်။

ကိုယ့်ဆီမှာရော ဖက်ရှင်နဲ့ ပတ် သက်လို့ ဖိစီးနေတာလေးတွေရှိတတ် သလားဆိုတာ အခုပြောထားတဲ့ အချက် အလက်လေးတွေနဲ့ တိုက်ဆိုင်ကြည့်ရင်း မလိုတာလေးတွေကို ဖယ်ထုတ်ပစ်လိုက် ပါ။

ပေါ့ပါးအထာကျတဲ့ ဖက်ရှင်စိတ်ကူး လေးတွေကိုပဲ ထိန်းသိမ်းထားလိုက်ရ အောင်လား။
=========================================================
#မလိုတာတွေမဝယ်ပါနဲ့
မျက်စိရှေ့တွေ့တိုင်း ကိုယ်နဲ့ လိုက် ဖက်မယ်ထင်ပြီး ဝယ်ယူတတ်တဲ့ အကျင့် ရှိနေရင် ဖျောက်ပစ်ပါ။

ဒါက ငွေကုန် ကြေးကျများစေပြီး ကိုယ့်အတွက် အသုံးမဝင်တာတွေလည်း အိမ်မှာ စုပုံ လာစေဦးမှာပါ။

တကယ်လို့ ကိုယ်က ဘာမဆို ဝယ်ချင်စိတ်၊ ဝယ်တတ်ကျင့် ရှိနေတယ်ဆိုရင် ပထမဆုံးအနေနဲ့ ဘာ ကိုမှ မဝယ်မိသေးခင် နှစ်ခါပြန် စဉ်းစား ကြည့်ပါ။

ဒုတိယအကြိမ်လောက်မှာ ကိုယ့်ဘာသာ ထိန်းချုပ်နိုင်လာပြီး ငွေ ကုန်တာ သက်သာသွားတာကို မြင်ရမှာ ပါ။
==========================================================

#ကိုယ့်ဘာသာယုံကြည်မှုရှိပါ
ဘော်ဒါတွေဆိုတာ တစ်ခါတလေ ဆေးထိုးတတ်တယ်လေ။

ကိုယ်နဲ့ ဘယ် ဟာက လိုက်ဖက်တယ်၊ မလိုက်ဖက် ဘူးဆိုတာ သူတို့အမြင်ကို အဓိကမထား ဘဲ ကိုယ့်ဘာသာပဲ ဆုံးဖြတ်ရွေးချယ်နိုင် အောင် လေ့ကျင့်ထားပါ။

ဒါဆို ဖက်ရှင် အလွဲအမှားတွေနဲ့ လူပုံအလယ်မှာ အရှက်မကွဲရတော့ပါဘူး။
=========================================================
#ဘာသွားလုပ်မယ်၊ဘယ်ကိုသွားမယ်
ဘယ်နေရာကို ဘာအတွက် သွား မယ်ဆိုတာ အရင် စဉ်းစားပြီးမှ အဝတ် အစားဗီရိုကို ဖွင့်ကြည့်ပါ။

ဖက်ရှင်ကျွမ်း ကျင်သူမဟုတ်ရင် အရေးပါတဲ့ နေရာမျိုး ကို သွားဖို့ကို ကြိုတင်ပြင်ဆင်ပါ။
==========================================================

#ရှိပြီးသားတွေမလိုချင်ပါနဲ့
လှတာတွေ့ရင်တော့ မက်မောမိတာ ပေါ့။

ဒါပေမယ့် ကိုယ့်ဆီမှာ တစ်ခေါက်ရှိနေပြီးသား၊ သုံးဖူးပြီးသား ဖက်ရှင် ပစ္စည်းတွေကို နောက်တစ်ကြိမ် ထပ် မဝယ်ပါနဲ့။

အဲဒီအစား အသစ်လေးတွေ စမ်းကြည့်မယ်လေ။ 
========================================================
#ဈေးမြင့်တာတွေကအရည်အသွေးလည်းကောင်းတယ်

ပေါချောင်ကောင်းကို ကိုယ်လည်း ကြိုက်တာပါပဲ။

ဒါပေမယ့် ခဏခဏ အကုန်ခံနေရတာထက် အကြာကြီး အသုံးဝင်မယ့် အရည်အသွေးမျိုး ရှိနေ တာတစ်ခုကိုပဲ တစ်ကြိမ်တည်းမှာ အကုန်ခံလိုက်တာက ပိုအကျိုးရှိပါတယ်။

ဒါဟာ အကောင်းစားဘရန်းဒ်ချည်းပဲ သုံးရမယ်လို့ မဆိုလိုပါဘူး။

==========================================================
#အပြောင်းအလဲလုပ်ပါ
စတိုင်ရှိမှ စတားဖြစ်တာ အဟုတ်ပါ ပဲ။

ကိုယ့်စတိုင်အတိုင်း ပုံမှန်ပဲ သွားနေ တာမျိုးထက် အပြောင်းအလဲလေးတွေ လုပ်ကြည့်ပါ။

ချက်ချင်းပြောင်းချလိုက်ဖို့ မဝံ့မရဲဖြစ်နေတယ်ဆိုရင်တောင် တဖြည်းဖြည်း ပြောင်းလဲကြည့်မယ်ဆို ရင် စတိုင်အပြောင်းအလဲလေးတွေနဲ့ အမြင်သစ်၊ ခံစားမှုအသစ်လေးတွေကို ရရှိခံစားရပါလိမ့်မယ်။

==========================================================
#စိတ်ခံစားချက်ကိုသတိထားပါ
ကိုယ်က mood down ဖြစ်နေ တယ်ဆိုရင် motivate ဖြစ်သွားစေမယ့် အရောင်လေးတွေကို ရွေးတာမျိုး၊ နေ မကောင်းဘဲ အလုပ်ကို သွားကိုသွားရမယ့်နေ့မှာ ကြည့်အကောင်းဆုံးဖက်ရှင်ကိုပဲ ရွေးချယ်ဝတ်သွားတာမျိုး၊ အလုပ် အရမ်းများနေတဲ့အချိန်မှာ သက်သောင့်သက်သာအဖြစ်ဆုံး အဝတ်အစားနဲ့ ဖိနပ်ကိုပဲ ကိုယ်ပေါ်တင်ထားတာမျိုးလေးတွေ နဲ့ စိတ်ခံစားမှုကို ဖက်ရှင်နဲ့ပါ ချိန်ညှိ မယ်ဆိုရင် ဖက်ရှင်အတွက် ဖိစီးခံရတာ မျိုး နည်းပါးသွားပါလိမ့်မယ်။

Read 1095 times
Rate this item
(0 votes)