What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီကို ရွေးချယ်နိုင်ဖို့ သိထားရမယ့် အချက်များ

လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီကို ရွေးချယ်နိုင်ဖို့ သိထားရမယ့် အချက်များ google

ဒီနေ့မှာတော့ ကိုယ်နဲ့အဆင်ပြေမယ့် ဂျင်းဘောင်းဘီရွေးချယ်ရာမှာ အခြေခံသိထားရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) နောက်အိတ်ကပ်ပါတဲ့ ဘောင်းဘီတွေကို သေချာရွေးပါ။
ကိုယ်က တင်ပါးကြီးတဲ့သူ၊ တင်ပါးကားတဲ့သူဆိုရင် တင်ပါးကို ပိုအသားပေး ထင်ရှားစေမယ့် နောက်အိပ်ကပ်ပါတဲ့ ဂျင်းဘောင်းဘီမျိုးတွေ ရှောင်ဝတ်ပါ။ နောက်တစ်ခု ဘောင်းဘီအိတ်ကပ်မှာ ပန်းထိုးတာတွေ၊ စီးကွင့်နဲ့အလှဆင်ထားတာတွေ ဒါ့အပြင် rivet တွေဘာတွေရိုက်ထားတာမျိုးတွေ ဆို ရှောင်ဝတ်ရပါမယ်။ မဟုတ်ရင် အပေါ် အောက် မမျှပဲ အောက်ပိုင်းပိုကြီးသယောင် ဖြစ်သွားစေလို့ပါ။ ကိုယ့်တင်ပါးကပြားတယ် ဆိုရင် တော့ အပေါ်ကပြောတဲ့ အိပ်ကပ်မှာဒီဇိုင်းထွင်ထားတဲ့ ဘောင်းဘီမျိုးတွေနဲ့ အဆင်ပြေပါတယ်။

Read: ဒီဇိုင်နာ မေမြတ်ဝါဆို ရဲ့ ဖက်ရှင်ဒီဇိုင်း စုစည်းမှုများ

(၂) ဘောင်းဘီနဲ့တွဲဝတ်မယ့် ဖိနပ်ကလည်း အရေးကြီးပါ တယ်။
ကိုယ်က skinny jeans ပဲဝတ်ဝတ်၊ boot-cut jeans ပဲ ရွေးရွေး boyfriend jeans တွေပဲ ဆင်မြန်းဆင်မြန်း အရေးကြီးတာက သူနဲ့တွဲဝတ်မယ့် ဖိနပ်ပါ။ ဒီလိုဘောင်းဘီမျိုးတွေ အတွက် စဉ်းစားနေစရာမလိုပဲ လုံးဝလိုက်ဖက်တာကတော့ heeled bootie လို့ခေါ်တဲ့ ဒေါက်လေးနည်းနည်းပါတဲ့ boot ဖိနပ်တွေနဲ့ pump ဒေါက်မြင့်ဖိနပ်တွေပါပဲ။ ဖိနပ်အမြင့်နဲ့ ဂျင်းတွဲစီးရခြင်းရဲ့ အကျိုးကျေးဇူးကတော့ ပေါင်လုံး၊ တင်ပါး စတာတွေဟာ ကြည့်ရတာပိုအဆင်ပြေပြီး ဟန်ချက်ညီ သလို ဖြစ်စေတာပါပဲ။

(၃) ခန္ဓာကိုယ်အချိုးအစားတော်တော်များများနဲ့ အဆင်ပြေတဲ့ ဂျင်းဘောင်းဘီက Boot-Cut ဂျင်းပါ။
Skinny jeans တွေက လူကြိုက်များပြီး ရွေးချယ်တဲ့အခါ သိပ်ခေါင်းစားစရာ မလိုဘူးလို့ထင်ရပေမယ့် ခန္ဓာကိုယ် အချိုးအစား တော်တော်များများနဲ့ အဆင်ပြေတာက Boot-Cut jeans တွေပါတဲ့။

