What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့ စတိုင်အကျဆုံး မျိုးသမီးတို့ရဲ့ ကိုယ်ဝန်ဆောင်ဖက်ရှင်များ

ကိုယ်ဝန်ရှိနေပြီ ! အိုး ..ဝမ်းသာစရာပဲ။ ဂုဏ်ယူပါတယ်။ အခုချိန်မှာ ကိုယ်အရမ်းသိချင်မိတာက မင်း နောက် (၉) လအတွက် ဝတ်စုံကို ဘယ်လို စီစဉ်မလဲဆိုတာပဲ။

တကယ်တော့ ကိုယ်ဝန်ဆောင် စတိုင်ဆိုတာက ပုံသေကားချပ်ကြီး မှတ်ယူရမယ့် ဗိုက်နားမှာ ပွပွကြီးဖြစ်နေတဲ့ ဗိုက်ဖုံး အင်္ကျီတစ်မျိုးတည်းပဲ ဝတ်ရမှာ မဟုတ်ဘူးလေ။ ဒါကို စတိုင်ထုတ်ဖို့ နည်းလမ်း အများကြီးရှိတယ်ဆိုတာကတော့ အသေချာပဲ။ မင်းမှာ ရှိပြီးသားဟာ တွေနဲ့ အသစ်ထပ်ဝယ်မယ့် ဟာတွေကို ပေါင်းစပ်ပြီး ဝတ်လို့ရတယ်။ ပြီးတော့ ဒါက Fashion Rules တစ်ချို့ကို ချိုးဖောက်ဖို့ အခွင့်အရေးတစ်ခုဆိုလည်း မမှားဘူးနော်။ ကိုယ်တိုင်ကိုယ်ကျ စတိုင်ထုတ်ခဲ့ဖူးတဲ့ သိပ်ကို စတိုင်ကျလှပတဲ့ Fashion Editors နှင့် Bloggers တွေထက်ပိုပြီး ဘယ်သူကများ ကိုယ်ဝန်ဆောင် ဖက်ရှင်စတိုင်တွေနဲ့ ပတ်သက်ပြီး အကြံအဥာဏ်ပေးနိုင်မလဲနော်။ကိုယ်ဆောင်နေစဉ်မှာလည်း မမဗိုက်ဗိုက်တို့ရဲ့ အလှတရားတွေဟာ မှေးမှိန် မသွားဘူးဆိုတဲ့ သက်သေက ဘာတွေများဖြစ်မလဲ......

