What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်ကိုလုပ်ရမယ့် Process များ

အထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်ကိုလုပ်ရမယ့် Process များ google

အထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်ကိုလုပ်ရမယ့် Process လေးတွေပါ။ ကိုယ်က Ready to wear ဖြစ်ဖြစ် ကိုယ်ပိုင် Brand လေးတစ်ခု လုပ်တော့မယ်ဆိုရင် ဒီ Production Process

လေး တွေကိုသိထားသင့်ပါတယ်။

(1) Process ရဲ့အစဦးဆုံးမှာကိုယ်ထုတ်မယ့် ဒီဇိုင်းကိုဦးဆုံးစဉ်းစားပြီး ပုံကြမ်းစဆွဲကြည့်ရမယ်။ ဘယ်လိုဒီဇိုင်းကို ဈေးကွက်ဖြန့်မလဲဆိုတာပေါ့။

(2) ဒီဇိုင်းစဉ်းစားပြီးပြီဆိုတော့ ကိုယ့်ဒီဇိုင်းကို Pattern စဆွဲရမှာပါ။ (ဆိုဒ်ဘယ်နှစ်ဆိုဒ် ဈေးကွက်ဖြန့်မလဲ၊ ကိုယ်ထုတ်မယ့် ဒီဇိုင်းက ဘယ်အသက်အရွယ်တွေကြား အဝယ်များမလဲ ဆိုတာကိုလဲ စဉ်းစားရပါမယ်နော်)

(3) Pattern ဆွဲပြီးပြီဆိုတော့ Sample အနေနဲ့ စထုတ်တဲ့အဆင့်ပါ။ ကိုယ်ထုတ်လိုက်တဲ့ ဒီဇိုင်း cutting ကောင်းမကောင်း နမူနာ စမ်းချုပ်တဲ့သဘောပါပဲ။

(4)Sample အဆင်ပြေပြီဆို Production အဆင့်ကို ရောက်ပါပြီ။

(5) အဲ့ဒီအဆင့်ပြီးတဲ့နောက်မှာ ကိုယ်ထုတ်မယ့်ဒီဇိုင်းရဲ့ (S, M,L) Size ကိုရွေးရမှာပါ။

(6) Marker paper ပေါ်မှာ Pattern Design ကိုလိုက်ဆွဲပါ။

(7) Cutter ပေါ်မှာ ပိတ်ကိုအလွာလိုက်သေချာခင်းပေးထားပါ။ ပိတ်ခင်းတဲ့နေရာမှာလဲ ဂရုစိုက်ဖို့လိုတယ်။ တိုင်ချည်အတိုင်းခင်းရတာလား အစွေသားယူရမှာလား စသည်ဖြင့်ပေါ့။ ပိတ်စက ပြောင်ဆို အဆင်ပြေပေမယ့် အဆင်တွေနဲ့ဆို ချုပ်ပြီးရင်စောက်ထိုးကြီးဖြစ်နေမှာစိုးလို့ပါ။ ပိတ်ခင်းတာမှားသွားရင် အထည်ထောင်သောင်းချီဆုံးရှုံးမှုရှိနိုင်ပါတယ်။

(8) Maker Paper ကိုပိတ်ခင်းပေါ် ထပ်ချပြီး ညှပ်ပါပြီ။

(9) ကိုယ်ထုတ်မယ့် ဒီဇိုင်းကို Size 3 မျိုးနဲ့ Cutting လုပ်ပြီးရင် ချုပ်တဲ့ဆီပို့တဲ့အခါမှာ Size တွေမမှားအောင် Small ဆို small, large ဆို large ညှပ်ထားတဲ့ ပိတ်စတွေကို ကြိုးအရောင်ခွဲပြီး အစည်းလိုက် စည်းပေးဖို့လိုပါတယ်။

(10) ချုပ်တဲ့စီပို့ပြီးတဲ့အခါ Supervisor က ဘယ်သူက လက်တပ်, ဘယ်သူကတော့ ပခုံးတွဲ စသည်ဖြင့် Procedures အတိုင်း သင်ပေးညွန်ကြားပေးပြီး ချုပ်ရပါမယ်။

(11) အားလုံးချုပ်ပြီးသွားရင် QC ကစစ်ဆေးပေးဖို့လိုတယ်။ ချုပ်ထားတာတွေ သူ့ Scale နဲ့သူ ကိုက်ညီရဲ့လားပေါ့။ သေချာကို စစ်ဆေးရမှာပါ။ မကိုက်ညီရင်တော့ Reject လုပ်လိုက်ရမှာပါ။

(12) မီးပူတိုက်ပီးအချောကိုင်တဲ့အဆင့်ကို ရောက်ပါပြီ။

(13) နောက်ဆုံးအနေနဲ့ စစ်ဆေးမှုထပ်လုပ်ပေးရပါမယ်။

(14) အားလုံးပြီးပြီဆိုရင်တော့ ထုတ်ပိုးမှု အဆင့်စပါတော့မယ်။

(15) ပြီးရင်တော့ Door to Door စနစ်နဲ့ ပို့ပေးရုံပါပဲနော်။

Source: New Look

Myanmar Textile and Garment Directory

Read 4776 times
Rate this item
(1 Vote)