What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Tassel Earring တွဲလောင်းနားဆွဲလေးများကိုဘယ်လိုဝတ်စုံနဲ့တွဲဖက်ဝတ်ဆင်ကြမလဲ

ပျိုမေတို့အတွက် Accessories နဲ့ဆိုင်တဲ့ တွဲတောင်းတွဲလောင်း နားဆွဲလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

အဲဒါလေးကတော့ လတ်တလောရေပန်းစားနေတဲ့ တွဲလောင်းအဖွာ Tassel Earring လေးတွေကိုဘယ်လိုဝတ်ရမလဲ ဆိုတာပါ။ လတ်တလောမှာ Fashion blogger တွေကြားထဲမှာရောStreetstyleမှာရော ဒီနားကပ်လေးတွေ မြင်တွေ့နေရတဲ့အပြင်နွေရာသီမှာလည်း အဆင်ပြေသင့်တော်တဲ့Accessory တစ်ခုဖြစ်တာကြောင့် Tassel Earring လေးတွေနဲ့ ရှိုးထုတ်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

2

1-Boho Dress တွေနဲ့လိုက်ဖက်ပါတယ်။

Tassel Earring လေးတွေရဲ့ သဘောသဘာဝကိုကအရောင်စုံ၊ အသွေးစုံနဲ့ Bohoဆန်တဲ့ အသွင်ရှိတော့ အလိုက်ဖက်ဆုံးဝတ်စုံကိုရွေးပါဆိုရင် Boho Dress လေးတွေ၊Indie Outfit လေးတွေကို ညွှန်းချင်ပါတယ်။Boho Dress လေးတွေဝတ်ပြီဆိုရင် အရောင်တောက်တောက် ဒါမှမဟုတ် Metal ကွင်းကိုမှ အလှဆင်ထားတဲ့ Tassel Earring လေးတွေ ရွေးဝတ်ပါ။နွေရာသီမှာလည်းအတွဲအစပ်က အဆင်ပြေနိုင်ပြီး Summer Vibe လည်းရစေပါတယ်။

3

2-Teeတွေ၊ Tank Topလေးတွေနဲ့တွဲဖက်ပါ။

ရိုးရိုးရှင်းရှင်းတီရှပ်တွေနဲ့ စွပ်ကျယ်လက်ပြတ်လေးတွေကိုမှ နှစ်သက်တဲ့ သူတွေအတွက်လည်း Tassel Earring လေးတွေကအဆင်ပြေပါတယ်။ တီရှပ်ဗြောင်လေးတွေနဲ့ နားကပ်နဲ့ Opposite Color ဝတ်တာ၊Matchy ဖြစ်တဲ့ နားကပ်လေးနဲ့တွဲတာ၊ အရောင်အနုနဲ့အဖျော့ ကစားတာမျိုးစမ်းလို့ရပါတယ်နော်။

4

3-ဂါဝန်လေးတွေနဲ့ တွဲဖက်ဝတ်ကြည့်ပါ။

ဂါဝန်လေးတွေက ချစ်စရာကောင်းမှုနဲ့အတူ မိန်းမဆန်မှုကိုလည်း ပေးနိုင်ပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ ၀တ်စုံလေးတွေကို Tassel Earrings လေးတွေနဲ့သာ တွဲလိုက်မယ်ဆိုရင် ပြီးပြည့်စုံမှုကို ရစေမှာပါ။ အထူးသဖြင့် လိုင်းစင်းဂါဝန်လေးတွေ၊ အကွက်ဂါဝန်လေးတွေနဲ့ ပွင့်ရိုက်ဂါဝန်လေးတွေနဲ့ပေါ့။ဂါဝန်အတို၊အရှည် ကြိုက်တာ ရွေးချယ်လို့ရတယ်နော်။

5

4-Off-Shoulderလေးတွေ ဝတ်ပါ။

များသောအားဖြင့် Tassel Earring လေးတွေက ရှည်တာများတယ်လေ။ အဲဒီတော့ သင့်ရဲ့ ပခုံးသားလှလှလေးကို Show Offလုပ်ပြီး Earring လေးတွေ ပိုပေါ်လွင်အောင် လုပ်လို့ရပါတယ်။ ဒီအတွက် Off-Shoulder လေးတွေ လိုတာပေါ့။

