What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခေတ်စားနေတဲ့ဖက်ရှင်

ယခုအချိန်အခါက ပွဲရာသီဆိုတော့ ပွဲတက်ဝတ်စုံများ၊ ပိုးထည်များ

ရောင်းကောင်းသော ကာလဖြစ်နေပါတယ်။

ယခုခေတ်စားနေတာက ဇာတွေ ခေတ်စားနေတာဆိုတော့ ဇာနဲ့ပတ်သက်ပြီး ဖက်ရှင်ကျကျ ပုံစံ ဒီဇိုင်း အမျိုးမျိုး ချုပ်ဝတ်၊ ချုပ်ပြီးသားကို ၀ယ်ယူဝတ်ဆင်ခြင်းများ ပြုလုပ်လာကြပါတယ်။

ယနေ့ခေတ်တွင် လူငယ်များကြားတွင် ရေပန်းစားတာကတော့ မြန်မာဝတ်စုံများ ပိုခေတ်စားလာပြီး ပိုဝတ်လာကြပါတယ်။ မြန်မာဝတ်စုံတွေကို ဒီဇိုင်းအမျိုးမျိုးနှင့် ချည်နဲ့ပဲဖြစ်ဖြစ်၊ ပိုးထည်ပွဲတက်ဝတ်စုံပဲဖြစ်ဖြစ် အတော်များများ ၀တ်ဆင်လာကြပါတယ်။

မြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုးဝတ်ဆင်ခြင်းက ယဉ်ယဉ်လေးနဲ့ လှပမှုရှိပြီး အမျိုးသမီးငယ်များ၏စိတ်တွင် ခံယူချက်ထားကြလို့ မြန်မာဝတ်စုံဝတ်ဆင်တဲ့ခေတ် ပြောင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

မြန်မာဝတ်စုံက ရိုးရိုးရှင်းရှင်းကလေးနဲ့ ကျက်သရေလည်း ရှိပါတယ်။ ဘယ်နေရာသွားသွား အဆင်ပြေသည့်အတွက်ကြောင့် မြန်မာမိန်းကလေးများ ၀တ်ဆင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘုရားပေါ်တွင်တွေ့မြင်ရတာကတော့ နိုင်ငံခြားသားတွေတောင် မြန်မာဝတ်
စုံကို နှစ်သက်သဘောကျစွာ ၀တ်ဆင်ထားကြောင်းလည်း တစ်ခါတစ်ရံတွေ့မြင်နိုင်ပါတယ်။

Read 1736 times
Rate this item
(0 votes)