What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တာေရာ့ဒ္ဖဲေဗဒင္၀တ္စုံ

၀တ္စုံကုိ နာရီ ၁၅၀၀၊ လုပ္ ကုိင္သူ ၁၀ ဦးျဖင့္ ဖန္တီးခဲ့ပါတယ္။

ျပင္သစ္မွ ႏွစ္ေပါင္း (၇၀) ျပည့္လုိ႔ ပလက္တီနမ္ရတုအခါသမယ ကုိ ျဖတ္သန္းေနတဲ့ ဖက္ရွင္တုိက္ ခရစၥတင္း ဒီလာ Christian Dior ရဲ႕ သတၱမေျမာက္ ဒီဇုိင္းနာအႀကီးအကဲျဖစ္သူ ဖက္ရွင္ဒီဇုိင္းနာ အီတလီသူ မာရီယာ ဂရာစီယာ က်ဴရီ Maria Grazia Chiuri ဟာ
သူမရဲ႕ ေဗြေဆာ္ဦး ဇာလႊာဖက္ရွင္၀တ္စုံကုိ ခ်ဳပ္လုပ္တာ နာရီ ၅၀၀ ေက်ာ္ အခ်ိန္ယူၿပီး ဖန္တီးခဲ့ၾကရပါတယ္။

new christian dior

 

ယခုအခါ ေနာက္ထပ္ ၀တ္စုံတစ္ထည္ကုိ ဖဲေဗဒင္ တားေရာ့ဒ္နဲ႔ ဒီဇုိင္းထုတ္ခဲ့ပါတယ္။

အဲဒီ ၀တ္စုံကုိ နာရီ ၁၅၀၀ ေက်ာ္ ေရႊခ်ည္ေငြခ်ည္ထုိး လက္မႈပညာကုိ သုံးရတာေၾကာင့္
အခ်ိန္ၾကာျမင့္ခဲ့ရတာ ျဖစ္ပါတယ္။ ၁၀ ဦး ပါ၀င္တဲ့အဖြဲ႕ျဖင့္ လုပ္ကုိင္ခဲ့ပါတယ္။
ခရစၥတင္း ဒီလာ ဖက္ရွင္တုိက္ကုိ ထူေထာင္ခဲ့သူ ဒီလာဟာ

တားေရာ့ဒ္နဲ႔ ဖဲေဗဒင္ကုိ အလြန္သေဘာက်သူတစ္ဦး ျဖစ္ၿပီး က်ဴရီကလည္း

တားေရာ့ဒ္ရဲ႕ ဒီဇုိင္းအလွကုိ ဆုပ္ဖမ္းဖုိ႔ စိတ္အားထက္သန္သူ ျဖစ္ပါတယ္။

dior couture tarot card

 

 

dior couture tarot card coat

 

dior couture taro

တားေရာ့ဒ္ကတ္အခ်ဳိ႕ရဲ႕ ေရွးဆန္တဲ့ ဒီဇုိင္းေတြကုိ ေပါင္းစပ္ၿပီး ၀တ္႐ုံတစ္ထည္အျဖစ္သုိ႔ ေရာက္ေစခဲ့တယ္။

အဲဒီအတြက္ သုံးစြဲမယ့္ ကတ္ေတြကုိ က်ဴရီကုိယ္တုိင္ ေရြးထုတ္ေပးခဲ့ပါတယ္။

ခြန္အားဗလ ဆုိတဲ့ ကတ္ကုိ မပါမျဖစ္ ထည့္သြင္းဖုိ႔ က်ဴရီက ေရြးခ်ယ္ေပးခဲ့ပါတယ္။

‘‘အဲဒီကတ္က အရမ္း အေရးႀကီးတယ္’’ လုိ႔ က်ဴရီက မွတ္ခ်က္ျပဳပါတယ္။
ေရွး႐ုိးဆန္တဲ့ အေရာင္ေတြ ေဖာ္ျပထားတဲ့ ေရႊခ်ည္ေငြခ်ည္ထုိး ၀တ္စုံဟာ ဖက္ရွင္ပြဲမွာ တစ္မူထူးျခားေနခဲ့ပါတယ္။

