What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒေါက်ဖိနပ်ကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်းတစ်ချို့

ဒေါက်မြင့်ဖိနပ်တွေဟာ မိန်းကလေးတွေရဲ့ဖိနပ်ဗီရိုထဲမှာ ဖက်ရှင်တစ်ခုအဖြစ် အဓိကနေရာယူထားလျက်ရှိတယ်။ ဒါပေမဲ့ မကြာခဏ ဝတ်ထားခြင်းဟာ နာကျင်စေရုံသက်သက်သာမဟုတ်ဘဲ အန္တရယ်လည်းရှိနိုင်ပါတယ်။

ကိုယ်နေဟန်ထားပြဿနာတွေနှင့်သင့်ရဲ့ခြေထောက် ပုံပျက်သွားနိုင်လောက်အောင် ဖြစ်စေပါတယ်။ ဒါကြောင့်မို့ သင်ကြိုက်နှစ်သက်တဲ့ ဖိနပ်တွေကို နာကျင်မှုမရှိအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

ဒေါက်ဖိနပ်စီးလိုက်တဲ့အခါမှာ ဘယ်အရာတွေက သင့်ခန္ဓာကိုယ်ကို ထိခိုက်နိုင်စေလဲ
ဒေါက်မြင့်ဖိနပ်တွေဟာ 26ရာခိုင်နှုန်းအရ သင့်ရဲ့ဒူးခေါင်းပေါ်ကို ဖိအား တိုးစေပါတယ်။ ဒါဟာ အရိုးအဆစ်တွေ ရောင်ရမ်းစေနိုင်မယ့် လမ်းစဖြစ်တယ်။
ဒေါက်မြင့်ဖိနပ်တွေစီးတဲ့အခါ ပုံမှန်အားဖြင့် ကြွက်သားတွေဟာ တင်းကျပ်ပြီး တိုလာစေနိုင်ပါတယ်။ ခြေကျင်းဝတ်မှာလည်း ဒဏ်ရာတွေဖြစ်စေနိုင်တယ်။
တင်းကြပ်နေတဲ့ ဖိနပ်တွေကိုစီးခြင်းဟာ အာရုံကြောတစ်ရှုးတွေကို ထုံစေပြီး နာကျင်မှုဒဏ်တွေကို ပေးစေနိုင်တယ်။ ခြေချောင်းတွေဟာ ပုံစံမကျ ယုံ့ရွဲ့လာမယ်။ မှားယွင်းတဲ့ အလေးချိန်တွေကိုလည်း ပေးနိုင်ပါတယ်။

ဒေါက်ဖြင့်ဖိနပ်ဝတ်ဆင်ထားတဲ့ ဆိုးကျိုးတွေကနေ အနည်းငယ် သက်သာစေမယ့်နည်းလမ်းများ

1. ဒေါက်ချွန်ဖိနပ်တွေကို တစ်ပတ်မှာ ၂ကြိမ် ၃ကြိမ်လောက်သာစီးပြီး ဖိနပ်အပါးများနှင့်အတူ တစ်လှည့်စီ စီးပေးပါ။

1


2.၂နာရီတစ်ခါခြား ဖိနပ်ကိုချွတ်ပြီး သင့်ရဲ့ခြေထောက်တွေကို နှိပ်ပေးပါ။

2


3. တကယ်လို့ သင်ဟာ ဒေါက်မြင့်ဖိနပ်တွေကို နေ့တိုင်းစီးနေရမယ်ဆိုလျှင် ၂လက်မထက်မမြင့်တဲ့ ဒေါက်ဖိနပ်ကိုသာရွေးချယ်ပါ။

3


4.အိပ်ရာမဝင်ခင် ရေနွေးဇလုံထဲမှာ သင့်ခြေထောက်ကို ၁၅မိနစ်လောက် စိမ်ထားပေးပါ။

4


5.ပင်လယ်ဆားတွေက ခြေထောက်မှာရှိတဲ့ ကြွက်သားတွေကို သက်သာစေဖို့ အထောက်အကူ ပေးတယ်။

5


6. ထုံးဟာ သွေးလည်ပတ်မှုကောင်းစေပါတယ်။

10


7.ပရုတ်အေးအဆီဟာ ရောင်ရမ်းတာတွေကို လျော့စေနိုင်တယ်။

7


8. နွားနို့က အသားအရေကို နူးညံ့ပျော့ပျောင်းစေတယ်။

8


9. ဝက်သစ်ချသီးဟာ ခြေထောက်ကချွေးတွေကို စုပ်ယူပေးပါတယ်။

9
ဒီလိုကုထုံးတွေလုပ်ပြီးသွားရင်တော့ သင့်ရဲ့ခြေထောက်တွေကို အနွေးဓာတ်ပေးဖို့ ခြေအိတ်စွတ်ထားပါ။
အခုပြောပြပေးလိုက်တဲ့ နည်းလမ်းတွေက သင့်အတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။

 

Author:TDA

Read 1226 times
Rate this item
(0 votes)