What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နွေပူဒဏ်ကို ဖက်ရှင်ကျကျအံတုနိုင်ဖို့

ယခုဆိုရင် နွေရာသီကိုလည်း ရောက်ရှိလာပြီဖြစ်ပါတယ်။သင်္ကြန်ကျရောက်တော့မှာဖြစ်တဲ့အလျှောက် အပူဒဏ်ဟာလည်း တဖြည်းဖြည်းနဲ့ပိုကဲ၍လာပါတယ်။

ထိုအပူဒဏ်ကို အံတုနိုင်ဖို့ မိန်းကလေးအများစုကလည်း မည်သည့် အင်္ကျီမျိုးကို ၀တ်ဆင်ရမည်ကို စတင်စဉ်စားနေကြပါတယ်။ နွေရာသီတွင် ဖက်ရှင်ကျကျ ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်ရန် အကြံပြုချက်များကို တင်ဆက်ပေးလိုက်ပါတယ်။

လေ၀င်လေထွက်ကောင်းတဲ့ Blouse အကျ

လေ၀င်လေထွက်ကောင်းတဲ့ Blouse အင်္ကျီမျိုးကို နွေရာသီမှာ ၀တ်ဆင်တာဟာ အကောင်းဆုံးအစီအစဉ်တစ်ခုဆိုလည်း မမှားပါဘူး။

ထိုသို့ Blouse အင်္ကျီပေါ့ပေါ့ပါးပါးမျိုးကို ၀တ်ဆင်ခြင်းဟာ သင့်ကို ယခင်ဝတ်နေသည့် ဒီဇိုင်းထဲမှ ထူးခြား ကွဲပြားစွာထွက်သွားပြီး အများအမြင်မှာ တင့်တယ်စေမှာအမှန်ဖြစ်ပါတယ်။

အထူးသဖြင့်လည်ပင်းတွင် ဖဲကြိုးလေးချည်နိုင်သော အင်္ကျီဒီဇိုင်းမျိုးက သင့်ကို မိန်းကလေးပို၍ ဆန်စေကာ လွတ်လွတ်လပ်လပ် ပေါ့ပါးမှုအသွင်ကို အပြည့်အ၀ ဆောင်စေပါတယ်။

 

လက္ဇက ရွပ္အက်ႌအျဖဴ

သင်ဟာ နွေရာသီ၏ပူပြင်းတဲ့ဒဏ်ကို အံတုရန်အတွက် ပေါ့ပေါ့ပါးပါးလည်းဝတ်ဆင်ချင်သော်လည်း သင့်၏ ရုံးတက်ရမည့်အခါမျိုးတွင် ပေါ့ပေါ့ပါးပါးဝတ်ဆင်ဖို့ကို အခက်တွေ့နေပါလိမ့်မယ်။ ထိုသို့အခါမျိုးတွင် အဖြူရောင် လက်ဇက ရှပ်အင်္ကျီမျိုးကို ရွေးချယ်ခြင်းက သင့်ကို Formal ကျကျ လွတ်လွတ်လပ်လပ် လှပစေနေပါလိမ့်ပါလိမ်မယ်။

 

အထပ်အထပ်များပါသော စကတ်အရှည်

ဥပမာ သင်ဟာ နွေရာသီသူငယ်ချင်းများနှင့်ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ြဖစ် ခရီးသွားခြင်း (သို့) ပျော်ပွဲစား ခရီးတိုထွက်ခြင်းများ ပြုလုပ်ရာတွင် သင့်၏ အသားအရည်ကို ပျက်စီးမည်ဆိုး၍ သွားရန် တွန့်ဆုတ်နေသော အခါမျိုးရှိတတ်ပါသည်။

ထိုအခါမျိုးတွင် နေရောင်ဒဏ်ကိုလည်း ကာကွယ်ရာရောက်သလို၊ သင့်ကိုလည်း ပေါ့ပေါ့ပါးပါး ဖက်ရှင်ကျစေမည့် အထပ်အထပ်များပါသော စကတ်အရှည်မျိုးကို ရွေးချယ်သင့်ပါတယ်။ ထိုစကတ်အရှည်မျိုးက သင်ခရီးသွားသည့်အခါတွင် လုံလုံခြုံခြုံလည်းရှိသလို လွတ်လပ်ပေါ့ပါးနေစေမှာလည်း အမှန်ပဲဖြစ်ပါတယ်။

 

အဖြူရောင်ဂါဝန်ရှည်တွေကိုဝတ်ဆင်ပါ

ထိုသို့ဂါဝန်အရှည်မျိုးက နွေရာသီညနေခင်း Romantic ဆန်ဆန်နှင့် ချစ်သူနှင့် ညစာသွားစားသည့်အခါမျိုးတွင် အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ သင်က ညနေခင်း Dinner အတွက် လှလှပပလည်းဖြစ်ချင်တယ်၊ ထင်ထင်ပေါ်ပေါ်နှင့် လွတ်လပ်ပေါ့ပါးမှုအသွင်ကိုလည်းဆောင်ချင်ပါက အဖြူရောင်ဂါဝန်ကို ရွေးချယ်ခြင်းက အသင့်တော်ဆုံးဖြစ်ပါတယ်။

ထို့ပြင် အဖြူရောင်ဟာလည်း နွေရာသီ၏ သင်္ကေတအရောင် ဖြစ်သည့်အတွက် ရာသီဥတုနှင့် အလွန်တစ်ရာကိုက်ညီသော ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

မိန်းကလေးများ နွေပူဒဏ်ကိုအံတု၍ ဖက်ရှင်ကျ လှပနိုင်ကြပါစေ…

Read 897 times
Rate this item
(0 votes)