What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းကလေးတွေမုန်းတဲ့ ယောက်ျားလေးစတိုင်လ် (၇) မျိုး

ယောက်ျားလေးတွေလည်း လှချင်ကြပါတယ်။


အထူးသဖြင့် မိန်းကလေးတွေ ရှေ့မှာပါ။ကိုယ် Crush နေတဲ့ ကောင်မလေးတွေ ရှေ့ရောက်ရင် ပိုပြီး ဂိုက်ပေးကြမ်းတတ်ကြပါတယ်။ကိုယ်က သူကြွေသွားအောင် စတိုင်တွေထုတ်တာ မှန်ပေမယ့် ကိုယ့်စတိုင်က “ဂွမ်း” နေတယ်ဆိုရင် မကြွေတဲ့အပြင် ပလစ်တောင် သွားနိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေအမြင်မှာ ကိုယ့်စတိုင် မပဲ့သွားအောင် အောက်ကအချက်လေးတွေကို သိဖို့လိုပါတယ် ပြောချင်လွန်းလို့ စာဖတ်သူတို့ရေ။ ကဲ..ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။
(၁) V-Shape ပုံစံ တီရှပ်တွေဟာ သင့်ကို ယောင်္ကျားပိုပီသစေပါတယ်။

ဒါပေမဲ့ အရမ်းဇောက်နက်နက် V-Shape တွေကတော့ သင့်ကို အကျည်းတန်စေပါတယ်။ လည်ပင်းပေါ်ရုံလောက် V-Shape လေးတွေက အဆင်ပြေပေမယ့် တချို့က ရင်ဘတ်လောက်အထိ ခွဲထားတဲ့ V-Shape တွေ ဝတ်ဆင်ကြတာကြောင့် မိန်းကလေးတွေက အမြင်ကတ်တတ်ကြပါတယ်။

(၂) လက်ကိုင်အိတ် အကြီးကြီးတွေ မကိုင်ပါနဲ့။

Murse အကြီးကြီးကို လက်ကကိုင်ပြီး လျှောက်နေတာဟာ သင့်ကို ရှိုးပဲ့စေပါတယ်။ မိန်းကလေးတွေ အိတ်အကြီးကြီးကိုင်တာက မိတ်ကပ်ဘူး၊ ပိုက်ဆံအိတ်၊မှန်အစရှိတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကြောင့်ပါ။ ယောင်္ကျားလေး တစ်ယောက်က အိတ်အကြီးကြီးကိုင်ရလောက်အောင် ပစ္စည်းတွေ အများကြီး ထည့်စရာ မလိုပါဘူး။ အပြင်သွားလို့ ထည့်စရာရှိရင်လည်း ကျောပိုးအိတ် ဒါမှမဟုတ် ဘေးလွယ်အိတ်လောက်ဆို အဆင်ပြေပါပြီ။ ဒါပေမယ့် သင်က မိတ်ကပ်ဖန်တီးရှင် ဆိုရင်တော့ လက်ကိုင်အိတ် အကြီးကြီးကိုင်ပြီး လျှောက်သွားလို့ရပါတယ်။

(၃) မျက်နှာပေါ်က အမွေးအမျှင်တွေကို သေသေသပ်သပ်ထားပါ။

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး တို့ကို အရှည်ထားတယ် ဆိုလည်း သေသေသပ်သပ် ထားသင့်ပါတယ်။ ပါးသိုင်းမွေးရေးရေး၊နှုတ်ခမ်းမွှေး ပါးပါးလေးတွေက မိန်းကလေးတွေကို စွဲဆောင်နိုင်ပေမယ့် အရမ်းရှုပ်ပွနေရင်တော့ မိန်းကလေးတွေက မနှစ်မြို့ကြပါဘူး။ အမွှေးရှည်တွေက သင်အစားစားတဲ့ အခါမှာလည်း အဆင်မပြေပါဘူး။ မျက်နှာကို ညစ်ပတ်စေပါတယ်။ ဒါကြောင့် မျက်နှာပေါ်က အမွှေးအမျှင်တွေကို သန့်သန့်ရှင်းရှင်းလေး ဖြစ်အောင် ဂရုစိုက်ပါ။

(၄) ဒူးအထက် ဘောင်းဘီတိုတွေ ဝတ်ဆင်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

ကမ်းခြေသွားလို့ ရေကူးဘောင်းဘီဝတ်တာ၊ အားကစားလုပ်လို့အတိုဝတ်တာဆိုပြဿနာမရှိပေမဲ့ သာမန်အချိန်မှာ ဒူးအထက် ဘောင်းဘီဝတ်တာဟာ သင့်ကို မိန်းမဆန်စေပါတယ်။ ဒီလိုဘောင်းဘီဝတ်ပြီး Crush ရှေ့သွားမယ်ဆိုရင်တော့ သင့်ကို သူနဲ့ ညီအစ်မလို့ သတ်မှတ်သွားပါလိမ့်မယ်။

(၅) ညှပ်ဖိနပ်တွေကလည်း သင့်ကို မိန်းကလေးတွေရှေ့မှာ အရှိန်အဝါကျစေပါတယ်။

Crushရှေ့သွားမယ်ဆိုရင် Shoe ဖိနပ်လေးဘာလေးဝတ်သွားသင့်ပါတယ်။ ဒါကတော့ ရာသီဥတု အခြေအနေပေါ် မူတည်ပြီး သင်ရွေးချယ်ရမှာပါ။

(၆) ပြောက်ကျားအကွက်တွေ ဝတ်တာကလည်း မိန်းကလေးတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

သင်က မရိန်းတပ်က မဟုတ်ပါဘူး။ စစ်ဆင်ရေးလုပ်နေတဲ့ စစ်သားလည်း မဟုတ်ပါဘူး။ ဒီလိုပုံစံဝတ်စားခြင်းကို ရှောင်ဖို့ လိုပါတယ်။

(၇) အရမ်းကျပ်လွန်းတဲ့ ဘောင်းဘီတွေ၊ အရမ်းပွလွန်းတဲ့ ဘောင်းဘီတွေက မိန်းကလေးအတွက် မျက်စိစပါးမွေးစူးစရာပါ။

အရမ်းကျပ်တဲ့ Skinny ဘောင်းဘီတွေ၊ ပွလွန်းတဲ့ ဘောင်းဘီတွေက ဘုရားပွဲမှာ တောသားတွေဝတ်တဲ့ စတိုင်ပါ။ ဒါကြောင့် သင့်ကိုယ်သင် တောသားအဖြစ် မခံပါနဲ့။

တစ်ခါတစ်လေမှာ ကိုယ်ကလှတယ်လို့ ထင်ရပေမဲ့ သူများမျက်စိထဲမှာ အမြင်မတော်ဖြစ်တာမျိုး ရှိတတ်ပါတယ်။ အထူးသဖြင့် သင်ဟာ ယောင်္ကျားလေးတစ်ယောက် ဖြစ်နေတာကြောင့် မိန်းကလေးတွေ စိတ်ပျက်သွားမှာ လိုလားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအချက်လေးတွေကို ရှောင်ပြီးဝတ်ရင် သင်ရဲ့ စတိုင်ဟာလည်း မိန်းကလေးတွေကို ဆွဲဆောင်နိုင်မှာ အသေအချာပါပဲ။

source:cantwait

Read 1211 times
Rate this item
(1 Vote)