What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Online Shop တွေမှာ ဈေးဝယ်ရင်

Online Shopping တွေမှာ ဈေးဝယ်မယ်ဆိုရင် အလိမ်မမိအောင် ဒါတွေဂရုစိုက်ပါ။

ဒီဘက်ခေတ်မှာကတော့ အီလက်ထရောနစ်ခေတ်ဖြစ်လာတာကလည်း တစ်မျိုး၊ နောက်ပြီးတော့ ကျောင်းသူတွေပဲဖြစ်ဖြစ်၊ ၀န်ထမ်းတွေပဲဖြစ်ဖြစ် အထူးသဖြင့် အမျိုးသမီးတွေဟာ အပြင်ကိုထွက်ပြီး အချိန်အများကြီးမပေးနိုင်တော့တဲ့အခါမှာ လူပင်ပန်းသက်သာပြီး ဖုန်းတစ်လုံးနဲ့ ဈေးဝယ်ထွက်လို့ရတဲ့ Online Shopping တွေကို ရွေးချယ်လာကြပါတယ်။ အဲဒီ့လို Online Shopping လုပ်ကြတဲ့အခါမှာလည်း ငွေအလိမ်ခံရတာတွေ၊ ပစ္စည်းလိမ်ရောင်းခံရတာတွေနဲ့ တခြားသော လူမှုရေးပြဿနာတွေပဲ ရှုပ်ထွေးလာတတ်တာကတော့ Online Shopping ရဲ့ မကောင်းတဲ့ဘေးထွက်ဆိုးကျိုးတစ်ခုလို့ သတ်မှတ်ရတော့မှာပါပဲ။ ဒါပေမယ့်လည်း ဈေးဝယ်ဖို့ကလည်း အချိန်မပေးနိုင်၊ Online Shop တွေနဲ့လည်း ခပ်ကင်းကင်းမနေနိုင်တဲ့သူတွေအတွက်ကတော့ စိတ်အနှောင့်အယှက်ကင်းကင်းဈေးဝယ်ကြနိုင်ဖို့ သတိထားသင့်တာလေးတွေ မျှဝေပေးလိုက်ပါရစေ။

တွေ့ကရာ Page ကနေ ဈေးမ၀ယ်ပါနဲ့

ကိုယ်နဲ့ အဆင်ပြေတဲ့ Online Shop နှစ်ခုသုံးခုကို သတ်သတ်မှတ်မှတ်ထားပါ။ အမြဲတမ်းဝယ်လာတဲ့နောက်ပိုင်းမှာ သင်နဲ့ ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးလာပြီး လျှော့ဈေးတွေ၊ လက်ဆောင်တွေပေးတဲ့အခါလည်း သင်က ဦးစားပေးရရှိနိုင်ပါတယ်။ ဒါ့ထက် တန်ဖိုးရှိတာကတော့ သင် ၀ယ်ရအဆင်ပြေလို့ အမြဲတစေ၀ယ်ယူနေတဲ့အခါ သင် လိမ်ညာခံရဖို့ ရာခိုင်နှုန်းနည်းလာရုံသာမက ၀ယ်ယူရွေးချယ်ရတာလည်း အားနာနေစရာမလိုတော့ပဲ လွတ်လွတ်လပ်လပ်ရှိလာမှာပဲ ဖြစ်ပါတယ်။

Website ကို သွားရောက်စစ်ဆေးကြည့်ပါ

နိုင်ငံတကာက ကုန်ပစ္စည်းတွေကို မှာယူပေးနေတဲ့ Online Shop တစ်ခုခုမှာ ဈေးကြီးတဲ့ပစ္စည်းတစ်ခုခုမှာယူတော့မယ်ဆိုရင်တော့ သင် ၀ယ်ယူမယ့်ပစ္စည်းအမှတ်တံဆိပ် Website ထဲသွားရောက်လေ့လာပြီး တန်ဖိုးနဲ့ Discount ပေးနေတာ ဟုတ်မဟုတ်၊ အဲဒီ့ပစ္စည်းဒီဇိုင်းက တကယ် ရှိမရှိ စစ်ဆေးကြည့်ရှုပြီးမှ ၀ယ်ယူမယ်ဆိုရင်တော့ သင် စိတ်ချလက်ချဝယ်ယူနိုင်ပါတယ်။

ဈေးပေါတဲ့ Online Shop တွေကို သတိထားပါ

သူများတကာ ရောင်းနေတာထက် တစ်ဝက်ဈေးလောက် သက်သာနေပြီဆိုကတည်းက သတိထားသင့်နေပါပြီ။ ဒါဟာ အလုံးစုံဖြစ်မယ်တော့မဟုတ်ပေမယ့် ၈၀ရာခိုင်နှုန်းကတော့ သင့်ငွေကို လိမ်လည်သွားမယ် ဒါမှမဟုတ် အရည်အသွေးမမှီတဲ့ကုန်ပစ္စည်းတွေကို ရောင်းချဖို့ နီးစပ်နေပါပြီ။ Online Shop ကနေ ပစ္စည်းတစ်ခုဝယ်တော့မယ်ဆို တခြား Shop တွေကရော ဘာတွေကိုဘယ်ဈေးတွေနဲ့ ရောင်းချပေးနေလဲဆိုတာကို လေ့လာပါ။ ဈေးပေါတိုင်းလည်း ပျော်မနေပါနဲ့ဦး။

Cash on Delivery စနစ်ကို အဓိကထားပါ

တကယ်တော့ စီးပွားရေးလုပ်တယ်ဆိုတာ ကိုယ်က အရင်းအနှီးစိုက်ထုတ်ပြီး ရလာတဲ့အမြတ်ကို ရယူရမှာပါ။ ဒီလိုမဟုတ်ပဲ Online Shop အမည်တပ်ပြီး ပိုက်ဆံတစ်ပြားမှ မစိုက်ထုတ်ပဲ ငွေကြိုလွှဲခိုင်းပြီး ပွဲစားသာသာ လုပ်နေတဲ့ Online Shop တွေကို ဖြစ်နိုင်ရင် ရှောင်ပါ။ လုပ်ငန်းကြီးလုပ်နေသူအတော်များများဟာ သူတို့မှာ အရင်းအနှီးရှိကြပါလိမ့်မယ်။ ပစ္စည်းမရောက်ခင် ငွေအရင်ကြိုလွှဲပေးရတာထက် ပစ္စည်းရမှ ငွေရှင်းရတဲ့ Cash on Delivery စနစ်ကို ကျင့်သုံးတာက စိတ်အချရဆုံးပဲ ဖြစ်ပါတယ်။

ဒီအချက်လေးတွေကို ဂရုတစိုက်ဆင်ခြင်ပြီးမှ ၀ယ်ယူမယ်ဆိုရင်တော့ သင် လိမ်လည်ခံရဖို့ နည်းပါတယ်။ ဒါကြောင့် Online Shop တွေကပဲ အမြဲအားပေးနေမယ်ဆိုရင်တော့ ဆောင်သင့်တာရှောင်သင့်တာလေးတွေကိုလည်း ဆောင်ထားရှောင်ထားကာမှ တော်ရာကျမယ်နော်။

source:moda

Read 1316 times
Rate this item
(0 votes)