What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပွဲတက်ဖက်ရှင်နှင့် သင့်စတိုင်လ်

ယနေ့ခေတ် အမျိုးသမီးလေးတွေဟာ လုပ်ငန်းခွင် အသီးသီးမှာ တက်ကြွစွာ ပါဝင်နေကြပြီး အလှအပအတွက် social ကျစေဖို့အတွက်၊ ဖက်ရှင်ကျကျ လှပစေရန် စတဲ့ အခြေအနေတွေထဲမှာ စီးမျော နေကြပါပြီ။

အထူးသဖြင့် ညစာစားပွဲတွေ၊ ပွဲလမ်းသဘင် အခမ်းအနားတွေကိုလည်း အပျော် စိတ်လက် အပန်းဖြေရုံသာမက၊ လုပ်ငန်းနှင့် ဆက်စပ်ပြီး လူမှုရေး နယ်ပယ်အနေနဲ့ပါ။ တက်ရောက်ရတဲ့ ခေတ်ကာလ ထဲကို ရောက်ရှိနေပါတယ်။ လုပ်ငန်းတစ်ခုကို ဦးဆောင်နေရတဲ့ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် တင့်တယ်ပြီး ဖက်ရှင်ကျလှပစေဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ် အစား ဖက်ရှင်စတိုင်လ်တွေကို ဂရုတစိုက် ရွေးချယ်ဖို့ လိုအပ်သလို လိုက်ဖက်မယ့် အဆင်အယဉ်တွေလည်း ဆင်ယဉ်တတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်တက်ရောက်ရမယ့် ပွဲအခမ်းအနားတွေပေါ် မူတည်ပြီး ဝတ်ဆင်သင့်ပါတယ်။

ပွဲတစ်ခုသွားတော့မယ်ဆိုရင် အရင်ဆုံး ပွဲပုံစံကို လေ့လာပါ။ ကိုယ် ဦးဆောင်ရမယ့်ပွဲလား၊ ကိုယ်က အဓိကဧည့်သည်အနေနဲ့လား၊ သူငယ်ချင်း တွေနဲ့ ပျော်ပျော်ပါးပါးပွဲမျိုးလား စတဲ့ ပွဲပုံစံမျိုးကို အရင်ဆုံး ဂရုစိုက်မိဖို့ လိုပါတယ်။ ပွဲရဲ့နေရာ၊ ပွဲရဲ့ အစီအစဉ်တွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ အဝတ်အစားက ဘယ်လိုပွဲနဲ့ သင့်တော်တယ်။ ဘယ်လို ဝတ်စားဆင်ယဉ်မယ် စသည်ဖြင့် လွယ်ကူစွာနဲ့ အဝတ်အစားကို ရွေးချယ်နိုင်မှာပါ။

ကိုယ်ကဦးဆောင်ကျင်းပတဲ့ပွဲ – ကိုယ်က ဦးဆောင်ကျင်းပတဲ့ပွဲ ဆိုရင်တော့ ထိုင်ခုံမှာ ကျော့ကျော့လေး ထိုင်မနေရမှာတော့ သေချာပါတယ်။ ကိုယ်က ဧည့်သည်တော်တွေကို ဖိတ်ကြားထားတယ်ဆိုရင် ကိုယ်က ဦးဆောင်ပြီး ခရီးဦြးုကြိုပရတော့မှာပေါ့။ ဒီလိုပွဲမျိုးမှာ ဆိုရင်တော့ လှုပ်ရှားရ လွယ်ကူပြီး၊ သက်သောင့်သက်သာရှိစေမယ့် ဖက်ရှင်မျိုးကို ရွေးချယ်ပါ။ ဂါဝန်ဆိုရင်လည်း ရင်ပြတ်စတိုင်ကိုရှောင်ပြီး လက်ပါတဲ့၊ လမ်းလျှောက်ရင် သက်သောင့်သက်သာ ရှိပြီး သွက်သွက်လက်လက်သွားနိုင်တဲ့ ဂါဝန်ကို ရွေးချယ်ပါ။ ဆံပင် အပြင် အဆင် ဆိုရင်လည်း အလွယ်တကူ ပုံမပျက်စေနိုင်တဲ့ ဆံပင်စတိုင်လ်ကို ရွေးချယ်ပါ။ လက်ကိုင်အိတ်ကို ကိုင်းပါတဲ့ လက်ကိုင်အိတ်ကို ရွေးချယ်ပါ။ နားဆွဲအကြီးကြီးတွေက သင့်ကို လှုပ်ရှားတိုင်း စိတ်အနှောင့်အယှက် ဖြစ်နေ စေပါလိမ့်မယ်။ လည်ပင်းကပ်တဲ့ ဘယက်တွေအစား၊ ဘယက် ကြီးကြီး ရှည်ရှည်နဲ့ လှုပ်ရှားတိုင်း လှနေစေမယ့် ဘယက်ကို ရွေးချယ်ပါ။ ဖိနပ်အမြင့် ဒေါက်တွေအစား၊ ဒေါက်အနိမ့် သို့မဟုတ် တပြေးညီဒေါက်တွေကို ရွေး ချယ်ပါ။

