What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘယ်လိုအသုံးဝင်သလဲဆိုတာ သင်သိပြီးပြီလား???

ဘယ်လိုအသုံးဝင်သလဲဆိုတာ သင်သိပြီးပြီလား??? google

        လူတိုင်း နေ့စဉ်တွေ့နေရပေမယ့် ဘယ်လိုအသုံးဝင်သလဲဆိုတာ သင် မသိသေးတဲ့ အရာ ဖြစ်မယ်ထင်တယ်နော်။

ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘာလေးတွေပါလိမ့်။အောက်မှာ ဖော်ပြပေးထားတယ်နော်။

၁။ ရှပ်အင်္ကျီနောက်မှာ ပါတဲ့ကွင်း

        သင် ရှပ်အင်္ကျီနောက်မှာ ပါတဲ့ကွင်းလေးကို မကြာခဏတွေ့ဖူးမှာပါ။ တချို့က ဘာအတွက်လဲဆိုတာကို သိချင်ကြမှာပါ။ တကယ်တော့ ထိုကွင်းလေးတွေမှာ ရည်ရွယ်ချက် ၃ ခုရှိပါတယ်။ ပထမတစ်ခုကတော့ရိုးရှင်းပါတယ်။ သင်အင်္ကျီကို အလွယ်တကူချိတ်ထားနိုင်ဖို့ပါ။ဒီနည်းဟာ ရိုးစင်းပီး သင့်အင်္ကျီကိုလည်း မသပ်မရပ်ဖြစ်စေလို့ အသုံးနည်းပါတယ်။ဒုတိယအချက်ကတော့ သင်နက်ကတိုင်ဝတ်ဆင်ဖို့ပြင်ဆင်ရာမှာ လွယ်ကူစေဖို့ပါ။ နောက်ဆုံးအချက်က တော့ ရိုဆန်ပါတယ်။အရင်တုန်းက အမေရိကန်တက္ကသိုလ်ကျောင်းသားတွေ သူ့ကောင်မလေးတွေနဲ့ပထမဆုံး ချိန်းတွေ့ချိန်မှာ ကောင်မလေးထံမှ အချစ်ကို အပြည့်အဝရရှိတဲ့သင်္ကတအနေနဲ့ ကွင်းလေးကိုဖြတ်လိုက်ကြပါတယ်။

 

1

 

၂။ သင့်အားကစားဖိနပ်က အပေါက်ပို

        သင့်အားကစားဖိနပ်က ပုံမှန်မဟုတ်တဲ့အပေါက်ပိုလေးတွေအကြောင်းပြောရအောင်။ တချို့ကတော့ အလှဆင်မှုလို့ထင်မှာပါ။ အဖြေကမှားပါတယ်။ ဖိနပ်ကြိုးကို ထိုအပေါက်လေးတွေပါအသုံးပြုချည်နှောင်ခြင်းက ဖိနပ်နဲ့ခြေထောက်တသားတည်းဖြစ်သွားစေပီး ပြေးတဲ့အခါပိုအဆင်ပြေစေမှာပါ။ စတင်အသုံးပြုချိန် တမျိုးဖြစ်နေစေပေမဲ့ ခြေအိတ်အတို ဝတ်ဆင်သူတွေအတွက် ပိုပီး သက်တောင့်သင်သာရှိစေမှာပါ။

 

2

 

၃။ ဂျင်းဘောင်းဘီပေါ်က အိတ်ကပ်အသေး

        သင့်ဂျင်းဘောင်းဘီပေါ်က အိတ်ကပ်အသေးလေးကို သင်သထိထားမိမှာအသေအချာပါပဲ။ ဒါကို ၁၈၇၃မှာ Levi’s ဂျင်းတွေမှာ စတင်တပ်ဆင်ခဲ့ပီး အိတ်ဆောင်နာရီတွေအတွက် ဖန်တီးခဲ့တာပါ။

 

3

 

၎။ အဝတ်အစားတွေမှာ ပါလာတတ်တဲ့ ပိတ်စအပို

        သင့်အဝတ်အစားတွေမှာ ပါလာတတ်တဲ့ ပိတ်စအပိုလေးတွေကို တွေ့ဖူးပါသလား။ အများစုက ဒါဟာ အစားထိုးဖို့နဲ့ ကြယ်သီးတွေအတွက်လို့ထင်ကြတာပါ။ဒါပေမဲ့ အဝတ်အထည်ထုတ်သူတွေဟာ သင်ဝယ်ယူတဲ့ အဝတ်အစားအရည်အသွေး လျော်ဖွတ်ခံနိုင်စွမ်းတို့ကို ကြိုတင်သိနိုင်အောင်ပါ။

၅။ ဂျင်းဘောင်းဘီ အိတ်နား တဝိုက်က ဘုလေးတွေ

        သင့်ဂျင်းဘောင်းဘီ အိတ်နား တဝိုက်က ဘုလေးတွေကို သင်ဘယ်လိုထင်ပါသလဲ။ အဲ့ဒီ့ snaps လေးတွေ rivetsရိုက်ထားတယ်လို့ထင်ကြပါတယ်။ တကယ်တော့ အိတ်ကိုမကြာခဏအသုံးပြုရာမှာဖြစ်ပေါ်စေတဲ့ ဂျင်းသားပွန်းခြင်းနဲ့ ပျက်စီးခြင်းကို ကာကွယ်ဖို့ပါ။

 

5

Source:Focus myanmar

Read 1469 times
Rate this item
(0 votes)
Tagged under