နွေရာသီမှာလန်းနိုင်ဖို့ ရှော့ပင်းထွက်တဲ့အခါ ဒီအရောင်လေးတွေသာ ရှာဝယ် လိုက်တော့နော်။ ဖက်ရှင်ရှိုးပွဲတွေမှာ အများဆုံး သုံးလာကြတဲ့ အရောင်တွေကို
ကြည့်ခြင်းအားဖြင့် ဒီနှစ်အတွက် ဘယ်အရောင်တွေက ခေတ်စားလာနိုင်မလဲ ဆိုတာ ခန့်မှန်းလို့ရနေပါပြီနော်။ မနှစ်ကဆိုရင် Mustard Yellow လို့ခေါ်တဲ့ အဝါရောင်က ရေပန်းစားခဲ့သလို ဒီနှစ် နွေရာသီမှာရော ဘာအရောင်တွေက ပျိုမေလေးတို့ အသည်းစွဲ ဖြစ်လာမလဲ ဆိုတာ တူတူ ကြည့်လိုက်ကြရအောင်နော်။
(၁) သန္တာရောင်
လိမ္မော်နဲ့ပန်းရောင်ကြားကအရောင်ဖြစ်တဲ့ သန္တာရောင်က ဒီနှစ်ရဲ့ ရေပန်းစားလာနိုင်ချေ အရှိဆုံး အရောင်တွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ အရမ်းလှတဲ့ သန္တာရောင်က ဖက်ရှင် လောက ထဲက ပျောက်ကွယ် နေတာ တော်တော်တောင် ကြာနေကာမှ ဖြုန်းခနဲဆိုသလို ပြန်ရေပန်းစားလာတာပါ။
၂) နနွင်းရောင်
တိမ်မြုပ်နေတာအတန်ငယ်ကြာပြီဖြစ်တဲ့ နနွင်းရောင်ကတော့ ဒီနှစ်ထဲမှာ ပြန်ခေတ်စားလာဖို့ ရှိနေပါတယ်နော်။ နနွင်းရောင်နဲ့ တွဲဖက်ဝတ်ဆင်ဖို့ အကောင်းဆုံးသောအရောင်တွေကတော့ အစိမ်းရောင်တွေနဲ့ အသားရောင်ရင့်ရင့်တွေဖြစ်ပါတယ်။
Read: စက်ချုပ်ရာမှာ ပိုမို လွယ်ကူစေမယ့် နည်းလမ်းများ(1)
(၃) ပိတောက်ခြောက်ရောင်
အဝါရောင်အုပ်စုထဲက တစ်ရောင်ဖြစ်တဲ့ ပိတောက်ခြောက်ရောင်ကတော့ ယောင်းတို့အသည်းစွဲဖြစ်လာဖို့ လမ်းစရှိနေလေရဲ့။ လူငယ်ဆန်ပြီး တက်ကြွတဲ့အသွင်ဖြစ်စေတဲ့ ပိတောက်ခြောက်ရောင်ကတော့ မရိုးနိုင်သော ရွေးချယ်မှုပါပဲ။
(၄) နီယွန်စိမ်း
အရောင်ဆန်းအနေနဲ့ နီယွန်စိမ်းက ရှေ့ရောက်လာပါပြီ။ ၂၀၁၉ နွေရာသီမှာ နီယွန်ရောင်တွေအများကြီး ထွက်ပေါ်လာတဲ့ထဲကမှ လူစိတ်ဝင်စားမှုအများဆုံးရှိနေတာက နီယွန်အစိမ်းရောင်ပါပဲ။ အပြင်မှာ နီယွန်ရောင်တောက်တောက် ဝတ်ရတာ ကြောင်နေသလိုလိုဖြစ်နိုင်လို့ နည်းနည်းတော့ သတိထားရမယ့် အရောင်ပါ။
(၅) တော်ဖီရောင်
အသားအရောင်တော်တော်များများနဲ့ လိုက်ဖက်တဲ့ တော်ဖီရောင်ကိုလည်း မေ့ချန်ထားခဲ့လို့မရပါဘူး။ ဆောင်းဦးအရောင်ဖြစ်တဲ့ တော်ဖီက နွေရာသီအရောင်စုစည်းမှုထဲကို ရောက်လာတာ နည်းနည်းတော့ ဆန်းသလိုရှိပေမဲ့ Runway က ပုံတွေကြည့်ပြီးနောက်မှာတော့ ဒီအတွေးတွေပေါ်လာတော့မှာ မဟုတ်ပါဘူး။
အခုဆို ပျိုမေလေးတို့လည်း နွေရာသီမှာ ခေတ်စားလာနိုင်တဲ့ ကာလာအနေအထားတွေကို သိသွားလောက်ပြီထင်ပါတယ်နော်။ ခေတ်စားနေတဲ့အရောင်လေးတွေရွေးဝတ်ရင်း ပျိုမေလေးတို့ ဒီထက်ပိုပြီး ယုံကြည်မှုရှိရှိ လှနိုင်ကြပါစေ။
Source: For Her Myanmar
Myanmar Textile and Garment Directory