What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရာသီမရွေး ဆင်မြန်းလို့ရတဲ့ Kimono အပေါ် ဝတ်အကျီလေးတွေ

ရာသီမရွေး ဆင်မြန်းလို့ရတဲ့ Kimono အပေါ် ဝတ်အကျီလေးတွေ google

ဒီနေ့မှာတော့ နွေ၊ မိုး ဆောင်း သုံးရာသီစလုံး ဘယ်အချိန်မဆို ဆင်မြန်းလို့ရတဲ့ Kimono အပေါ် ဝတ်အကျီလေးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

အပြင်သွားခါနီး တစ်ခုခုထပ်ဝတ်လိုက်မှ ပြည့်စုံသွားတယ်လို့ ထင်တဲ့ ကိုယ်တွေအတွက်တော့ ပါးပါးလေးနဲ့ ပူလည်းမပူ၊ ဝတ်လိုက်ရင်လည်း အထာကျသွားတဲ့ စိတ်ခံစားမှုပေးနိုင်တဲ့ Kimono အပေါ်ထပ်အကျီလေးတွေက တကယ့်ကို မရှိ မဖြစ်ပါပဲနော်။

Kimono9

သူက အတိုအရှည်ကိုမှ ဒီဇိုင်းမျိုးစုံနဲ့ Print ပုံစံမျိုးစုံနဲ့ လာပါတယ်။ တစ်ချို့ဟာလေးတွေဆို အောက်နားလေးတွေ fringe အမျှင်ဒီဇိုင်းလေးတွေနဲ့လည်း အမိုက်စားဖန်တီး ဒီဇိုင်းထုတ်ထားပါတယ်။ ဒီရာသီနဲ့ဆိုရင်တော့ Floral Print Kimono လေးတွေက အသင့်တော်ဆုံးပေါ့။

Kimono8

Read : စံပယ်ဖူးနှစ်ထပ်လက် ညှပ်နည်း ချုပ်နည်း

သူ့ကိုဘယ်လိုဝတ်နိုင်သလဲဆိုတာ ကိုယ်ရွေးထားတဲ့ Kimono ဒီဇိုင်းပေါ်မူတည်ပြီး ဆုံးဖြတ် ရပါမယ်။ ကိုယ်က Print ခပ်ရှုပ်ရှုပ်လေး၊ ဒါမှမဟုတ် Floral print မျိုးရွေးထားတယ်ဆိုရင် အောက်က tee လေးတွေ၊ ကြိုးတစ်လုံး စတာကို ဗြောင်လေးတွေ ရွေးပါနော်။ အောက်ကလည်း ဂျင်းဘောင်းဘီတို၊ အရှည်ကိုမှ ကိုယ်သဘောကျသလို တွဲဝတ်နိုင်ပါတယ်။

Kimono7

ဖျော်ဖြေပွဲမျိုးကို ဝတ်သွားဖို့ဆိုရင်တော့ Kimono အတို ထက်အရှည်က ပိုမိုက်ပါတယ်။ သူ့ကိုမှ အထဲက band tee လေးတွေနဲ့ ဘောင်းဘီတိုလေးတွေ တွဲဝတ်ပြီး အောက်က boot ဖိနပ်လေးတွေ စီးတာ၊ sandal ဒါမှမဟုတ် ဒူးမရောက်တရောက် Gladiator sandal လေးတွေစီးရင် လည်း မိုက်တာပါပဲ။

Kimono3

Kimono outfit မျိုးနဲ့ဆိုရင် Plus Size မမတွေ ဝတ်ဖို့ လိုက်ဖက်ပါ့မလားလို့ တွေးစရာရှိပါတယ်။ လိုက်ဖက်ပါ တယ်။ သူ့ကိုအထဲကဝတ်မယ့် အကျီကို အပွမရွေးပဲ ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်ပြီး ခါးနေရာ၊ တင်နေရာပေါ်စေမယ့် အကျီနဲ့ဘောင်းဘီ စကတ်စတာတွေကို ရွေးချယ်ဖို့သာ လိုတာပါ။

Kimono2

Kimono outfit တွေနဲ့ ဦးထုပ်လေးတွေ တွဲပြီးဆောင်း တာကလည်း တကယ်အထာကျပါတယ်။ ခရီးသွားမယ့် သူတွေစဉ်းစားသင့်တဲ့ ဖက်ရှင်ထဲ ဒီဖက်ရှင်ပါပါတယ်နော်။ ဦးထုပ်ကို Panama အဝိုင်းကြီးတွေ ရွေးချယ်ရင်တော့ ပိုမိုက်ပါ တယ်။

Kimono1

အားလုံးပဲအထာကျလှပနိုင်ကြပါစေရှင်။

Source: I am Fashion
Myanmar Textile and Garment Directory

Read 1489 times
Rate this item
(0 votes)
Tagged under