What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Retro Style ကို အထာကျအောင် ဝတ်ဆင်နိုင်မယ့် ဖက်ရှင်များ

Retro Styles ဆိုတာ (၁၉၀၀) ပြည့်လွန်နှစ်တွေမှာ ခေတ်စားခဲ့တဲ့ fashion ဖြစ်ပြီး အခုနောက်ပိုင်း အဲ့ဒီအချိန်က fashion တွေကို နှစ်နှစ်ခြိုက်ခြိုက် ပြန်လည် ၀တ်ဆင်လာကြတာကို တွေ့ရပါတယ်။

အဘွားကြီး ပေါက်စလေးလို ပုံစံနဲ့ ချစ်စရာကောင်းတဲ့ အသွင်ဆင်ယင်ထားတာကို Retro လို့ပြောလို့ရမယ်ထင်ပါတယ်။ သေချာတာကတော့ ဒီလိုပုံစံလေးတွေဝတ်ထားတဲ့အခါ ကလက်တက်တက် ပုံစံမျိုးမဟုတ်ဘဲ ဂန္ထ၀င်ဆန်တဲ့ သူလေးဖြစ်နေမယ် ဆိုတာပါ။

အခုခေတ် ပုံစံလေးတွေနဲ့ တွဲစပ်ပြီးဝတ်ပါ

retro skirt
အရင်ခေတ်က အတိုင်းကြိုက်လို့ အဲ့ဒီတုန်းကပုံစံအတိုင်း တိုက်ရိုက်လိုက်ဝတ်ကြသူတွေရှိပေမယ့် အရမ်းကြီးရိုးနေမယ်လို့ထင်ရင်တော့ အခုခေတ် အ၀တ်အစားတွေနဲ့တွဲဝတ်နိုင်ပါတယ်။ အင်္ကျီ၊ ဖိနပ်၊ hair style နဲ့ accessories တွေကို အရင်ကပုံစံတွေ ရွေးထားတယ်ဆို စကတ် (သို့မဟုတ်) ဘောင်းဘီကို အခုခေတ် ပုံစံလေးဝတ်လို့ ရပါတယ်။

vintage skirt

1 min

အပေါ်က မိန်းကလေးဆန်တဲ့ blouse နဲ့ပဲဝတ်ဝတ်၊ shirt နဲ့ပဲဝတ်ဝတ် အရင်ခေတ်က မိန်းကလေး အသွင်က ပျောက်သွားမှာ မဟုတ်ပါဘူး။

vintage dress

dress min


dress တို့ ထုံးစံအတိုင်း သူတစ်ထည်တည်းနဲ့ ခေါင်းစားစရာ ထပ်မလိုတော့အောင် ဖက်ရှင်ကျသွားမှာပါ။ ခါးပတ် ၊accessories တွေနဲ့ တွဲဝတ်မယ်ဆို အရမ်းမိုက်သွားပါပြီ။

vintage pants

pant min


အဲ့ဒီခေတ်က pants ပုံစံတွေ ရှာရခက်တယ် ဆိုပေမယ့် သူနဲ့ ခပ်ဆင်ဆင် flare ဘောင်းဘီတွေကို အရောင်မတောက်တာတွေ ရွေးပြီးဝတ်လို့ ရပါတယ်။ country boot နဲ့သာဆို အဂေါ်ဆုံးပါပဲ။

jewelry

accessory min


accessories ကိုလည်း မေ့ထားလို့ မရတာကြောင့် vintage accessories အတွက် ဘာကို ရွေးရမှန်းမသိရင် အနီးစပ်ဆုံး မေမေ့ကိုသာ မေးလိုက်ပါ။ ဘာလို့ဆို အခုပြောနေတာ သူတို့ခေတ်က ဖက်ရှင်အကြောင်း မဟုတ်လား။ အသုံးများတာကတော့ ကြေးဝါရောင် လက်ဝတ်ရတနာတွေပါတဲ့။

ပျက်စီးနေတာတွေကို မသုံးပါနဲ့

4 min


ဒီလိုပုံစံလေးဝတ်တော့မယ် ဆိုရင် လုံးဝ သတိထားရမှာက အစွန်းအကွက် ဖြစ်နေတာ၊ အပေါက်အပြဲ ဖြစ်နေတာတွေ မ၀တ်ပါနဲ့။ ဆင်ထားတဲ့ အထဲက တစ်ခုခု ချို့ယွင်းနေတာရှိရင် Vintage အထာနဲ့ ဂန္ထ၀င်ဆန်တော့မှာ မဟုတ်ပါဘူးနော်။

 

Source:aunty may

Read 1389 times
Rate this item
(1 Vote)