ကိုယ်က အဓိကဧည့်သည်အနေနဲ့ တက်ရောက်ရတဲ့ပွဲ – ကိုယ်က အဓိက ဧည့်သည်အနေနဲ့ တက်ရောက်ရတဲ့ပွဲ ဆိုရင်တော့ ကိုယ်နဲ့ လိုက်ဖက်မယ့် ကိုယ့်ရဲ့ဖက်ရှင်ကို အခြားသူတွေနဲ့မတူ တစ်မူထူးခြားအောင် ပြင်ဆင်နိုင်ပါ တယ်။ အဲ့လိုပွဲတွေ ဆိုရင်တော့ ကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ့်ရဲ့ဖက်ရှင်ကို သေချာစွာ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ အဲ့လို ပွဲလမ်းသဘင်တွေမှာဆိုရင် သင့်ရဲ့အဝတ်အစားကို အနက်၊ နီညို၊ ခရမ်းရင့်၊ နက်ပြာ၊ အပြာ စတဲ့ လူကြီးဆန်တဲ့ အရောင်တွေကို ရွေးချယ်နိုင်ပြီး စိန်၊ ပုလဲ၊ ပတ္တမြား စတဲ့ အရောင်တောက်တောက်တွေကို ပေါ်လွင်အောင် ရွေးချယ်ပါ။ ခြေလှမ်းတိုင်း ကို လှပစေပါ။ အထိုင်များတဲ့ ပွဲတွေဆိုရင်တော့ ဒေါက်မြင့်စီးနိုင်ပါတယ်။

မင်္ဂလာဆောင် အခမ်းအနား – မင်္ဂလာဆောင် အခမ်းအနားတွေ ဆိုရင်တော့ သင် အဝတ်အစားကို ထင်ပေါ်စေမလား။ ကိုယ့်ရဲ့ အဆင်အယဉ်ကို ထင်ပေါ် စေမလားဆိုတာ စဉ်းစားပါ။  အဝတ်အစားကို ပေါ်စေချင်တယ်ဆိုရင် ကိုယ့် ရဲ့ အဆင်အယဉ်ကို နည်းနည်းလျော့ပေးပါ။ အလယ်အလတ်တန်းစား ဘယက်သေးသေး၊ ဆြွဲုကိးသေးသေးမှာ ဆွဲသီးလှလှ စသဖြင့် ဆင်ယဉ်နိုင်ပါ တယ်။ ဖိနပ်၊ လက်ကိုင်အိတ်ကိုတော့ အရမ်းထည်ဝါတောက်ပတာထက် အင်္ကျီနဲ့လိုက်မယ့် အရောင်မျိုးကို စဉ်းစားပြီး ဝတ်ဆင်ပါ။

သူငယ်ချင်းတွေနဲ့ မိတ်ဆုံစားပွဲ – ဒီလိုပွဲဆိုရင်တော့ လှလည်းလှရမယ်၊ စတိုင်လ်လည်း ကျပြီး၊ သက်သောင့်သက်သာနဲ့ ထင်ပေါ်စေမယ့် အဝတ် အစားကို အဓိက ရွေးချယ်ပါ။ အဆင်အယဉ်ကတော့ အရမ်းထည်ဝါတဲ့ အဆင်အယဉ် လည်ဆွဲတွေကိုရှောင်ပါ။ သက်သောင့်သက်သာရှိစေတဲ့ ဖိနပ် ကို ရွေးချယ်ပါ။ ကိုယ်နဲ့ ရင်းနှီးနေတဲ့လူတွေ ဖြစ်တဲ့အတွက် အရမ်းထည်ဝါ ဖို့တော့ မလိုပါ။ သို့သော် ထင်ပေါ်မှုတော့ ရှိနေရပါမယ်။

ကိုယ်မရင်းနှီးတဲ့ ပတ်ဝန်းကျင်တစ်ခုကပွဲ ဆိုရင်တော့ အရေးကြီး ဆုံးက ကိုယ့်စိတ်ြုကိက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတဲ့၊ ယုံကြည်မှု အပြည့်အဝပေးနိုင်တဲ့ အဝတ်အစားတွေကို ပွဲနဲ့လိုက်ဖက်စွာ ရွေးချယ်ပါ။ ရိုးရှင်းတဲ့ အဝတ်အစားကို လှပတဲ့အဆင်အယဉ်တွေ ဆင်ယဉ်ပါ။ မကြီးလွန်း မသေးလွန်းတဲ့ လည်ဆွဲ၊ နားဆွဲ လက်ကိုင်အိတ်၊ ကိုယ့်အတွက် ယုံကြည်မှု အပြည့်အဝ ပေးနိုင်တဲ့ ဖိနပ်ကို ရွေးချယ်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှ ကိုယ့်ရဲ့ အဝတ်အစားတွေက လှပနေပြီး စတိုင်လ်ကျနေမှာ အမှန်ပါ။

source:fashion

Read 989 times
Rate this item
(0 votes)