What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချစ်စရာကောင်းပြီး အဝတ်ဗီရိုထဲမှာ ဆောင်ထားသင့်တဲ့ ဖက်ရှင်များ

အလုပ်သွားရင်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဒီတ်လုပ်ရင်ဖြစ်ဖြစ် သင့်ကို ချစ်စရာကောင်းပြီး သက်တောင့်သက်သာရှိစေမယ့် ဖက်ရှင်တွေကို ဝတ်စားဆင်ယင်ချင်သူတွေအတွက် ဒီတခါမှာတော့ သင့်ကို အမြဲတမ်းချစ်စရာကောင်းနေပြီး သက်တောင့်သက်သာရှိစေမယ့် ဖက်ရှင်တွေကို မျှဝေပေးချင်ပါတယ်။

၁။ Shirt Dress လေးတွေဝတ်မယ်

shirt dress min


ပေါ့ပေါ့ပါးပါးရှိတဲ့ shirt dress လေးတွေက လူကြိုက်လည်းများသလို သင့်ကိုလည်း သက်တောင့်သက်သာဖြစ်စေပါတယ်။ လည်ပင်းသိပ်မကျပ်တဲ့ dress လေးတွေကို ဝတ်ဆင်လိုက်ပါ။

၂။ ကော်လံပါတဲ့ Dress လေးတွေဝတ်မယ်

column dress min


ကော်လံပါတဲ့ Dress လေးတွေကလည်း သင့်ကို အမြင်တမျိုးလေး ဆန်းစေသလို ချစ်စရာလည်းကောင်းစေပါတယ်။

၃။ ပေါ့ပေါ့ပါးပါးရှိတဲ့ Dress

free dress min


အသားပျော့ပျော့နဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ Dress လေးတွေကလည်း သင့်ကို သက်တောင့်သက်သာဖြစ်စေမှာ မလွဲပါပဲ။

ပေါ့ပါးပြီး ချစ်စရာကောင်းစေတဲ့ ဖက်ရှင်တွေ

၎။ ခါးပေါ်စေတဲ့ Dress အင်္ကျီ

bodycon dress min


တခါတလေ သင့်ခါးနဲ့ ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေတဲ့ dress လေးတွေကို ဝတ်ပေးလိုက်ပါ။

၅။ ကြယ်သီးပါတဲ့ Dress လေးတွေ

button dress min


သင့်ကို အမိုက်စားဖြစ်စေသလို ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ ဒီအင်္ကျီက air-con ဖွင့်ထားတဲ့ သင့်ရဲ့ရုံးခန်းနဲ့လည်း အဆင်ပြေမှာပါနော်။

၆။ အရောင်နှစ်မျိုးစပ်ထားတဲ့ Dress လေးတွေ

mix color dress min


အပေါ်အောက် အရောင်မတူတာကို စပ်ထားတဲ့ (သို့) အရောင်၂မျိုးစပ်ထားတဲ့ Dress ဝတ်စုံလေးတွေကို ဝတ်ဆင်ပေးနိုင်ပါတယ်။

၇။ လည်ပင်းအပိတ် Dress အင်္ကျီ

neck close dress min


တခါတလေ သင့်ရဲ့စတိုင်ကို တမျိုးလေးဖြစ်စေပြီး ချစ်စရာကောင်းစေတဲ့ ဒီလိုဖက်ရှင်မျိုးကိုလည်း ရွေးချယ်ဝတ်ဆင်လိုက်ပါ။

 

Source:my style

Read 1064 times
Rate this item
(1 Vote)