What's new



၂၀၂၃ ထဲမှာ ခေတ်စားလာနိုင်မယ့် Outfit များ

၂၀၂၃ ထဲမှာ ခေတ်စားလာနိုင်မယ့်  Outfit များ Crd to Pinterest

ခေတ်ရေစီးကြောင်းအလိုက် အမြဲပြောင်းလဲနေတဲ့ ဖက်ရှင်တွေအကို အမှီလိုက်နိုင်ဖို့အတွက် အင်္ကျီအပေါ်၊ အောက် အတွဲအစပ်တွေကို ကောင်းကောင်း သိထားဖို့လိုပါတယ်၊၊ ၂၀၂၃ ထဲမှာ ရေပန်းစားလာနိုင်တဲ့ Outfit တွေ၊ Trend ဖြစ်လာမယ့် အရောင်တွေကို ဖော်ပြပေးထားလို့ လွယ်လွယ်ကူကူ လိုက်ဝတ်ကြည့်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်၊၊

 

Jeans

 

Jeans တွေကတော့ ဘယ်တော့မှမရိုးနိုင်တဲ့ Fashion ဖြစ်တာကြောင့် ဘယ်လို Styling လုပ်လုပ် မိမိုက်နေမှာ အသေအချာပါပဲ၊၊ အဲ့ထဲမှာမှ Wide Leg Jeans၊ Straight Leg Jeans၊ Flared Jeans တွေကတော့ အရင်နှစ်တွေမှာတည်းက ဝတ်လာကြတယ် ဆိုပေမယ့်  ဘယ်လိုအတွဲအစပ်မျိုးနဲ့မဆို လိုက်ဖက်လွန်းတဲ့အတွက် အခုနှစ်ထဲမှာလည်း လူငယ်တွေကြားမှာ  ပို Trend ဖြစ်ပြီး အဝတ်များလာ ကြဦးမှာပါ။

Jeans

Y2k Fashion

 

၁၉၉၀ နှောင်းပိုင်း နဲ့ ၂၀၀၀ အစောပိုင်း ကာလတွေမှာ လျှမ်းလျှမ်းတောက် ခေတ်စားခဲ့တဲ့ Y2k ဖက်ရှင်ဟာ ၂၀၁၉ လောက်တည်းက တရိပ်ရိပ် နဲ့ ပြန်ခေတ်စားလာခဲ့တာ အခုဆိုရင် Trend အဖြစ်ဆုံး ဖက်ရှင်တစ်ခု ဖြစ်လို့လာပါပြီ၊၊ Y2k ဖက်ရှင် ဆိုတာနဲ့ အရောင်အသွေးစုံစုံ၊ မျက်လုံးထဲမှာ မြင်လိုက်တာနဲ့ တမူထူးခြားပြီး ကွဲထွက်နေမယ့် Outfit အတွဲအစပ်တွေ ဖြစ်ပါတယ်၊၊ အခုနှစ်ထဲမှာတော့ Y2k ဖက်ရှင်ကိုမှ အရောင်ဆန်းတွေ၊ အရောင်တောက်တွေနဲ့ အမိုက်စား ဖက်ရှင်တွေကို တွေ့ရ နိုင်ပါတယ်၊၊

 

 Y2k

Retro Fashion 

 

တကျော့ပြန် ၁၉၇၀ ခုနှစ်ကို ပြန်ရောက်သွားသလိုမျိုး Vibe ကို ပေးနိုင်မယ့် Retro ဖက်ရှင်တွေဟာလည်း ဒီနှစ်တွေအတွင်းမှာ တဖန်ပြန် Trend ဖြစ်လို့ လာပါတယ်၊၊ Retro ဖက်ရှင်လို့ မြင်လိုက်တာနဲ့ ရိုးရိုးရှင်းရှင်းနဲ့ လိုက်လျောညီထွေ ဖြစ်စေတဲ့ Outfit အတွဲအစပ် တွေပဲဖြစ်ပါတယ်၊၊ ၂၀၂၃ ထဲမှာတော့ အရောင်နုနုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ကြတာကို ပိုမြင်ရပါလိမ့်မယ်၊၊ 

 

530abc4a3451e91a76a79e224945a715 

Crd to Pinterest

 

Maxi Dress

 

Maxi Dress တွေကတော့ ဘယ်အချိန်ပဲ ဝတ်ဝတ် အမြဲစမတ်ဖြစ်နေမယ့် Outfit တမျိုးပဲ ဖြစ်ပါတယ်၊၊အရင် နှစ်တွေမှာတည်းက ခေတ်စားပြီးသား ဆိုပေမယ့် ၂၀၂၃ မှာလည်း Maxi Dressတွေကို Dress Over Pants Outfit အနေနဲ့ ထပ်ပြီး ဝတ်ဆင်ကြမယ် လို့မှန်းထားပါတယ်၊၊ Pants ကိုတောင်မှ Jeans တွေချည်းပဲ မဟုတ်တော့ပဲ Loose Pants ပုံစံမျိုး တွေနဲ့ပါ ဝတ်ဆင် လာနိုင်ပါတယ်၊၊

 

Dress with Pants

 

Boyfriend Shirt

 

ကိုယ့်ကောင်လေးရဲ့ အကျီကို ယူဝတ်ထားသလိုမျိုး ခပ်ပွပွ လေးမလို့ Boyfriend Shirt လို့ လူသိ များတာပါ၊၊Boyfriend Shirt တွေကိုမှ Long Short Pants တွေနဲ့ တွဲဖက်ပြီး အဝတ် များလာနိုင်ခြေ ရှိပါတယ်၊၊  Boyfriend Shirt တစ်ထည် ရှိထားရုံနဲ့ ဘယ်လို အတွဲအစပ် မျိုးနဲ့မဆို လိုက်တာကြောင့် အထာကျကျ မိမိုက်နေမှာ အသေအချာပါပဲ၊၊ 

Bf S

 

Colour

 

၂၀၂၃ မှာ Trend အဖြစ်လာနိုင်ဆုံး အရောင် ကတော့ Hot pink Colour ပဲဖြစ်ပါတယ်၊၊ 2022 မှာကျင်းပခဲ့တဲ့  Maison Valentino ရဲ့ အမိုက်စား  Pink PP Collection ပြီးတည်းက Hot Pink တွေက အရမ်းကို ဒိတ်ဒိတ်ကျဲ လာတာ ငြင်းမရပါဘူး၊၊ အရင်နှစ်တွေမှာ တည်းက Hot pink Colour Outfit တွေကို Trend တခုဖြစ်လာအောင် ချပြခဲ့ကြ ဖူးပေမယ့် Pink PP Collection အပြီးမှာတော့ Hot Pink တွေက လုံးဝ နေရာယူ လာကြတာ အမှန်ပါ၊၊ ပန်းဆီရောင်တောက်တောက် တွေက နေ့စဥ္် သွားလာတဲ့ အခါမှာ ဝတ်မယ် ဆိုရင်တော့ ထင်းလွန်းနေတဲ့အတွက် လူတိုင်းနဲ့ အဆင်မပြေ ဖြစ်နိုင် ပေမယ့် တခါလောက်တော့ ဝတ် ကြည့်စေချင်ပါတယ်၊၊

 

39123a1d00c4c91d0d43a264335c9a2d

 

Crd to Pinterest

 

======================================

Read 1154 times
Rate this item
(5 votes)