What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Zara နဲ့ Mango ယှဉ်လာရင် ဘယ်လိုရွေးချယ်မလဲ?

မိန်းကလေးတွေအတွက် Outfit ၊ Shoe နဲ့ Bag တွေဖြစ်တဲ့ Clothing & Accessories တွေက အရေးပါလွန်းလှပါတယ်။ ကိုယ်ဝတ်ဆင်တဲ့ Outfit တိုင်းက Quality ကောင်းနေမှ ရက်ရက်ရောရောနဲ့ ဝယ်ချင်ကြတယ်။ အဲဒီအတွက် Quality ကောင်းတဲ့ Brand ကိုကြည့်ပြီး ရွေးဝယ်ကြတယ်။

ဒီလို ရွေးဝယ်ကြတဲ့ထဲမှာ မိန်းကလေးတွေ အကြိုက်ဆုံးနဲ့ အများဆုံး ဝယ်ယူဖြစ်တဲ့ Brand နှစ်ခုက Zara နဲ့ Mango ဖြစ်လို့နေပါတယ်။၂၀၁၆ခုနှစ်မှာ ပိုပြီးသိသိသာသာကို မိန်းကလေးတွေရဲ့ အသည်းစွဲဖြစ်လို့လာပါတယ်။ ဒီလို အသည်းစွဲဖြစ်လာရတဲ့အကြောင်းအရင်းတွေက ပေးရတဲ့ ဈေးနှုန်းနဲ့ ပြန်ရတဲ့ အရည်အသွေးက ညီမျှတယ်။ Idea လည်း ဆန်းတဲ့အပြင် နေရာဒေသမရွေးလိုက်ဖက်တဲ့အတွက် ဝတ်ပျော်ပါတယ်။ဒီလိုမျိုး မိန်းကလေးတွေရဲ့ အသည်းကျော်ဖြစ်နေတဲ့ Brand နှစ်ခုယှဉ်လာတဲ့အခါ “ဘယ် Brand ကို အကြိုက်ဆုံးလဲ”၊ “ဘယ် Brand ကို တစ်ကယ်ရွေးချယ်သင့်လဲ” လို့မေးလာနိုင်ပါတယ်။ ဒီအတွက် သူတို့ Brand နှစ်ခုရဲ့ကွာခြားမှုကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

Zara Shirt vs Mango Shirt
Zara Shirt vs Mango Shirt

Zara Shirt Dress vs Mango Shirt Dress
Zara Shirt Dress vs Mango Shirt Dress
တစ်ခါတစ်လေကျရင် Zara နဲ့ Mango ရဲ့ Fashion Idea က တူတယ်လို့ထင်ရပေမယ့် တကယ်တမ်းတော့ မတူလှပါဘူး။ Mango ရဲ့Top ဒီဇိုင်းတွေက Simple ပိုဖြစ်ပြီး Classic Type ကို သွားပါတယ်။ Zara ကတော့ Youth Trend ဘက်ကို ပိုပြီးလိုက်ပါတယ်။ Colorful ပိုဖြစ်တယ်။ Price Point အရလည်း Mango က Zara ထက်အနည်းငယ်ပိုများနေတာကို အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ Mango ကို ဝတ်ဆင်ကြတဲ့လူအများစုက Business Men နဲ့ Business Women တွေ၊ Minimalist တွေပိုပြီးများပါတယ်။ Zara ကို ဝတ်ဆင်ကြတဲ့သူတွေကတော့ Youth တွေ၊ Fashionista တွေပိုပြီးတော့ များပါတယ်။

အဲဒီတော့ ကိုယ်က ပိုပြီး Fashionable ဖြစ်တဲ့ Clothing မျိုးကို ပိုကြိုက်တယ်ဆိုရင်တော့ Zara က ကိုယ့်အတွက် ဖြစ်မှာပါ။ Fashionable ဖြစ်တာမျိုးမကြိုက်ဘူး…Steady & Stable ပုံစံမျိုးကိုသာပိုပြီး နှစ်သက်တယ်ဆိုရင်တာ့ Mango က ကိုယ့်အတွက် ဖြစ်မှာပါ။
source:akhayar lifestyle

Read 1987 times
Rate this item
(1 Vote)