ဆက္စပ္အေၾကာင္းအရာ ဖတ္႐ႈရန္လင့္ခ္
ခရစၥတင္း ဒီလာ Christian Dior ပလက္တီနမ္ရတုႏွင့္ မာရီယာ ဂရာစီယာ က်ဴရီ

 

UNICODE

 

တာရော့ဒ်ဖဲဗေဒင်ဝတ်စုံ
-------------------------
ဝတ်စုံကို နာရီ ၁၅၀၀၊ လုပ် ၁၀ ဦးဖြင့် ဖန်တီးခဲ့ပါတယ်။

ပြင်သစ်မှ နှစ်ပေါင်း (၇၀) ပြည့်လို့ ပလက်တီနမ်ရတုအခါသမယ ကို ဖြတ်သန်းနေတဲ့ ဖက်ရှင်တိုက် ခရစ္စတင်း ဒီလာ Christian Dior ရဲ့ သတ္တမမြောက် ဒီဇိုင်းနာအကြီးအကဲဖြစ်သူ ဖက်ရှင်ဒီဇိုင်းနာ အီတလီသူ မာရီယာ ဂရာစီယာ ကျူရီ Maria Grazia Chiuri ဟာ
သူမရဲ့ ဗွေဆော်ဦး ဇာလွှာဖက်ရှင်ဝတ်စုံကို ချုပ်လုပ်တာ နာရီ ၅၀၀ ကျော် အချိန်ယူပြီး ဖန်တီးခဲ့ကြရပါတယ်။

ယခုအခါ နောက်ထပ် ဝတ်စုံတစ်ထည်ကို ဖဲဗေဒင် တားရော့ဒ်နဲ့ ဒီဇိုင်းထုတ်ခဲ့ပါတယ်။ အဲဒီ ဝတ်စုံကို နာရီ ၁၅၀၀ ကျော် ရွှေချည်ငွေချည်ထိုး လက်မှုပညာကို သုံးရတာကြောင့်
အချိန်ကြာမြင့်ခဲ့ရတာ ဖြစ်ပါတယ်။ ၁၀ ဦး ပါဝင်တဲ့အဖွဲ့ဖြင့် လုပ်ကိုင်ခဲ့ပါတယ်။
ခရစ္စတင်း ဒီလာ ဖက်ရှင်တိုက်ကို ထူထောင်ခဲ့သူ ဒီလာဟာ တားရော့ဒ်နဲ့ ဖဲဗေဒင်ကို အလွန်သဘောကျသူတစ်ဦး ဖြစ်ပြီး ကျူရီကလည်း တားရော့ဒ်ရဲ့ ဒီဇိုင်းအလှကို ဆုပ်ဖမ်းဖို့ စိတ်အားထက်သန်သူ ဖြစ်ပါတယ်။

တားရော့ဒ်ကတ်အချို့ရဲ့ ရှေးဆန်တဲ့ ဒီဇိုင်းတွေကို ပေါင်းစပ်ပြီး ဝတ်ရုံတစ်ထည်အဖြစ်သို့ ရောက်စေခဲ့တယ်။ အဲဒီအတွက် သုံးစွဲမယ့် ကတ်တွေကို ကျူရီကိုယ်တိုင် ရွေးထုတ်ပေးခဲ့ပါတယ်။ ခွန်အားဗလ ဆိုတဲ့ ကတ်ကို မပါမဖြစ် ထည့်သွင်းဖို့ ကျူရီက ရွေးချယ်ပေးခဲ့ပါတယ်။ ‘‘အဲဒီကတ်က အရမ်း အရေးကြီးတယ်’’ လို့ ကျူရီက မှတ်ချက်ပြုပါတယ်။
ရှေးရိုးဆန်တဲ့ အရောင်တွေ ဖော်ပြထားတဲ့ ရွှေချည်ငွေချည်ထိုး ဝတ်စုံဟာ ဖက်ရှင်ပွဲမှာ တစ်မူထူးခြားနေခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာ ဖတ်ရှုရန်လင့်ခ်
ခရစ္စတင်း ဒီလာ Christian Dior ပလက်တီနမ်ရတုနှင့် မာရီယာ ဂရာစီယာ ကျူရီ

Read 1364 times
Rate this item
(0 votes)