တစ်ချို့ အမျိုးသမီးတွေ အတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ငါဘာဝတ်မလဲ ဆိုပြီး စိတ်ကူးထားတာတွေက တကယ့် ကိုယ်ဝန်ဆောင်တဲ့ အခါဝတ်တဲ့ စတိုင်က ကွဲပြားနေတတ်ကြတယ်။ “ကျွန်မကိုယ်ဝန်ဆောင်တဲ့အခါကျရင် နာမည်ကြီးမင်းသမီး တွေ မော်ဒယ်တွေ သူတို့ကိုယ်ဝန်ဆောင်နေတဲ့ အချိန် ဝတ်သလိုမျိုး ချစ်စရာ ဂါဝန်ကျပ်ကျပ်လေးရယ်၊ ဒေါက်ဖိနပ်ရယ်၊ ဗိုက်ကိုပါ စည်းထားတဲ့ ဘီကနီ တွေဝတ်မယ်လို့ ကျွန်မ အမြဲတမ်းစိတ်ကူးစဉ်းစား လေ့ရှိတာ” ဆိုပြီး Fashion Stylist တစ်ယောက်ဖြစ်တဲ့ Victoria Sanchez Lincoln ပြန်ပြောပြခဲ့တယ်။ “ ဒါပေမယ့် ကျွန်မ ကိုယ်ဝန်ရတဲ့ အခါမှာတော့ ဗိုက်က အကြီးကြီးပဲ။ ပြီးတော့ ခြေထောက်တွေ နဲ့ ခြေချင်းဝတ်တွေကလည်း ဖောင်းကားလို့ပေါ့။ တစ်ကိုယ်လုံးကို ခြုံကြည့်ရင် လုံးဝ အကိတ်ကြီးဖြစ်နေတယ်။ ကျွန်မစိတ်ကူးခဲ့တုန်းက ဝတ်ချင်သလိုမျိုး ကျွန်မခန္ဓာကိုယ်က မလှနေဘူးလေ။” တစ်ချို့တွေအတွက်တော့ တခြားစိတ်ကူးနဲ့ စတိုင်ထုတ်ဖို့ လုပ်ထားတာတွေက ဒီ (၉)လ မှာ တော့်တော့်ကို အသုံးဝင်ခဲ့တာပေါ့။ “ ကျွန်မ ရှေးဟောင်းဆိုင်တစ်ဆိုင်က ဝယ်ခဲ့ Alaïa leggings တစ်စုံကတော့ ကိုယ်ဝန်ဆောင်နေတုန်း ကျွန်မရဲ့ မရှိမဖြစ် တစ်ခုဖြစ်ခဲ့တယ်လေ။” Vogue Mexico နှင့် Vogue Latin America ရဲ့  Editor-in-chief တစ်ယောက်ဖြစ်တဲ့ Karla Martinez de Salas ပြောခဲ့တယ်လေ။ ဖက်ရှင် ကျွမ်းကျင်သူတွေရဲ့ တကယ့်ကိုယ်ဝန်ဆောင်နေတဲ့ အချိန် သူတို့ဝတ်ဆင်ခဲ့တဲ့ စတိုင်တွေ၊ အတွေ့အကြုံတွေနဲ့ ဘယ်လိုမျိုး တီထွင်ဝတ်ဆင်သင့်လဲဆိုတဲ့ နည်းလမ်းတွေက ဘာတွေများဖြစ်မလဲ။

၁။ ချွေချွေတာတာ ဈေးဝယ်ထွက်ပါ။

ဖြစ်နိုင်ရင်ဘာမှ မဝယ်ဘဲ  နောက်ဆုံး ဗိုက်က အရမ်းသိသာပြီး အသစ်ထပ်ဝယ်ရမယ့် အချိန်ရောက်မှ စပြီး ဝယ်ပါ။ လိုအပ်တဲ့ ပစ္စည်းတွေကို ဖြည်းဖြည်းချင်း လိုသလောက်ပဲဝယ်ပါ။ ခန္ဓာကိုယ်ဟာ တစ်လပြီးတစ်လ ပြောင်းလာမှာ ဆိုတော့  တစ်ခါဝယ်ရင် ကိုယ့်နဲ့ ကွက်တိကျတဲ့ ဘောင်းဘီ တစ်ထည်နှစ်ထည်လောက်ပဲဝယ်။ပြီး ကိုယ်နည်းနည်း ကြီးလာမှ နောက်တစ် ဆိုက် ပြောင်းဝယ်ပါ။ ဆွဲသား ပါတဲ့ ဘောင်းဘီကတော့ မဖြစ်မနေ ဝယ်ရမှာ အသေချာပဲ။ ပိုဝယ်တာတွေ ကြိုဝယ်တာတွေ မလုပ်ပါနဲ့။ အဲဒီ ဝတ်စုံတွေကို တစ်နှစ်ထက်ပိုပြီး ဝတ်ကြမှာ မဟုတ်ဘူး။ ကလေးမွေးပြီးတဲ့ အချိန်ရောက်ရင်တော့ အဲဒီဝတ်စုံတွေကို ဘယ်တော့မှ လှည့်ကြည့်ချင်မှာ မဟုတ်တော့ဘူး။ ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ဝတ်ဖို့တွက် ဈေးသက်သာတဲ့ အင်္ကျီတွေနဲ့ ဈေးလျှော့ရောင်းတဲ့ ဒီဇိုင်နာ အင်္ကျီတွေကို ဝယ်ဖို့အကြံပေးချင်ပါတယ်။ ခါတိုင်းပုံမှန် ဝတ်နေကျ ဝတ်စုံတွေနဲ့ တွဲဖက်လို့ရမယ့် ကိုယ်ဝန်ဆောင်တွေ အတွက် မရှိမဖြစ်တွေ ဖြစ်တဲ့ leggings၊  tops ၊ bras နှင့် easy dresses အနည်းငယ်ပဲ ဝယ်ဖို့ အကြံပြုချင်ပါတယ်။ ကိုယ်ဝန်ဆောင် အသုံးအဆောင်နဲ့ ပတ်သက်ပြီး ဈေးလျော့ရောင်းတဲ့ နေရာတွေ ၊ အွန်းလိုင်း ရှော့ပင် တွေကို ရှာဖွေသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် အတွင်း လုံးဝ ဖက်ရှင်ကျပြီး ဈေးကြီးတဲ့ အင်္ကျီတွေ ဝယ်တော့မယ်ဆိုရင်တော့ ကိုယ့်အမြဲတမ်းဝတ်ချင်မယ့် ဝတ်စုံမျိုးကို သေချာရွေးဝယ်စေချင်ပါတယ်။ ကိုယ်ထပ်ခါထပ်ခါ ဝတ်ဖြစ်မယ့် လုံးဝ အဓိကကျတဲ့ အနည်းစုကိုပဲဝယ်သင့်တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ပိုက်ဆံတွေအများကြီး အသုံးစေချင်ဘူး။ ဈေးမဝယ်ရရင် အနေနိုင်ဘူး ဈေးဝယ်လိုက်မှ ပျော်ရွှင်မယ့် သူမျိုးဆိုရင်တော့ အိတ်တွေမှာပဲ ပိုက်ဆံကို သုံးစေ ချင်တယ်။ အဲဒါတွေက နောက်ပိုင်းလည်း အသုံးဝင်တယ်လေ။