6

5-အဖြူရောင်ဝတ်စုံလေးတွေနဲ့ တွဲဖက်ကြည့်ပါ။

Earring လေးတွေက ဘယ်လိုအရောင်မျိုးပဲဖြစ်ဖြစ် လိုက်ဖက်ထင်ရှားနေစေမှာက အဖြူရောင်အင်္ကျီလေးတွေပါ။ ပျိုမေတို့အနေနဲ့ အဖြူရောင်ကိုမှ Shirt တွေ၊ Blouse တွေ၊ Dress တွေ ကိုယ်နှစ်သက်တာရွေးဝတ်နိုင်ပါတယ်။ သေချာတာကအဖြူရောင်ဝတ်စုံတွေနဲ့ဆို Tassel လေးတွေက ထင်းရင်းနေမယ်ဆိုတာပါပဲ။

78

6-Suit တွေနဲ့လည်း Matchy ဖြစ်ပါတယ်။

Jumpsuit, Casual Suit, Romper စတာတွေနဲ့လည်း Tassel တွေကလိုက်ဖက်ပါတယ်။ Jumpsuit လေးတွေကို ၀တ်မယ်ဆိုရင် နွေရာသီဆိုတော့ အပွင့်ဆင်လေးတွေ၊ အစင်းလေးတွေ ရွေးလို့ရပြီး သတိထားပေးရမှာက အရောင်ကစားဖို့ရယ်နဲ့ Accessory ပေါ်လွင်အောင် အသားပေးဖို့ရယ်ပါ။

9

 

7-Streetstyleတွေနဲ့တွဲဖက်ပါ။

တစ်ခါတရံမှာကိုယ့်ရဲ့ Street Fashion တွေနဲ့ တွဲဖက်ဖို့လည်းမမေ့ပါနဲ့။

10

 

8-Outfit မရွေးပါဘူး။

Tassel Earring တွေမှာဘယ်လိုဝတ်စုံမျိုးနဲ့မှ လိုက်ဖက်တယ်ဆိုတဲ့ အထွေအထူး တင်းကြပ်တဲ့ စည်းမျဉ်းတွေမရှိပါဘူး။ ဝတ်စုံတိုင်းနဲ့ တွဲလို့ရပါတယ်။

11

9-Red Carpet မှာလည်းတင့်တယ်ပါတယ်။

ပွဲလမ်းသဘင်တွေ၊ Dinner တွေသွားတဲ့အခါ Tassel Earring လေးရှိရုံနဲ့ တန်ဖိုးကြီး Jewelry တွေကိုမ၀တ်ဆင်လို့လဲရပါတယ်။ Too much Accessories ဆိုရင်လည်း ဝတ်လို့မလှတော့လို့ တစ်ခြား Jewelry ဘာမှမဝတ်တော့ဘူးဆိုရင် Tassel Earring လေးတွေ ဝတ်ဆင်သွားလို့ရပါတယ်။

12

 

10-Shirt တွေနဲ့လည်း တွဲဝတ်လို့ရပါတယ်။

Shirt တွေက မိန်းမဆန်မှုနည်းတယ်ဆိုပေမယ့် ဒီလို မိန်းမမဆန်တဲ့ Shirt တွေကို Tassel တွေနဲ့ တွဲမယ်ဆိုရင် အသွင်သစ်တစ်မျိုးဖြစ်သွားစေမှာသေချာပါတယ်။

13

11-Change လုပ်ပေးပါ။

Change လုပ်ပေးပါဆိုတာ ပုံသေတသမတ်တည်းတစ်မျိုးတည်း ဝတ်တာထက်စာရင် အရောင်ဆင်တူ Monochromatic ပုံစံဝတ်တာမျိုး၊ ဝတ်စုံမှာပါတဲ့ အရောင်လေးတွေထဲက တစ်ရောင်ရောင်ကိုနားဆွဲအရောင်ရွေးလိုက်တာမျိုး၊ ကိုယ်ဝတ်တဲ့ဖိနပ်၊ လက်ကိုင်အိတ်စတာတွေနဲ့ အရောင်တူ နားဆွဲဝတ်တာမျိုးလေးတွေ စမ်းကြည့်ပါ။

 

Source:Moda

Read 1218 times
Rate this item
(1 Vote)