What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Dart ဒေါက်

အ၀တ်အစားမှာ ပုံဖော်ဖို့အတွက် ပိုနေတဲ့အသားကို ဒေါက် dart အဖြစ် ယူသုံးကြတယ်။ တစ်နေရာကနေ နောက်တစ်နေရာအထိ တွဲချုပ်ပေးပြီး ဒေါက်ကို ထည့်ပေးတယ်။

ပက်တန်မှာ ဖြတ်တောက် တွဲချုပ်တာတွေကို စိတ်ကြိုက် ကစားဖို့ ဒေါက်ကို သုံးကြတယ်။ ဘယ်လို လုပ်ရင် ရမလဲဆိုတာ အမျိုးမျိုး အဖုံဖုံ ရှိနေတယ်။ ဒီဇိုင်နာရဲ့ စိတ်ကူး ဉာဏ်ကွန့်မြူးနိုင်သရွေ့ ဒေါက်ကို ကစားကြတယ်။ ဒေါက်ကနေ ထပ်တွန့် ဖြစ်သွားတာလည်း ရှိမယ်။ အတွန့်ထည့်တာလည်း ဖြစ်ချင် ဖြစ်သွားတယ်။ စတိုင်လ်ကျကျ လိုင်းဖော်တာမျိုးလည်း ဖြစ်သွားနိုင်တယ်။

ဘောင်းဘီမှာ တင်ပါး အမို့အမောက်ကြောင့် တင်ပါး အောက်ဘက်မှာ ပုံမကျပန်းမကျ ဖြစ်နေတာမျိုးကို ငါးမျက်လုံး fisheye ဒေါက်ထည့်ပြီး ဖျောက်ပေးတာမျိုးလည်း သုံးကြတယ်။

fiah eye dart

fush eye darts

ဒေါက်ကြောင့် ပုံကျတဲ့ အ၀တ်အစား ဖြစ်သွားနိုင်သလို ကြည့်ရတာ အဆင်မပြေတဲ့ အ၀တ်အစားလည်း ဖြစ်သွားနိုင်တယ်။ ကိုယ်ခန္ဓာရဲ့ အမို့အမောက် အကောက်အကွေးတွေနဲ့အညီ ဒေါက်တွေ နေရာတကျ ဖြစ်နေဖို့ လိုတယ်။ ဒေါက်က စတိုင်လ်ဖမ်းပေးတယ်။ ဒီဇိုင်းကိုလည်း ဖော်ပေးတယ်။

ဆက်ပြောရရင် ဒေါက်က ပြားချပ်ချပ် ဖြစ်နေမယ့် အ၀တ်အစားကို ခုံးထပြီး ရုပ်လုံးကြွအောင် လုပ်ပေးတယ်။ ကိုယ်ခန္ဓာနဲ့အညီဖြစ်သွားအောင် အ၀တ်အစားကို ပုံဖော်ပေးလိုက်တယ်။ fit အံကိုက် ကွက်တိဖြစ်အောင် လုပ်ပေးတယ်။

dart1

အမို့အမောက်ရဲ့ ထိပ်ဖျားဆီကို ဒေါက် တက်သွားတဲ့အခါ အဖျားအထိ မရောက်စေရဘူး။ အနည်းဆုံး လက်မ၀က်လောက် ချန်ထားမှ ဟန်ကျတယ်။

ဘယ်လိုပဲ ကစားသည်ဖြစ်စေ ကိုယ်ခန္ဓာပေါ်မှာ ဒေါက်ရဲ့ တည်နေရာက အလွန်အရေးကြီးတယ်။ ပြီးတော့ အထည်သားမှာ ပန်းရိုက်ထားတာ၊ အကွက်ဖော်ထားတာ စတဲ့ အလှအပဒီဇိုင်းတွေ ဒေါက်ကြောင့် အမြင်မလှ ဖြစ်သွားမလားဆိုတာကိုလည်း ထည့်စဉ်းစားဖို့ လိုမယ်။

အခြေခံအဖြစ် သိထားသင့်တဲ့ dart တချို့ကို ပြောပြချင်ပါတယ်။

 

single pinted dart

PLAIN DARTS ဒေါက် ရိုးရိုးလေး

ဒါမျိုးက သုံးနေကျပါ။ ရင်သား၊ ခါးနဲ့ တင်ပါး နေရာတွေမှာ အသုံးများကြတယ်။ ပခုံးနဲပ လည်ပင်းပေါက်တို့မှာလည်း သုံးကြတယ်။

bust dart

BUST DARTS ရင်သားဒေါက်များ
ရင်သားနှစ်ဖက် အမို့အမောက်ကို အဆင်ပြေအောင် ထည့်ပေးတဲ့ ဒေါက်ပါ။ ဘေးဘက် ချုပ်သားနေရာမှ တစ်စောင်း ထောင်တက်လာပြီး ရင်သားအမို့အမောက်ထိပ် ရောက်ဖို့ လက်မ၀က်လောက် အလိုအထိ ချုပ်ပေးထားကြပါတယ်။

 

darttucks

DART TUCKS အခေါက်ဒေါက်
သာမန် ချုပ်ရိုးချုပ်စဉ် ဒေါက်အတိုင်း အတူတူပါပဲ။ အဆုံးအထိ မချုပ်တော့ဘဲ ခေါက်ရိုးရာပေးပြီး ချန်ထားလိုက်တာ ဖြစ်ပါတယ်။

 

elbowdart

ELBOW DARTS တံတောင်ကွေးဒေါက်
လူရဲ့ လက်နှစ်ဖက်က တန်းလန်းချထားရင် တစ်ဖြောင့် ဖြစ်မနေဘူး။ တံတောင်ဆစ်မှာ နည်းနည်းကွေးတယ်။ အဲဒါအတွက် အဆင်ပြေအောင် ဒေါက်ထည့်ပေးကြတယ်။

pinning double pointed darts 1

DOUBLE POINTED DART နှစ်ထပ်ကွမ်းဒေါက်
ဒေါက်နှစ်မြောင်း နှစ်ဖက်ချွန်ကို ပူးပေးလိုက်တာမို့ double pointed dart လို့လည်း ခေါ်ကြတယ်။

curveddarts

CURVED DART ဒေါက်အကွေး
ဒေါက်ကို ပုံမှန်အားဖြင့် မျဉ်းဖြောင့်တွေနဲ့ တည်ဆောက်တယ်။ တစ်ဖက်ကျယ်ပြီး ကျန်တဲ့တစ်ဖက်စွန်းမှာ သွားစုလို့ တြိဂံပုံ ဖြစ်နေတယ်။ အခြေအနေအရ ပုံဖော်ပေးရမယ့်ဟာက အဖြောင့်နဲ့ အဆင်မပြေရင် အကွေးဒေါက်တွေ ထည့်ပေးတာမျိုးလည်း ရှိပါတယ်။

ဒေါက်တွေ အမျိုးမျိုးအဖုံဖုံ ရှိနေတယ်။ တပ်ဆင်တဲ့နေရာအရ ခေါ်ဝေါ်တာလည်း ရှိတယ်။ လုပ်ကိုင်ပုံအရ ခေါ်ဝေါ်တာလည်း ရှိတယ်။ ဒေါက်ချုပ်ရိုးရာတွေနဲ့ ဒီဇိုင်းကွက် ဖော်သွားတာမျိုးလည်း ရှိပါတယ်။

dart

ဒေါ်အေးသီ

 

Read 1409 times
Rate this item
(0 votes)