၂။ ကိုယ့်ရဲ့ လှပလုံးဝန်းတဲ့ ဗိုက်သားတွေ အတွက် ရှိပြီးသား ဝတ်စုံတွေကို ပြန်ရှာဖွေရအောင်။

ကိုယ်ဝန်ဆောင်တဲ့ အချိန် ဘယ်လောက်များများ ထွင်ဝတ်ချင်လို့ရတယ် ဆိုတာ သာသိသွားရင် မင်းသိပ် အံသြသွားမလားပဲ။ စကတ်တွေကို ခါးအပေါ် ဆွဲတင်ပြီး ဝတ်လို့ရတယ်။ ဂါဝန်တွေအပေါ်မှာ ခါးပါတ်ကို ထပ်ပတ်လို့ရတယ်။ ဂါဝန်တွေ အပေါ်မှာ 80s ခေတ်ပုံစံ ဘလေဇာကုတ်တွေကို ထပ်ဝတ်လို့ရတယ်။ လုံးဝ ပြည့်စုံတဲ့ ကိုယ်ဝန်ဆောင် ဝတ်စုံအတွက် ဒေါက်အပါး ရှုးဖိနပ်ကို ထပ်ပေါင်းလိုက်ပေါ့။ မင်းတို့ရဲ့ ဗိုက်တွေ သိပ်ကြီးလာတဲ့အခါ Stripe Dress(အစင်းဂါဝန်) တွေ ဝတ်ဆင်တဲ့ အခါ သိပ်မိုက်တဲ့ ဖက်ရှင်တွေကို တွေ့ရမှာ အသေချာပဲ။ မဗိုက်တို့ရဲ့ ခင်ပွန်းသည် ရှပ်အင်္ကျီတွေကလည်း သိပ်ကို သင့်သောင့်သက်သာ ဖြစ်ပြီး လုံးဝ အမိုက်စား ဖက်ရှင်တစ်ခု ဖြစ်မှာအသေချာပဲနော်။ ကိုယ့် အမျိုးသားရဲ့ ဗီရိုကိုလည်း မွှေနှောက်ဖို့ မမေ့နဲ့နော်။

