What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အားလုံး ငေးနေရမယ့် ကောင်မလေး တစ်ယောက် ဖြစ်ဖို့

အားလုံး ငေးနေရမယ့် ကောင်မလေး တစ်ယောက် ဖြစ်ဖို့ google

အပြင်ထွက်တော့မယ်ဆိုရင် ဘယ်လို အဝတ်အစားက သင်နဲ့ လိုက်ဖက်သလဲ။ ဘယ်လိုဖက်ရှင်တွေကို ရွေးချယ်သင့်သလဲ ဆိုတာ စဉ်းစားရမှာပါ။

ဒီအတွက်ကြောင့် ဘယ်လို အဝတ်အစားတွေက သင့်ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေကို ပေါ်လွင်ထင်ရှားစေသလဲ ဆိုတာ သိထားဖို့ အရေးကြီးပါတယ်၊ ဒါကြောင့်မို့ ဒီနေ့ Textile ကနေ ပျိုမေလေးတို့ သိထားသင့်တဲ့ အဝတ်အစားနဲ့ ပတ်သက်တဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်ရှင်။

 

(1)ဘယ်လိုအင်္ကျီတွေက သင့်ရဲ့ ခန္ဓာကိုယ်ကို ပေါ်လွင်ထင်ရှားစေသလဲ။

ဗီပုံစံအင်္ကျီလည်ပင်းတွေဟာ ရင်သားတွေကို ပိုဆွဲဆောင်မှုရှိစေပြီးတော့ ကိုယ်ကျပ်ဝတ်ရတဲ့အင်္ကျီတွေက တင်နဲ့ခါးအလှကို ပိုပေါ်လွင်စေပါတယ်။

 

(2) ပိန်ပါးတဲ့အမျိုးသမီးတွေက အင်္ကျီခါးအရှည်ကို သတိထားပါ၊

ပိန်ပိန်ပါးပါး အမျိုးသမီးတွေ အပေါ်ဂျက်ကက်ဝယ်တဲ့အခါ ခါးအရှည်ကို သတိထားသင့်ပါတယ်။ အသင့်တော်ဆုံးက တင်ပါးအောက်ထိရှည်တာမျိုးပါ။

Read: ဒီနှစ် နွေရာသီမှာ ဘယ်လို အရောင်တွေ ခေတ်စား လာနိုင်မလဲ?

(3)အားလုံးငေးနေစေမယ့် ဖက်ရှင်

ဒူးခေါင်းအထက်ရောက်ဘွတ်ဖိနပ်တွေကို ဆွဲငင်အားပြင်းမီနီ စကပ်ဒါမှမဟုတ် ဂျင်း အပြတ်လေးတွေနဲ့တွဲဝတ်ကြည့်ပါ။ အားလုံးငေးနေရမှာပါ။

 

(4) လူတစ်ယောက်ရဲ့ Personality ကို ခန့်မှန်းလို့ ရပါတယ်။

ဖက်ရှင်အမြင်ကောင်းတယ်ဆိုတာ ပင်ကို ပါလာတတ်တဲ့ ပါရမီတစ်ခုပါ။ ဒါပေမယ့် ဖက်ရှင်အမြင် ရှိလာဖို့အတွက် လေ့ကျင့်ယူလို့ ရပါတယ်။ ဖက်ရှင်အကြောင်း သိတဲ့ ကိုယ့်သူငယ်ချင်းကို မေးပါ၊ ကိုယ်ရွေးလိုက်တဲ့ ဖက်ရှင်က ကိုယ်ဘယ်လိုလူမျိုးဆိုတာကို ဖော်ပြသင့်တာမို့ နေရာဒေသနဲ့ လိုက်ဖက်တဲ့ ဝတ်စားဆင်ဆင်မှုပုံစံက အရေးကြီးပါတယ်၊

 

Source: Lifestyle Mirror

Myanmar Textile and Garment Directory

Read 1185 times
Rate this item
(0 votes)
Tagged under