What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၁၈ မှာ ထသွားထလာပုံစံ​လေး​တွေနဲ့ စတိုင်​လ်​ထုတ်​ကြမယ်

Normcore လို့​ခေါ်တဲ့ fashion trend ​လေးတစ်​ခုနဲ့ မိတ်​ဆက်​​ပေးမယ်​​နော်​။

Normcore ဆိုလို့ တစ်​ချို့ကြားဖူးတဲ့သူက​တော့ သိပြီး​လောက်​​ပေမယ့် မသိ​သေးတဲ့သူကို​တော့​ ပြောပြမယ်​​နော်​။ Normcore ဆိုတာ Normal နဲ့ Hardcore ကြားထဲက သိပ်​မရိုးလွန်း သိပ်​မဆန်းလွန်း .. အ​နေ​တော်​​လေး အဆန်းလွန်​​နေတဲ့ fashion မျိုးပါပဲ။ တကယ်​​တော့ Normcore fashion ဆိုတာ လူ​တွေကြားထဲ မြင်​သာထင်​သာမရှိ​လောက်​တဲ့ ရိုးရိုးရှင်းရှင်းအဝတ်​အစား​တွေ၊ အသုံးအ​ဆောင်​ပစ္စည်း​​လေးတွေကိုပဲ တွဲဖက်​ဝတ်​ဆင်​ပြီး မသိမသာ​လေး လူ​တွေ သတိပြုမိ​စေတဲ့ ဖက်ရှင်မျိုးလို့ ​ယေဘုယျသတ်​မှတ်​လို့ရပါတယ်​။ ​​၁၉၉၀ ပြည့်နှစ်​​တွေတုန်းက ဝတ်​စားဆင်​ယင်​ခဲ့ကြတဲ့ပုံစံကို ဆန်းသစ်​ဖန်​တီးထားတဲ့ ဝတ်​စားဆင်​ယင်​မှုတစ်​ခုအ​နေနဲ့ ဒီ​နေ့​ခေတ်​မှာ လူငယ်​​တော်​​တော်​များများ ဝတ်​ဆင်​လာကြတာကို ​တွေ့ရမှာပါ။ အထူးသဖြင့် ဂျပန်​၊ ကိုရီးယား နဲ့ ဥ​ရောပနိုင်​ငံ​တွေမှာ Normcore fashion က ​တော်​​တော်​​လေး​ရေပန်းစားပါတယ်​။

you denim shorts advocate make sure you choose boyfriend9a1bdc9866f77f5f4db8e1913327aec4 normcore fashion k fashion

Normcore fashion မှာဆိုရင်​ ချန်​ထားခဲ့လို့မရတာက ပုံမှန်​ထသွားထလာအဝတ်​အစားမျိုးဖြစ်​တဲ့ casual wear ​တွေပါပဲ။ တီရှပ်​၊ ပိုလိုရှပ်​၊ ​ခေါင်းစွပ်​အင်္ကျီ​​တွေနဲ့ ဂျင်းအထည်​​တွေက Normcore ရဲ့ အသက်​လို့​တောင်​ ​ပြောလို့ရပါတယ်​။ ​ပြောရရင်​ ဖက်​ရှင်​သိပ်​မကျတဲ့ အဝတ်​အစားမျိုးနဲ့ အထာကျ​အောင်​လုပ်​လို့ရတာက Normcore ရဲ့ အဓိကအားသာချက်​​ပါပဲ။ ​ခေတ်​စကားနဲ့​ပြောရရင်​ ရိုးရိုး​လေးနဲ့ swag ဖြစ်​တယ်​​ပေါ့​နော်​ ။ ဖက်​ရှင်​ကျဖို့ ဘာမှ အားမထုတ်​ထားတဲ့ပုံနဲ့ သွသူ သူ့ flow ​လေးနဲ့ သူ မိုက်​​နေတဲ့ ဒီဇိုင်းမျိုးကို ​ပြောတာပါ ။

ကြည့်​လိုက်​ရင်​ ဒီတိုင်း အိမ်​မှာရှိတာ​ကောက်​ဝတ်​ပြီး ထွက်​လာသလိုထင်​ရ​ပေမယ့်​ ​တကယ်​တမ်းကျ Normcore look မှာ အဓိက point ​လေးတစ်ခုက​တော့ ထူးခြား​နေဖို့လိုပါတယ်​။ ဥပမာ – Tshirt ရိုးရိုး​လေးကို ​အောက်​က ဒူး​နေရာမှာဖြဲထားတဲ့ Jean နဲ့ တွဲဝတ်​တာမျိုး၊ အဝတ်​အစားပိုင်းမှာ ထူးထူးခြားခြားမရှိ​ပေမယ့် အောက်​က shoes ကို အ​ရောင်​ဆန်းဆန်း၊ ဒီဇိုင်း​ဆန်းဆန်း​လေး ဝတ်​တာမျိုးကို ​​ပြောချင်​တာပါ။

d987bae366d6a7c7135a904b696402c3 ulzzang fashion korean fashion988e9607cf3ef609e3dd69c92676b902aea3f931 hq 600x786

Normcore fashion ရဲ့ အားသာချက်​​နောက်​တစ်​ခုက ​ယောကျာ်း​လေးအတွက်​၊ မိန်းက​လေးအတွက်​ဆိုပြီး ခွဲခြားထားတာမျိုးမရှိတာပါပဲ။ Rule မရှိတဲ့အတွက်​ ကိုယ့်​အတွက်​ သက်​​တောင့်​သက်​သာဖြစ်​​စေမယ့် အဆင်​​တွေ၊ အ​ရောင်​​တွေ တွဲဖက်​ဝတ်​ဆင်​နိုင်​တာမို့ ​ပေါ့​ပေါ့ပါးပါးပဲ ​​နေ့စဉ်​ထသွားထလာပုံစံမျိုး ဝတ်​ဆင်​နိုင်​ပါတယ်​။ မသိရင်​ လုံးဝ ဖက်​ရှင်​အမြင်​မရှိတဲ့ သူတစ်​​ယောက်​လိုမျိုး​ပေါ့​နော် ​။ဒါ​ပေမယ့်​ ဒီလိုအဝတ်​အစားပုံစံကပဲ ဒီ​နေ့​ခေတ်​လူငယ်​​တွေကြားထဲမှာ ​trend တစ်​ခုဖြစ်​လာတာမို့ ဖက်​ရှင်​​ရေစီး​ကြောင်းက ​ခေတ်​​နောက်​ပြန်​လည်​လာတယ်​လို့ ပဲ သတ်​မှတ်​ရမှာပါ။

Read 1303 times
Rate this item
(0 votes)