ဂျင်းဘောင်းဘီတွေချည်း ဝတ်ရလို့ အပြောင်းအလဲလေး တွဲစပ်ဝတ်ကြည့်ချင်လား?? တွေ့နေကျ စတိုင်ဘောင်းဘီမျိုး မဟုတ်ပဲ၊ စတိုင်ဘောင်းဘီကိုမှ ဂွကျကျ၊ ဒေါက်ပျောက်၊ vintage ဘက်သွားတဲ့ ပုံစံမျိုးလေးတွေ ဝတ်ချင်သူတွေအတွက် အမိုက်စား ဘောင်းဘီဒီဇိုင်းနဲ့ အတွဲအစပ်အမိုက်စားတွေ ရွေးချယ်ပေးလိုက်ပါတယ်နော်။
ဒီလိုဘောင်းဘီမျိုးတွေကို ချစ်တို့အပေါ်က ရှပ်၊ တီရှပ်၊ tee၊ ဘလောက်စ်အကျီ ဘာနဲ့မဆို တွဲဝတ်နိုင်သလို ကိုယ်သွားမယ့် နေရာပေါ် မူတည်ပြီးတော့လည်း sneaker၊ flat၊ shoe ၊ heel စတာတွေနဲ့ တွဲစီးနိုင်ပါသေးတယ်။
ပုံလေးတွေ တစ်ချက်ကြည့်လိုက်ပါဦး။ သဘောကျမယ်လို့ မျှော်လင့်ပါတယ်နော်။ ဒီလိုဘောင်းဘီမျိုး ရှာဖို့ခက်ရင် ချုပ်ဝတ်ဖို့ အကြံပေးချင်ပါတယ်။