(၄) အရောင်ပြေးတွေကို သတိထားရွေးချယ်ပါ။
ဂျင်းဘောင်းဘီတော်တော်များများမှာ ကာလာအရင့်ကနေ အနုလေး ဖြစ်သွားတာမျိုး၊ နောက် ဒူးနေရာလောက်မှာ ဖျော့သွားတာမျိုးတွေ ရှိပါတယ်။ အဲ့ဒီလို ဒူးနေရာမှာ ပိုကာလာဖျော့သွားတဲ့ ဂျင်းကိုဝတ်ထားရင် အဲ့ဒီလူက အရပ်ပိုရှည် သယောင်ဖြစ်တတ်ပေမယ့် ကာလာဖျော့တာ၊ ဖြူတာက ဘောင်းဘီရဲ့ တင်ပါးနေရာ ဘာညာမှာဆိုရင်တော့ ကြည့်မကောင်း လှပါဘူး။

(၅) ခါးအလှပေါ်လွင်ဖို့နဲ့ ခေတ်စားလာတဲ့ ဂျင်းတွေ အကြေင်း သိထားဖို့လိုပါတယ်။
Mid-Rise လိုခေါ်တဲ့ ခါးအပေါ်မဆိုသလောက်လေး ရောက်တဲ့ ဂျင်းတွေက ခုနောက်ပိုင်းတော်တော်ခေတ်စား လာပါတယ်။ သူကခါးအလှကို ပေါ်လွင်စေပါတယ်။ နောက် Low-Rise ကလည်း ခါးအောက် ချက်လျှောဘောင်းဘီမို့ ခါူအလှပေါ်စေပေမယ့် သူကတော့ ဗိုက်နည်းနည်းပူတဲ့၊ ဗိုက်မှာအဆီရှိတဲ့ အမျိုးသမီးတွေနဲ့ သိပ်အဆင်မပြေနိုင်ပါ ဘူးနော်။

(၆) Cropped Jeans တွေကလူတိုင်းနဲ့ အဆင်မပြေပါ။
ခြေကျင်းဝတ်အပေါ်နားထိသာ အရှည်ရှိတဲ့ Cropped Jeans တွေက အရပ်ရှည်ပြီးသွယ်တဲ့သူတွေအတွက်သာ အဆင်ပြေတဲ့ ဘောင်းဘီမျိုးပါ။ သူ့ကိုအရပ်ပုတဲ့သူတွေ လုံးဝကို မရွေးသင့်ပါဘူးရှင်။

(၇) ဂျင်းအပြဲတွေရွေးတဲ့အခါ ဒါတွေသိထားပါ။
ကိုယ်က ဂျင်းဆိုရင် Distressed လုပ်ထားတဲ့အပြဲတွေ ဝတ်ရတာ ကြိုက်တယ်ဆိုရင် ဒူးနေရာ၊ ခြေသလုံးဝန်းကျင် နေရာတွေမှာ distressed လုပ်ထားတာလောက်က အဆင်ပြေပါတဲ့အပြင် ဘောင်းဘီတစ်ခုလုံး ဖြဲထားတာမျိုးကတော့ ဝတ်ရတာ သိပ်အဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့် ဖြဲရာ အနည်းဆုံးကိုသာ ရွေးပါ။ တစ်ချိုကဘောင်းဘီတွေက ဝယ်ခါစထက် နောက်ပိုင်းဖြဲထာတတဲ့နေရာက ပိုကျယ်လာပြဲလာ တတ်တာလည်း ရှိတာကြောင့်ပါ။

(၈) ပွင့်ရိုက်ဂျင်းဒီဇိုင်းတွေ သဘောကျတဲ့သူဆိုရင်လည်း ဒါလေးတွေ သိထားပါ။
ကိုယ်က ပိန်ပြီးသေးတဲ့သူဆိုရင် printed jeans တွေထဲ floral printed ကိုမှ သေးတာမှိန်တာ ဒါမှမဟုတ် အလုံးအစက်သေးတာလေးတွေ ရွေးစေချင်ပါတယ်။ မဟုတ်ပဲ ဂျင်းပေါ်က အပွင့်ကြီးကြီးတွေ ဒါမှမဟုတ် printed ဒီဇိုင်းကပြူးပြူးပြဲပြဲဆိုရင် လူကောင်သေးတဲ့အတွက် ဘယ်လိုမှ လိုက်ဖက်မှုမရှိနိုင်တာကြောင့်ပါ။

ကဲ ဒီအချက် (၈) ချက်ကို သိထားမယ်ဆိုရင် ဂျင်းဘောင်းဘီ ဝတ်ဖို့ရွေးချယ်တဲ့အခါ တော်တော်လေး အထောက်အကူ ဖြစ်ပြီပေါ့။

Source: I am Fashion
Myanmar Textile and Garment Directory

Read 6341 times
Rate this item
(1 Vote)