What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကိုယ်ပိုင် စတိုင်နဲ့ လှပအောင် ဝတ်ဆင်နိုင်မယ့် ဖက်ရှင်

တော်တော်များများက ဖက်ရှင်ဆိုရင် Trend ဖြစ်တဲ့နောက်ကိုပဲလိုက်ကြတာပါ။ ခေတ်စားရင် ခေတ်စားနေတာတွေကိုပဲ လိုက်ဝတ်ကြတော့ တစ်ယောက်ကြည့်လည်း ဒီဖက်ရှင်၊ နောက်တစ်ယောက်ကြည့်လိုက်လည်း ဒီဖက်ရှင်ပဲဖြစ်နေတာပေါ့။ တချို့ကျတော့ ဒီလိုအရမ်းခေတ်စားလာပြီ လူဝတ်များလာပြီဆိုရင် မကြိုက်ကြတော့ဘူး။ ဒီလိုလူတွေအတွက် Trend ဖြစ်တဲ့နောက်ကိုမလိုက်ပဲ ကိုယ်ပိုင်စတိုင်လ်လေးနဲ့ လှပအောင်ဝတ်လို့ရမယ့်ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

1. Scarf

scarf min

မိန်းကလေးတိုင်းမှာ ပုဝါလေးတွေ သုံးထည်ကနေ ၅ ထည်ထိဆောင်ထားသင့်ပါတယ်။ ဂါဝန်တိုအကျပ်လေးတွေဝတ်တဲ့အခါမှာ အပေါ်ကနေပုဝါလေးအုပ်ထားတာမျိုးက အရမ်းလှပြီးဆွဲဆောင်မှုရှိပါတယ်။ ဒါကြောင့် ဒီဖက်ရှင်လေးကို ကိုယ်ပိုင်စတိုင်လ်လေးအဖြစ် ရွေးချယ်နိုင်ပါတယ်။

2. Culottes

Culottes min

Culottes ဘောင်းဘီလေးတွေက တကယ်တော့ဟိုအရင်ထဲက ခေတ်စားခဲ့တဲ့ဖက်ရှင်ပါ။ ဒါကိုအခုနောက်ပိုင်းမှ ပြန်လည်ခေတ်စားလာတာပါ။ ကိုယ်ပိုင်စတိုင်လ်လေးလုပ်ဝတ်ချင်ရင်တော့ ဒီလို Culottes ဘောင်းဘီလေးတွေကို ခပ်မိုက်မိုက် crop top လတ်ပြတ်လေးတွေနဲ့ပဲ အမြဲတွဲဝတ်ပါ။

3. Denim Jacket

Denim Jacket min

ဘယ်ဖက်ရှင်တွေဘယ်လိုပဲပြောင်းလဲနေပါစေ ဘယ်တော့မှမပြောင်းလဲပဲရိုးမသွားတာတော့ ဂျင်းဖက်ရှင်ပါ။ ဒါကြောင့် Denim Jacket လေးတစ်ထည်ကတော့ မိန်းကလေးတိုင်းမှာ ရှိကိုရှိထားသင့်ပါတယ်။ သူများနဲ့မတူချင်ရင်တော့ ကိုယ်ကျပ်ဂါဝန်လေးတွေကို Denim Jacket လေးတွေနဲ့ အမြဲတွဲဝတ်ပါ။

ပွပွယယနဲ့ ပေါ့ပေါ့ပါးပါး ရှိစေမယ့် ဖက်ရှင်

4. Midi Skirt

Midi Skirt min

ဟိုအရင်ထဲကခေတ်စားလာတဲ့ Midi Skirt လေးတွေဟာ ဝတ်လိုက်တိုင်းမှာ မိန်းကလေးဆန်ဆန်နဲ့ ဆွဲဆောင်မှုအရမ်းရှိပါတယ်။ ကိုယ်ပိုင်စတိုင်လ်လေးနဲ့ တစ်မျိုးထဲပဲဝတ်ချင်ရင်တော့ Midi Skirt လေးတွေကိုဝတ်ရင် Crop top အကျပ်လေးတွေနဲ့ပဲ အမြဲတွဲဝတ်ပါ။

5. Colored Pants

Colored Pants min

မိန်းကလေးဆန်ဆန်နဲ့ စတိုင်လ်ကျချင်ရင်တော့ Colored Pants လေးတွေကို များများဝယ်ဝတ်ပါ။ သူကဝတ်လိုက်တာနဲ့ အရမ်းစတိုင်လ်ကျပါတယ်။ ဒီဘောင်းဘီလေးတွေကို ရောင်စုံဝတ်ပြီး ကိုယ်ပိုင်စတိုင်လ်အဖြစ် ဖန်တီးယူလို့ရပါတယ်။

 

Source:we media

Read 1440 times
Rate this item
(1 Vote)