What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင် အဝတ်များတဲ့ အဝတ်အစားအရောင်က ပြောပြပေးမယ့် သင့်ရဲ့အကြောင်း

လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေကို သူ့ရဲ့အကြိုက် ၊ရွေးချယ်မှုတွေက တဆင့် သိနိုင်ပါတယ် ။ အထူးသဖြင့် သူ နေ့စဉ် ဝတ်နေကျအဝတ်အစားတွေကို ကြည့်ရုံနဲ့ သူ့ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်ပါတယ်။

 

သင်ရော အဝတ်အစား ဝတ်တဲ့အခါ ဘယ်အရောင်တွေ အဝတ်များသလဲ ဆိုတာ ပြန်စဉ်းစားကြည့်ပြီး သင့်ရဲ့စိတ်နေစိတ်ထားဘယ်လိုရှိလဲဆိုတာ ဖတ်ကြည့်လိုက်ဦးနော်..။

 

(၁) အပြာရောင်

Women Dress Blue Dress Circle Dress Knee Length Dress | Etsy | Womens  dresses, Circle dress, Knee length dress


အပြာရောင်ကို အဝတ်များတဲ့သူတွေက စိတ်ငြိမ်းချမ်းတဲ့သူ၊ လွယ်လွယ်နဲ့ဒေါသမထွက်တတ်သူ၊ အေးအေးဆေးဆေးနေရတာ ကြိုက်တဲ့သူဖြစ်ပါတယ်။

 

(၂) အဝါရောင်

Beautiful woman wearing yellow dress. by BONNINSTUDIO - Dress, Spring -  Stocksy United


အဝါရောင် အဝတ်များတဲ့သူက ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်သူ၊ ဖန်တီးနိုင်စွမ်းရှိသူ၊ စိတ်ခံစားမှုအားကောင်းသူ၊ အကောင်းမြင်စိတ်များသူဖြစ်ပါတယ်။

 

(၃) ပန်းရောင်

Smiling beautiful young woman in pink mi... | Free Photo #Freepik #freephoto #girl #hair #elegant #person


ပန်းရောင်အဝတ်များသူကတော့ စိတ်ရှင်းတဲ့သူ၊ သဘောထားကြီးသူ၊ တစ်ဖက်သားအပေါ် ရိုးသားသူ၊ သိမ်မွေ့နူးညံ့သူဖြစ်ပါတယ်။

 

(၄) အဖြူရောင်

Portrait of a girl wearing sunglasses | Premium Photo #Freepik #photo #people #woman #fashion #girl


အဖြူရောင်အဝတ်များသူတွေက လန်းဆန်းတက်ကြွသူ၊ အမြင်ရှင်းတဲ့သူ၊ လျှို့ဝှက်ချက်တွေ မထားတတ်သူ၊ ပေါ့ပေါ့ပါးပါး နေတတ်သူတွေ ဖြစ်ပါတယ် ။

 

(၅) အစိမ်းရောင်

Ellen Karis spoke to successful businesswoman, philanthropist, Chair of the Manhattan Republican Party and Vice Chair of the NYS Republican Party for NYC, Andrea Catsimatidis. A dynamic young woman who was destined to work in the family business, which includes Gristedes and Red Apple Supermarkets, Real Estate, Aviation, Refineries and more. During this trying time, we got to hear Andrea's perspective of how she feels about the state of our beloved NYC during this Covid and tense time.


အစိမ်းရောင်အဝတ်များတဲ့သူတွေက တစ်ဖက်သားနဲ့လိုက်လျောညီထွေဖြစ်အောင်နေတတ်သူ၊ သဘောထားပျော့ပြောင်းသူ၊ လူတစ်ဖက်သားကိုအပြစ်မမြင်တတ်သူ၊ သိမ်မွေ့တဲ့နှလုံးသား ရှိသူတွေ ဖြစ်ပါတယ်။

 

(၆) အနီရောင်

Red is a color of power, of strong will and determination. The combination of the straight cut pants and the elegant blazer embodies firmness and boldness; details such as the big detachable ribbons in the lapel or the small butterflies embroidered on the pockets keep the design feminine and chic. #blazers #outfit #fashion #woman #blazeroutfit Red Womens Blazer, Women Blazer Jacket, Suit Jacket, Blazer Outfit, Guest wedding dress · Analogias


အနီရောင်ကို အဝတ်များသူတွေကတော့ စိတ်စွမ်းအားကောင်းသူ ၊ ရည်မှန်းချက်ကြီးသူ၊ အချစ်ကြီးသလောက်၊ အမုန်းကြီးတတ်တဲ့သူတွေဖြစ်ပါ တယ်။

 

(၇) ခရမ်းရောင်

StyleonmeJP_スタイルオンミ


ခရမ်းရောင်အဝတ်များသူတွေကတော့ အမြင့်ကိုမှန်းတတ်သူ၊ ဘဝကိုပေါ့ပျက်ပျက်မဖြတ်သန်းတတ်သူ၊ ကိုယ်ဖြစ်ချင်တာကို တိတိကျကျသိတဲ့သူတွေဖြစ်ပါတယ်။

 

(၈) လိမ္မော်ရောင်


လိမ္မော်ရောင်အဝတ်များသူတွေက အမှီအခို ကင်းတဲ့သူ၊ အလုပ်လုပ်ရာမှာစည်းစနစ်ကျသူ၊ လွယ်လွယ်နဲ့စိတ်ဓာတ်မကျတတ်သူတွေ ဖြစ်ပါတယ်။

 

(၉) အညိုရောင်

Ladies Dress Pant Suits Women Sleeve Formal New Business Attire New Outfits Sets #dress #clothes #moda #fashion #suit


အညိုရောင်အဝတ်များသူတွေက တည်ငြိမ်တဲ့စိတ်နေစိတ်ထားရှိသူ၊ ငြင်းခုန်ရန်ဖြစ်တာတွေမလုပ်လိုသူ၊ မျှတတဲ့အမြင်ရှိသူတွေ ဖြစ်ပါတယ်။

 

(၁၀) မီးခိုးရောင်

StyleOnme_Collarless Belted Peplum Wool Blend Jacket #grey #jacket #koreanfashion #kstyle #kfashion #elegant #wintertrend


မီးခိုးရောင်အဝတ်များသူတွေက အစွန်းမရောက်တတ်သူ၊ ဘာပဲလုပ်လုပ် စဉ်းစားမျှော်မြင်ကြီးစွာလုပ်တတ်သူ၊ လူအများနဲ့လိုက်လျောညီထွေဖြစ်အောင်တွေးခေါ်တတ်သူတွေဖြစ်ပါတယ်။

 

(၁၂) အနက်ရောင်

Chiffon V-Back Belted Dress


အနက်ရောင်က မကောင်းတဲ့စွမ်းအားတွေ လွှမ်းမိုးနေတယ်လို့ ယူဆကြပေမယ့် အနက်ရောင်က အေးချမ်းခြင်းကို ဆောင်ပါတယ်။ အနက်ရောင်အဝတ်များတဲ့သူတွေက အေးအေးဆေးဆေးနေတတ်သူ၊ လူတစ်ဖက်သားကိုလွှမ်းမိုးနိုင်စွမ်းရှိသူ၊ ဆုံးဖြတ်ချက်ပြတ်သားသူတွေဖြစ်ပါတယ်။

 

By Myanmar Textile & Garment Guide

Read 1091 times
Rate this item
(0 votes)