What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Jeanအဝတ်အစားတွေကို Ripလုပ်နည်း

Jeanအဝတ်အစားတွေကို Ripလုပ်နည်း Google

ခေတ်ကာလ ဖက်ရှင်ရေစီးကြောင်းတစ်ခု အနေနဲ့ Jean အပြဲ အဝတ်အစားတွေကို ဝတ်ဆင်လာကြပါတယ်။ ၎င်းJeanအပြဲတွေက ရိုးရိုးJeanတွေထက်တောင် ဈေးကြီးနေနိုင်ပါတယ်။

 

အဲ့တာကြောင့် ဝယ်ဖို့ စဉ်းစားရခက်နေတဲ့ သူတွေအတွက် Jeanအဝတ်အစားတွေကို ကိုယ့်ဘာသာ ဘယ်လို Ripလုပ်မလဲဆိုတဲ့ နည်းလမ်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

338_Pann_Ei_Phyu.png

သင်နှင့် သင့်တော်တဲ့ ဂျင်းဘောင်းဘီတစ်စုံကို ရွေးချယ်ပါ။ ဘယ်လိုဂျင်းဘောင်းဘီကိုမဆို ripပြုလုပ်လို့ ရပါတယ်။ အခုမှ စလုပ်မယ့် သူတွေဆိုရင် ဘောင်းဘီအသစ်ကိုရွေးချယ်ခြင်းထက် ဝတ်ပြီးသား သို့မဟုတ် စွန့်ပစ်ထားသော ဂျင်းအဝတ်စတွေနဲ့ စမ်းသပ်ခြင်းက သင့်အတွက် ပိုမိုကောင်းမွန်သောရလဒ်များ ရရှိစေနိုင်ပါတယ်။

 

ဂျင်းကို ဖြဲဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ခဲတံ၊ ကတ်ကြေး၊ ချွန်ထက်ပြီးမာသော အရာတစ်ခု(ဥပမာ- X-acto၊ Knife)၊ ကော်ပတ်စားတဲ့အရာတစ်ခု၊ မာသော ကတ်ထူပြား သို့မဟုတ် သစ်သားပြား စတာတွေလိုအပ်ပါတယ်။

 

ဂျင်းဘောင်းဘီရဲ့ ကြိုက်တဲ့နေရာကို ဖြဲနိုင်သော်လည်း များသောအားဖြင့် ဒူးနေရာနှင့် ပေါင်နေရာ စတဲ့ ၂နေရာက ဖြဲကြတာများပါတယ်။

 

ပထမဦးဆုံးအနေနဲ့ ဂျင်းဘောင်းဘီ ဖြဲမယ့်နေရာအောက်မှာ ကတ်ထူပြား သို့မဟုတ် သစ်သားပြား အရင်ခံပါ။

  2110_Shwe_Hinin_Si.png

ဖြဲမယ့်နေရာကို အမှတ်အသားအရင်လုပ်ပါ ခဲတံ သိုမဟုတ် ဓားနဲ့ ခြစ်ပြီးရင် ကော်ပတ်နဲနဲစားပေးပါ။ ထို့နောက် ကတ်ကြေးနဲ့ ညှပ်ပြီး သင့်စိတ်ကြိုက် ripပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ၎င်းနည်းလမ်းကို အောက်ပါ ဗီဒီယိုမှ လေ့လာနိုင်ပါတယ်။

 

From YouTube

 

Written By Omega

Read 2507 times
Rate this item
(1 Vote)
Tagged under