What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နေဗွီပြာအရောင် အင်္ကျီနဲ့ ဘယ်လို ဖိနပ်တွေက လိုက်ဖက်မှုရှိမလဲ??

အကယ်၍ သင်ဟာ ပါတီပွဲ သို့မဟုတ် မင်္ဂလာပွဲသွားဖို့ ဘာဝတ်စုံကို ဝတ်ဆင်ရမလဲလို့ ရှာဖွေနေရင်တော့ နေဗွီပြာအရောင် outfit ကိုသာရွေးချယ်လိုက်ပါ။ နေဗွီပြာအရောင်ဟာ ဆန်းပြားလှပတဲ့အရောင်ဖြစ်တယ်။

ဒီအရောင်ဟာ မိန်းကလေးတွေအတွက် လိုက်ဖက်တဲ့ အရောင်ဆိုလည်းမမှားပါဘူး။ ဒါကြောင့်မို့ နေဗွီပြာအင်္ကျီတွေကို ဘယ်လို ဖိနပ်မျိုးနဲ့ တွဲဖက်ဝတ်ဆင်ရမလဲဆိုတာကို ပြောပြပေးပါမယ်။

1.Black Leather Boot

1
အနက်ရောင်ဟာ သင်တို့ရဲ့ဖိနပ်စင်မှာ အဓိကနေရာ ယူထားပြီး နေ့တိုင်းနီးပါးလောက် ဝတ်ဆင်တဲ့အရောင်ဆိုလည်း မမှားလောက်ပါဘူး။ နေဗွီပြာအရောင် ဝတ်စုံနဲ့လဲလိုက်ဖက်ညီလှပါတယ်။ ပါတီပွဲတွေမှာ ပုံမှန်စီးနေကျဒေါက်မြင့်ဖိနပ်အစား အနက်ရောင် leather ဘွတ်ကို စီးပြီး ဖိနပ်နဲ့လိုက်ဖက်တဲ့ accessories ကို ဝတ်ဆင်လိုက်ပါ။ ဒါဟာ ပုံမှန်ထက်ကွဲထက်ပင်မဲ့ သင့်ကို အမြင်ဆန်းစေမှာပါ။

2.Silver Platform Heel

2
bodycon dress ဟာ အမြဲတမ်းအနက်ရောင် ဖြစ်နေဖို့ မလိုပါဘူး။ နေဗွီပြာအရောင်ဟာ သင့်ကို တမူထူးခြား လှပနေပါလိမ့်မယ်။ ငွေရောင် ဝတ်စုံကို အပြာရောင်heel တွေနဲ့ တွဲဖက်ဝတ်ဆင်တာကို သင်အမြဲတမ်း မြင်တွေ့နေကြဖြစ်တာကြောင့် သူတို့နှစ်ခုကို ဖလှယ်ပြီး ဝတ်ဆင်ကြည့်ပါ။ ဒါဟာပိုကောင်းတဲ့ အရာပါပဲ။

3.Candy Pink Pump

3
ပါတီပွဲ သွားတဲ့အခါ ပန်းးရောင် pump ကို နေဗွီပြာအရောင် ဝတ်စုံနဲ့ တွဲဖက်လိုက်ပါ။ ဆွဲဆောင်မှုရှိစေပြီး သင့်ကို ပိုပြီး မိန်းမဆန်စေတယ်။ မီးရောင်စုံတွေကြားထဲမှာ သင့်အလှကပေါ်လွင်ပြီး လူအများငေးမောကြည့်ရလောက်အောင် ဖြစ်သွားစေမှာပါနော်။

4.Red Gladiator

4
gladiatorဖိနပ်ဟာ စီးရတာသက်တောင့်သက်သာရှိပြီး လုံးဝပြောစရာမလိုလောက်အောင် ဖက်ရှင်ကျစေတယ်။ bodycon dress ကို ပုံမှန်စီးနေကျ ဒေါက်မြင့်ဖိနပ်တွေအစား အနီရောင်၊ ကြက်သွေးရောင် သို့မဟုတ် စပျစ်ရောင်ရှိတဲ့ gladiator ကို ရွေးချယ်လိုက်ပါ။ အမြင်ဆန်းသစ်ပြီး လှပနေမှာပါ။

5.White Pump

5
ဇာအကျီ dress နဲ့ အဖြူရောင်pump ဟာ လူအများအတွက် ပထမဆုံး ရွေးချယ်မှုမဟုတ်ပါဘူး။ သို့သော်လည်း နေဗွီပြာနှင့် အဖြူရောင် pump က သင့်အတွက် ထူးခြားစေမှာပါ။ ပါတီပွဲသွားတဲ့ အခါမှာ ပေါ်လွင်ပြီး စတိုင်ကျစေပါလိမ့်မယ်။

6.Ankle Length Camel Boot

6
နေဗွီပြာ နဲ့ အညိုဖျော့ရောင် ankle boot ဟာ ကိုက်ညီမှုမရှိလှပါဘူး။ ပုံမှန်အားဖြင့် လူအများစုဟာ အနက်ရောင်ကိုပဲ ရွေးချယ်ဝတ်ဆင်လေ့ရှိတယ်။ ဒါပင်မဲ့ ပုံမှန်ဝတ်ဆင်နေတာတွေထက် မတူကွဲပြားတဲ့ အရောင်ကို ရွေးချယ်လိုက်ပါ။ ဒါဟာ ဖက်ရှင်အသစ်သစ်တွေကို ဖန်တီးသလို သင့်အတွက်လည်း ထူးခြားလှပနေမှာပါနော်။

7.Tinted Gold Stilettos

7
ရွှေရောင် သို့မဟုတ် ပြောင်လက်လက် ဘော်ကြယ်ထိုးထားတဲ့ ဒေါက်တွေနဲ့ နေဗွီပြာအရောင်က အလိုက်ဖက်ဆုံးပါပဲ။ သင့်ကို ပေါ်လွင်လှပနေမှာပါ။

 

Author:TDA

Read 4183 times
Rate this item
(2 votes)