What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"အဝတ်အစားတွေ လျှော်ပြီး ကျုံ့သွားတဲ့အခါမှာ ဘယ်လို ပြန်လျှော်မလဲ"

ကိုယ်အရမ်းကြိုက်တဲ့ အဝတ်အစားတွေ လျှော်စက်ထဲက ပြန်ထွက်လာတဲ့အခါ မူလဆိုဒ်ထက် ပိုသေးသွားတာမျိုး ကြုံဖူးမှာပေါ့။ အင်္ကျီတွေကျုံ့သွားတဲ့အခါ သိပ်ပြဿနာမရှိတတ်ပေမယ့် ဘောင်းဘီတွေ ကျုံ့သွားရင်တော့ ဝတ်လို့ မတော်တော့တာတွေ ဖြစ်တတ်ပါတယ်။

ဒီလို ဖြစ်သွားလို့ အဝတ်အစားတွေ သူများပေးပစ်ဖို့ ဒါမှမဟုတ် လွှင့်ပစ်ဖို့ စဉ်းစားနေရင် ရပ်လိုက်ပါ။

 

ကျယ်နေတာကနေ ကျုံ့သွားနိုင်ရင် ကျုံ့နေတာကနေလည်း ပြန်ကျယ်လာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ အခုနောက်ပိုင်းမှာ အဝတ် အခြောက်ခံစက်တွေ ပေါ်လာပြီဖြစ်လို့ အလွယ်တကူ အခြောက်ခံလို့ ရနေပေမယ့် ဆိုးကျိုးကတော့ အဝတ်တွေ ကျုံ့သွားတတ်တာပါ။ လျှော်ပြီး ဝတ်ကြည့်တော့မှ အဝတ်တွေက ကျပ်နေပြီဆိုရင် သင် ဝလာလို့တော့ မဟုတ်ပါဘူး။ ရက်ပိုင်းအတွင်း ရုတ်တရက်ကြီး ဝိတ်တက်မလာနိုင်ပါဘူး။အဖြေကတော့ ကျုံ့သွားတာပါ။ ဒီနည်းလမ်းတွေ သုံးပြီးဖြေရှင်းကြည့်လို့ရပါတယ်နော်..။

 

ပထမအဆင့် - ဆပ်ပြာစိမ်ပါ

လိုအပ်တာကတော့ ဇလုံတစ်လုံးရယ် ရေနွေးနွေးလေးရယ်နဲ့ baby shampoo တစ်ဘူးရယ်ပါ။ ရေနွေးကို ဇလုံထဲ ထည့်ပြီး baby shampoo ကိုဘူးအဖုံးတစ်ဖုံးစာထည့်ပါ။ သေချာမွှေပြီးတဲ့အခါမှာ ကျုံ့သွားတဲ့ အထည် ကိုထည့်ပြီး ဖြေးဖြေးချင်း နယ်ပါ။ ပြီးသွားတဲ့အခါ ညင်သာစွာ ညှစ်ပါ။ ရေမဆေးပစ်ပါနဲ့။

 

ဒုတိယအဆင့် - ရေစုပ်ပါ

ပဝါကြီးကြီးတစ်ထည်ကို ခင်းပြီး ခုနက စိမ်ထားတဲ့အဝတ်ကို တင်ပါ။ ပြီးရင်အဝတ်ကို အထဲမှာ ထားပြီး ပဝါကိုလိပ်ပါ။ ရည်ရွယ်ချက်ကတော့ အစိုဓါတ်တွေကို စုပ်ယူဖို့ပါ။ အရမ်းကြီးခြောက်သွားစရာ မလိုပါဘူး။ စိုထိုင်းထိုင်း အနေအထားလောက် ဆိုရင် ရပါပြီ။

 

တတိယအဆင့် - ပုံပြန်သွင်းပါ

နောက်ထပ်ပဝါတစ်ထည်ကို ထပ်ယူပြီး အဝတ်ကိုဖြန့်ခင်းပါ။ဖြေးဖြေးချင်းဆီအဝတ်ကို ဆွဲဆန့်ပေးပါ။ အဝတ်ရဲ့ထောင့်တွေကနေပြီး တဖြည်းဖြည်းချင်း ဆွဲဆန့်ပေးရင်း လေနဲ့ အခြောက်ခံပါ။ မြန်မြန်ပြီးချင်ရင်တော့ ဆွဲဆန့်နေတဲ့အချိန်မှာ ပန်ကာဖွင့်ထားပေးပါ။

 

နောက်တစ်နည်း ထပ်ရှိပါသေးတယ်....

ဒီနည်းကလည်းအပေါ်ကနည်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ရေခပ်နွေးနွေးလေးကို ဇလုံထဲမှာ ထည့်ပြီး ဆံပင်ပျော့ဆေး conditioner ကို ၃ဇွန်းလောက် ထည့်မွှေပြီး အပေါ်က နည်းအတိုင်း လုပ်ပေးရင် အသစ်အတိုင်း ကောင်းမွန်တဲ့အထည်တွေကို ပြန်ရမှာ ဖြစ်လို့ ကျုံ့သွားတဲ့ အဝတ်တွေကို မလွှင့်ပစ်ပဲ ဒီနည်းတွေသုံးပြီး ပြန်ပြင်ကြည့် လိုက်ပါ။

 

By Myanmar Textile & Garment Guide

Read 1201 times
Rate this item
(0 votes)