ဘယ်လို နေရာတွေကိုပဲသွားသွား၊ ဘယ်လိုပွဲတွေပဲသွားသွား နေရာတိုင်းမှာ ဝတ်လို့အဆင်ပြေတဲ့ pencil skirt ဟာဆိုရင် ဘယ်တော့မှရိုးမသွားတဲ့ ဖက်ရှင်ပုံစံဖြစ်ပြီး ဘယ်လို ခန္ဓာကိုယ်အမျိုးအစားနဲ့မဆို လိုက်ဖက်ညီတဲ့ စကပ်ဖြစ်ပါတယ်။
သင့်ရဲ့ခန္ဓာကိုယ်ကို ပေါ်လွင်လှပနေမှာအမှန်ပါပဲ။ Pencil skirt ဟာပုံမှန်အားဖြင့် တိုပြီး ဒူးနားလောက်မှာ နည်းနည်း ရှုးသွားတဲ့ပုံစံမျိုးပါ။ ခြေသလုံးနားထိ ရှည်တဲ့ pencil skirt တွေလဲရှိပါတယ်။ ၂မျိုးလုံးကို ထသွားထလာနဲ့ ပွဲအခမ်းအနားတွေမှာ ဝတ်ဆင်နိုင်ပါတယ်။ Pencil skirt ကို ဘယ်လို dress တွေနဲ့ တွဲဖက်ဝတ်ဆင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
1.ရုံးသွားတဲ့အခါ Pencil skirt နှင့် Shirt

pencil skirt ကို ရှပ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ပြီး ဒေါက်မြင့်ဖိနပ်လေးသာ စီးလိုက်မယ်ဆိုရင် သင်ဟာလုံးဝ စမတ်ကျပြီး လှပနေမှာပါ။
2.အမည်းရောင် Pencil skirt နှင့် လည်ထောင် ကိုယ်ကျပ် top

ဒီ outfit ကတော့သင့်ရဲ့ခန္ဓာကိုယ်ချပ်ချပ်ရပ်ရပ်ရှိစေပြီး လှပနေမှာဖြစ်ပါတယ်။ ဆံပင်ကို အပြောင်စီးပြီး heel လေးသာ စီးလိုက်ရင်တော့ ဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်နော်။
3.Pencil skirt အရှည်

pencil skirt အရှည်ကို ပွဲအခမ်းအနားတွေမှာ ဝတ်ဆင်နိုင်ပါတယ်။ လူတကာငေးလောက်အောင် ဖက်ရှင်ကျပြီးလှနေမှာ အသေချာပါပဲ။
4.leather Pencil skirt

ဒီ leather skirt လေးကို တစ်ခေါက်လောက်ဝတ်ကြည့်ဖို့ ကြိုးစားသင့်တယ်နော်။ တီရှပ်ပွပွလေးနဲ့အတူ converse shoe လေးသာစီးလိုက်ရင် ပြီးပြည့်စုံတဲ့ ဖက်ရှင်ဖြစ်သွားမှာပါ။
5.Floral Pencil skirt

ပန်းပွင့် ဒီဇိုင်း pencil skirt လေးကလည်း တမူထူးခြားပြီး လှနေမှာပါ။
6.leather jacket နှင့် pencil skirt

leather jacket နဲ့ pencil skirt ဟာ လုံးဝလိုက်ဖက်ညီတဲ့ ဖက်ရှင်ပါပဲ။ boot လေးနဲ့သာ တွဲဖက်လိုက်ရင် သင်ဟာ စတိုင်ကျပြီး လန်းနေမှာပါနော်။
7.Pencil skirt နှင့် crop top

ဒီoutfit လေးကို ပါတီပွဲ သွားတာတို့၊ night out ထွက်တဲ့ အခါမျိုးတွေမှာ ဝတ်ဆင်နိုင်ပြီး ဖက်ရှင်ကျလှပနေမှာဖြစ်ပါတယ်။
8.White shirt နှင့် Pencil skirt

အဖြူရောင်ရှပ် နှင့် pencil skirt ကလိုက်ဖက်ညီတဲ့ outfit တစ်ခုပါပဲ။ အခြားအရောင်တွေနဲ့လဲ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်နော်။
9.Sequin Pencil skirt

sequin pencil skirt ဟာ ပါတီပွဲတွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ bodysuit သို့မဟုတ် shirt တွေနဲ့ ဝတ်ဆင်နိုင်ပါတယ်။ ငွေရောင်လက်ကိုင်အိတ်၊ smokey eye ခြယ်သမှုနှင့် nude ကာလာ နှုတ်ခမ်းနီသာ ဆိုးလိုက်မယ်ဆိုရင် လူအများအကြားမှာ ထင်ပေါ်လှပနေမှာဖြစ်ပါတယ်။
TDA





