ဖက်ရှင်ရေစီးကြောင်း ဘယ်လောက်ပဲပြောင်းပြောင်း အရိုးရှင်းဆုံးဟာ အဆန်းဆုံးပါပဲ။ အပြင်တစ်ခါ ထွက်ခါနီးတိုင်း ဘာဝတ်ရမန်းမသိ ခေါင်းစားနေရတယ်ဆိုရင် အလွယ်ကူဆုံး တွဲစပ်မှုတစ်ခုကတော့ အပေါ်က ရှပ်အဖြူ/tee အဖြူ/blouseအဖြူ စတာတွေနဲ့ အပြာရောင် jean အတွဲအစပ်ပါပဲ။
ရိုးစင်းပေမယ့် ဝတ်ဆင်လိုက်တဲ့အခါ သင်ကိုယ်တိုင် လွတ်လပ်ပေါ့ပါးမှုကို ခံစားရမှာဖြစ်သလို မြင်ရတဲ့သူတွေအနေနဲ့လည်း အထာကျပြီး ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်လို့ သတ်မှတ်ခံရပါလိမ့်မယ်။ ဒါအသေအချာပါပဲ။ ဘာလို့လဲ။ ပြောခဲ့သားပဲ။ အရိုးရှင်းဆုံးဟာ အဆန်းဆုံး ဖက်ရှင်ပါလို့။အဖြူရောင်ဝတ်လိုက်တဲ့အတွက်လဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေတယ်။ကိုယ်တိုင်လဲ ဖြူစင်နေသလို ခံစားရမှာအသေချာပါဘဲ။ ဗီဒီထဲမှာရှိတဲ့ အဖြူအင်္ကျီလေးတွေ ထုတ်ဝတ်လိုက်ပါ။ ပုံလေးတွေလဲ ဖော်ပြပေးထာလို့ ကြည့်ကြည့်လိုက်ပါဦး။