၃။ ဗိုက်ဗိုက်လေးတွေကို သိုဝှက်ထားဖို့ ဘယ်လို စတိုင်ထုတ်ကြမလဲ။

တချို့တွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်မှာ သူတို့ရဲ့ ကိုယ်ဝန်တွေကို ဖုံကွယ်ထားတယ်ဆိုတာထက် တခြားသူတွေ သိပ်မမြင်စေချင်ကြဘူးလေ။ ဗိုက်အတွက် သင့်သောင့်သက်သာ ဖြစ်စေမယ့် ဘလောက်စ်တွေကို ဝတ်ပြီး အပေါ်ကနေ Blazer ၊ Cardigan တိှု့ဆွယ်တာ ပွပွတို့ကို ထပ်ဝတ်ထားရင်တော့ သူစိမ်းတွေရဲ့ အမြင်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်ရယ်လို့ အာရုံစိုက်ခြင်း မခံရဘဲ ပုံမှန် အမျိုးသမီး တစ်ယောက် အဖြစ် အများသူတွေက မြင်ကြမှာ သေချာပဲနော်။

၎။ သင့်သောင့်သက်သာ ဖြစ်စေမယ့် ဖိနပ်တွေ စီးဖို့ အချိန်ရောက်လာပြီနော်

ကိုယ်ဝန်ဆောင်စဉ်မှာတော့ အမျိုးသမီးတွေဟာ အရာအားလုံး ပြောင်းလဲစရာတော့ မလိုပါဘူး။ ဒါပေမယ့် ရွေ့လျားမှုတိုင်းက မိမိရော ကလေးအတွက်ပါ အန္တာရယ်ကင်းနေဖို့ လုံခြုံစိတ်ချနေဖို့ သင့်သောင့်သက်သာ ဖြစ်နေစေဖို့ တွက် ဖိနပ်ကိုတော့ သေချာရွေးဝယ်ဖို့လိုတယ်။ ကိုယ်ဝန်ဆောင်လိုက်တာနဲ့ ကိုယ်တွေရဲ့ ကိုယ်ပိုင် စတိုင်တစ်ခုလုံးကို ပြောင်းပစ်လိုက်ဖို့လည်း မတွေးသင့်ဘူး ခါတိုင်းစီးနေကျ ပုံစံ ဖိနပ်တွေကိုပဲ ဒေါက်မပါတဲ့ ပုံစံတွေရွေးလို့ရတယ်လေ။ Flat Boot တွေ sneaker တွေကတော့ စတိုင်ကျပြီး အမိုက်ဆုံးတွေပဲပေါ့။ Sporty Footwear တွေကလည်း ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အတွက်လည်း ဖက်ရှင်ကျပြီး မိုက်နေမှာနော်။

၅။ မင်္ဂလာဆောင်ကဲ့ သို့သော ပွဲကြီးခမ်းကြီးတွေအတွက် အင်္ကျီတွေ ငှါးဝတ်ကြပါ

တကယ်တော့ မင်္ဂလာဆောင်တွေ သွားဖို့အတွက် ကိုယ်ဝန်ဆောင် အတွက် သီးသန့် ချုပ်ဝတ် ဝယ်ဝတ်စရာတော့ မလိုဘူး။ ငှါးလို့ရရင် ဆိုင်တွေမှာ ငှါးလို့ရပြီး။ ပုံမှန်ဟာထဲကပဲ စတိုင်ထုတ်ပြီး ဝတ်သင့်တယ်လေ။ ဒီ (၉) လအတွင်းမှာ တော့ ပွဲတွေ အများကြီးလည်း ရှိမှာ မဟုတ်သလို နောက်ထပ် လည်း အဲလို အင်္ကျီမျိုး မဝတ်မှာ ကလည်း လုံးဝ အသေချာပဲလေ။

ကဲ အခုဆိုရင်တော့ မမဗိုက်ဗိုက်တို့ အတွက် စတိုင်ကျလှပ ပြီး သက်သာ နည်းလမ်းတွေ အများကြီးရပြီး ကျက်သရေရှိတဲ့ ကိုယ်ဝန်ဆောင် အလှနဲ့ ထပ်တိုး စတိုင်ကျ လှပနေမှာ အသေချာပဲနော်။

source:moda

Read 1274 times
Rate this item
(0 votes)